၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်ကျင်းပမည်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၄


မြန်မာနေရှင်နယ်လိဂ်သည်   ၂၀၂၃   ရာသီ   MNL  အမှတ်ပေးပြိုင်ပွဲကို  အသင်း အရေအတွက်  ၁၂  သင်း   ပြန်လည်တိုးမြှင့်ကျင်းပရန်  စီစဉ်ထားကြောင်း  တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

 


၂၀၂၃ ရာသီ MNL ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်မှ စက်တင်ဘာလ အထိ   ကျင်းပမည်ဖြစ်ပြီး    မြန်မာနေရှင်နယ်လိဂ်၏    သတင်းထုတ်ပြန်မှုအရ၊ လိဂ်ကော်မတီအစည်းအဝေး (၃/၂၀၂၂) ဆုံးဖြတ်ချက်အရ MNL အမှတ်ပေးပြိုင်ပွဲကို အသင်းအရေအတွက် ၁၂ သင်း ပြန်လည်တိုးမြှင့်ကျင်းပသွားမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၂ ရာသီ MNL ပြိုင်ပွဲတွင်               
အောက်ဆုံးရပ်တည်မှုရခဲ့သည့် နှစ်သင်းဖြစ်သော GFA အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ  တန်းဆင်းစရာမလိုတော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် တက္ကသိုလ်အသင်း၊ ဒုတိယရခဲ့ သည့် Junior Lions (ခ) မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းတို့မှာ တန်းမတက်သဖြင့်    တတိယရသည့်    ဒဂုံစတားယူနိုက်တက်နှင့် အဆင့် ၄ ရသည့် ကချင်ယူနိုက်တက်အသင်းတို့က အစားထိုးတန်း တက်ခွင့်ရမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်၏  သတင်းထုတ်ပြန်မှုအရ လာမည့် MNL ပြိုင်ပွဲတွင် ၂၀၂၂ ရာသီ MNL ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရန်ကုန်၊ ဟံသာဝတီ၊ မြဝတီ၊ ဧရာ ဝတီ၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ GFA၊ ရခိုင်ယူနိုက် တက်အသင်း၊ တန်းတက်ခွင့်ရထားသည့် ဒဂုံစတားယူနိုက်တက်၊ ကချင် ယူနိုက်တက် စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

 


MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှစတင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်မှလွဲ၍ ကျန်နှစ်များတွင် ပုံမှန်အတိုင်းကျင်းပနိုင်ခဲ့သည်။ ကျင်းပ ပြီးစီးခဲ့သည့် ၁၃ ကြိမ်တွင် ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းက လေးကြိမ်စီ ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက် တက်အသင်းသည် နောက်ဆုံး သုံးရာသီဆက်တိုက် ဗိုလ်စွဲထားပြီး ၂၀၁၉ နှင့် ၂၀၂၂ ရာသီတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်း ဖြစ်သည်။                               
               

ရဲရင့်လွင်