
ရန်ကုန် ဧပြီ ၃၀
၂၀၂၄ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို မကြာမီ စတင်ကျင်းပတော့မည်ဖြစ်ပြီး အသင်းသစ် တစ်သင်းဖြစ်သော ရှမ်းယူနိုက်တက်အမျိုးသမီး အသင်းလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ယခုနှစ်မှ စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ကိုယ်စားပြုဒေသဖြစ်သည့် ရှမ်းပြည်နယ်မှ ကစားသမားအများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
MNL ပြိုင်ပွဲတွင် ရှမ်းယူနိုက် တက် အမျိုးသားအသင်းကို ထိပ်တန်းအသင်းအဖြစ် ရပ်တည် နိုင်ရန်နှင့် စံချိန်တင်အောင်မြင်မှု များစွာ ပိုင်ဆိုင်အောင် စွမ်းဆောင် ပေးထားသည့် ရှမ်းယူနိုက်တက် အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာအမျိုး သမီးဘောလုံးလောက တိုးတက် ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်၊ လက်ရွေးစင်အသင်းနှင့် လူငယ် လက်ရွေးစင်အသင်းများအတွက် ကစားသမားကောင်းများ မွေးထုတ် ပေးနိုင်ရန်၊ ကိုယ်စားပြုဒေသဖြစ် သည့် ရှမ်းပြည်နယ်မှ အမျိုးသမီး ဘောလုံးသမားများအတွက် အခွင့် အရေးများဖြစ်လာစေရန် ရှမ်း ယူနိုက်တက် အမျိုးသမီးအသင်း ကို ယခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အသင်းစတင်ဖွဲ့စည်း တည်ထောင်ချိန် တွင် အောင်မြင်မှုရယူနိုင်ရေးထက် ဒေသခံရှမ်းပြည်နယ်မှ အမျိုးသမီး ဘောလုံးသမားများကို ဦးစားပေးကာ ဖွဲ့စည်းထားပြီး လူငယ်၊ လူသစ် ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရှမ်း ယူနိုက်တက် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးထက်အောင် က ကိုင်တွယ်နေခြင်းဖြစ်ပြီး မတ်လတွင် ရှမ်းပြည်နယ် တောင်ကြီး မြို့၌ လူရွေးပွဲကျင်းပကာ ကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ဧပြီလဆန်းပိုင်းတွင် စတင် လေ့ကျင့်ခဲ့ပြီး ဧရာဝတီ အမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းတို့နှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားထားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။
၂၀၂၄ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် မြဝတီ၊ အား/ကာ သိပ္ပံ၊ သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ YREO၊ ရှမ်းယူနိုက်တက် နှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း သည် အဖွင့်ပွဲအဖြစ် မေ ၈ ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုမှစတင် ဖွဲ့စည်းခြင်းဖြစ်သောကြောင့် ပထမဆုံးရာသီတွင် အောင်မြင်မှုရယူ နိုင်ရေးထက် အသင်းလိုက်စွမ်းဆောင်ရည်နှင့် ကစားသမားတစ်ဦးချင်း၏ စွမ်းဆောင်ရည်ကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်။
ရဲရင့်လွင်