၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပမည်

နေပြည်တော်  ဇွန်  ၁၃
အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန၊   အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်   မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို ပြိုင်ပွဲ” ကို   ဇွန်  ၁၇  ရက်မှ ၂၁  ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပမည် ဖြစ်သည်။
 ပြိုင်ပွဲသို့ အမျိုးသားအသင်း ၁၅ သင်း၊  အမျိုးသမီးအသင်း ၁၅  သင်း  ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစားကို စိတ်ဝင်စား သည့် မည်သူမဆို(အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                     သတင်းစဉ်