
နေပြည်တော် ဩဂုတ် ၁၆
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားလကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဖူဆယ် (အမျိုးသား/အမျိုး သမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။
ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား) အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ဂိုး-(၂) ဂိုးဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့် လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၃)ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်း (၃)ဂိုး-(၁)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသမီး)အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်တွင် ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို (၇)ဂိုး-(၁)ဂိုးဖြင့်လည်းကောင်း၊ ကရင် ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၇)ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသည်။
ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသမီး) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ကချင်ပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)ကွာတား ဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ် အသင်း၊ မန္တလေး တိုင်းဒေသကြီးအသင်းနှင့် ပဲခူး တိုင်းဒေသကြီးအသင်း၊ ကချင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။
သတင်းစဉ်