၂၀၂၃ ရာသီအတွက် ပထမဆုံးခေါ်ယူမှုအဖြစ် တိုက်စစ်မှူး ကျော်ကိုကိုအား ရှမ်းယူနိုက်တက်အသင်းစာချုပ်

 

ရန်ကုန်   ဇန်နဝါရီ   ၇
မြန်မာနေရှင်နယ်လိဂ်   ကလပ် ရှမ်းယူနိုက်တက်     အသင်းသည် လာမည့်     ရာသီသစ်အတွက် ပထမဆုံး  ကစားသမားခေါ်ယူမှု အဖြစ် တိုက်စစ်မှူး ကျော်ကိုကို ကို ခေါ်ယူလိုက်ပြီဖြစ်သည်။
ကျော်ကိုကိုသည်      မြန်မာ ထိပ်တန်း တိုက်စစ်မှူးများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး   ထိုင်း ကလပ်များတွင်   ကာလအတန် ကြာ   ကစားပြီးနောက်   မြန်မာ ကလပ်သို့    ပြန်လည်ရောက်ရှိ လာခြင်းဖြစ်သည်။ ကျော်ကိုကို သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ မြန်မာကလပ်များဖြစ်သည့် ဇေယျာရွှေမြေနှင့် ရန်ကုန်ယူနိုက် တက်အသင်းတွင်   ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထိုင်းကလပ်များ သို့   ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ကျော်ကိုကိုသည်  ထိုင်းကလပ် များဖြစ်သည့်   ချင်းရိုင်ယူနိုက် တက်၊ ဆာမတ်ပရာကန်၊ ဆူခို ထိုင်း၊      ချင်းမိုင်ယူနိုက်တက်၊ ဖာရေးယူနိုက်တက်နှင့် Rayong အသင်းတို့တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂   ခုနှစ်အထိ  ပါဝင်ကစား ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း သည်        လာမည့်ရာသီတွင် လေးရာသီဆက်    MNL  အမှတ် ပေးချန်ပီယံဆု   ဆွတ်ခူးနိုင်ရေး မျှော်လင့်ချက်အပြင် နိုင်ငံတကာ ကလပ်ပြိုင်ပွဲများလည်း ယှဉ်ပြိုင် ရမည်ဖြစ်သောကြောင့်  ပြင်ဆင် မှုများစွာ  ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆုံးအဖြစ်   တိုက်စစ်အား ဖြည့်ခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်    အသင်း သည်  MNL  အမှတ်ပေးပြိုင်ပွဲ၏ လက်ရှိချန်ပီယံ  အသင်းဖြစ်ပြီး နောက်ဆုံး  သုံးရာသီဆက်တိုက် ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက် အသင်းသည်   ရာသီသစ်အတွက် ပြည်တွင်း၊    ပြည်ပကစားသမား သစ်များစွာ     ထပ်မံခေါ်ယူမည် ဖြစ်သည်။     ရှမ်းယူနိုက်တက် အသင်းသည် ၂၀၂၂ ရာသီယှဉ်ပြိုင် ခဲ့သည့် ကစားသမားများကိုလည်း သက်တမ်းတိုးရန်     စီစဉ်လျက် ရှိသည်။                      

 

ရဲရင့်လွင်
ဓာတ်ပုံ-ရှမ်းယူနိုက်တက်