
နေပြည်တော် ဩဂုတ် ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ” ကို ဩဂုတ် ၁၃ ရက်မှ ၁၉ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။
သတင်းစဉ်