၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော် ဩဂုတ် ၁၇


၂၀၂၄ ခုနှစ်   ပြည်နယ်နှင့်တိုင်း ဒေသကြီး   ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ    ကွာတား ဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၈   နာရီမှ     စတင်၍      ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ   ဖူဆယ်အား ကစားရုံ၌ ကျင်းပသည်။


ယနေ့ ကွာတားဖိုင်နယ်ပွဲစဉ် များကို    ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား)    ကွာတားဖိုင်နယ် ပြိုင်ပွဲ     ပွဲစဉ်တွင်    ရန်ကုန်တိုင်း ဒေသကြီးအသင်းက  မကွေးတိုင်း ဒေသကြီးအသင်းကို  ငါးဂိုး-နှစ်ဂိုး ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းက မွန်ပြည်နယ်အသင်းကို ရှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်း  ဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့်  လည်းကောင်း၊ ကချင်ပြည်နယ်      အသင်းက ကယားပြည်နယ်       အသင်းကို ခြောက်ဂိုး - နှစ်ဂိုးဖြင့်   လည်း ကောင်း၊ (အမျိုးသမီး)ကွာတား ဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်တွင် စစ်ကိုင်း တိုင်းဒေသကြီးအသင်းက   ပြည် ထောင်စုနယ်မြေ   နေပြည်တော် အသင်းကို ခုနစ်ဂိုး - ခြောက်ဂိုး ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက တနင်္သာရီ တိုင်းဒေသကြီးအသင်းကို ခြောက် ဂိုး-တစ်ဂိုးဖြင့်     လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက   ရခိုင် ပြည်နယ်အသင်းကို သုံးဂိုး-တစ် ဂိုးဖြင့်လည်းကောင်း၊   ကချင် ပြည်နယ်အသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို နှစ်ဂိုး-တစ် ဂိုးဖြင့်လည်းကောင်း   အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။


ဩဂုတ် ၁၈ ရက်  နံနက် ၈ နာရီမှစတင်၍ ဖူဆယ်အားကစား ရုံ၌ (အမျိုးသမီး)  ဆီမီးဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  စစ်ကိုင်း တိုင်းဒေသကြီးအသင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအသင်း၊      ရှမ်း ပြည်နယ်အသင်းနှင့်     ကချင် ပြည်နယ်အသင်း၊   (အမျိုးသား)ဆီမီးဖိုင်နယ်ပြိုင်ပွဲ    ပွဲစဉ်များ အဖြစ်   ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်    အသင်းတို့ ဆက်လက်   ယှဉ်ပြိုင်ကစားသွား မည်ဖြစ်၍    ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။

သတင်းစဉ်