၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ

နေပြည်တော်    ဇွန်   ၂၇
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ  အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာ နိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမ လက်ရွေးစင် လူရွေးချယ်ရေးပြိုင်ပွဲ ကို ယနေ့နံနက် ၈ နာရီခွဲတွင်    နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌      ကျင်းပရာ အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊      အားကစားနှင့် ကာယပညာဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်     ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊      မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးဥဂ္ဂါ အေးနှင့်  တာဝန်ရှိသူများ  တက် ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား၊ အမျိုးသမီး) ဝိတ်တန်း များအလိုက် အမြန်မနှင့် နှစ်ဆင့်မ ပြိုင်ပွဲများကို      ယှဉ်ပြိုင်ကြရာ အလေးမအားကစားသမား အမျိုး သား ငါးဦးနှင့် အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း       အားကစားသမား ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ် ခံကြသည်။
အမျိုးသား     (+၈၉)      ကီလို တန်းပြိုင်ပွဲတွင်     ဝင်းနိုင်ထွန်းက နှစ်ဆင့်မ  စံချိန် ၁၇၆ ကီလိုဖြင့် မြန်မာပြည်   စံချိန်   ၁၇၅    ကို ကျော်လွန်၍ စံချိန်သစ်တင်နိုင်ခဲ့ ကြောင်း သိရသည်။   သတင်းစဉ်