
ရန်ကုန် ဇွန် ၁၂
၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် များမှာ ဇွန် ၁၁ ရက်က ပြီးဆုံးခဲ့ပြီး နောက်တစ်ဆင့် တက်ရောက် သည့် အသင်းများ စုံလင်စွာ ထွက်ပေါ်လာပြီဖြစ်သည်။ မြန်မာ အသင်းမှာမူ အုပ်စုအောက်ဆုံး နေရာတွင် ရပ်တည်ခဲ့သဖြင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ ဆက်ကစားခွင့် မရဘဲ အာရှဖလားခြေစစ်ပွဲသာ ကစားရမည်ဖြစ်သည်။
ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုကိုးခုတွင် အမှတ်အများဆုံး ရရှိသည့် ထိပ်ဆုံးနှစ်သင်းစီမှာ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ အောင်မြင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား တတိယအဆင့်ခြေစစ်ပွဲ ကစား ခွင့်ရမည်ဖြစ်သည်။ အမှတ် အနည်းဆုံး နှစ်သင်းစီမှာမူ ကမ္ဘာ့ ဖလားခြေစစ်ပွဲ ကစားခွင့်မရဘဲ ၂၀၂၇ အာရှဖလား တတိယ အဆင့်ခြေစစ်ပွဲသာ ဆက်လက် ကစားရမည်ဖြစ်သည်။
ဒုတိယအဆင့်ခြေစစ်ပွဲအပြီး တွင် အုပ်စု (A) ၌ ကာတာအသင်း က ရမှတ် ၁၆ မှတ်ဖြင့် အုပ်စုပထမ၊ ကူဝိတ်အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (B) ၌ ဂျပန် အသင်းက ၁၈ မှတ်ဖြင့် အုပ်စု ပထမ၊ မြောက်ကိုရီးယားအသင်း က ကိုးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (C) ၌ တောင်ကိုရီးယား အသင်းက ၁၆ မှတ်ဖြင့် အုပ်စု ပထမ၊ တရုတ်အသင်းက ရှစ်မှတ် ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (D) ၌ အိုမန်အသင်းက ၁၃ မှတ်ဖြင့် အုပ်စုပထမ၊ ကာဂျစ္စတန်အသင်း က ၁၁ မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (E) ၌ အီရန်အသင်းက ၁၄ မှတ်ဖြင့် အုပ်စုပထမ၊ ဥဇဘက် ကစ္စတန်အသင်းက ၁၄ မှတ်ဖြင့် အုပ်စုဒုတိယရသည်။
အုပ်စု (F) ၌ အီရတ်အသင်းက ၁၈ မှတ်ဖြင့် အုပ်စုပထမ၊ အင်ဒို နီးရှားအသင်းက ၁၀ မှတ်ဖြင့် အုပ်စု ဒုတိယ၊ အုပ်စု (G) ၌ ဂျော်ဒန်အသင်းက ၁၃ မှတ်ဖြင့် အုပ်စုပထမ၊ ဆော်ဒီအာရေဗျ အသင်းက ၁၃ မှတ်ဖြင့် အုပ်စု ဒုတိယ၊ အုပ်စု (H) ၌ ယူအေအီး အသင်းက ၁၆ မှတ်ဖြင့် အုပ်စု ပထမ၊ ဘာရိန်းအသင်းက ၁၁ မှတ် ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (I) ၌ သြစတြေးလျအသင်းက ၁၈ မှတ် ဖြင့် အုပ်စုပထမ၊ ပါလက်စတိုင်း အသင်းက ရှစ်မှတ်ဖြင့် အုပ်စု ဒုတိယရရှိကာ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲအောင်မြင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲ ဆက်လက်ကစားခွင့် ရမည်ဖြစ်သည်။
အမှတ်အနည်းဆုံး ရရှိသည့် အုပ်စု (A) မှ အိန္ဒိယအသင်းနှင့် အာဖဂန်နစ္စတန်အသင်း၊ အုပ်စု (B) မှ ဆီးရီးယားအသင်းနှင့် မြန်မာအသင်း၊ အုပ်စု (C) မှ ထိုင်း အသင်းနှင့် စင်ကာပူအသင်း၊ အုပ်စု (D) မှ မလေးရှားအသင်းနှင့် တရုတ်(တိုင်ပေ) အသင်း၊ အုပ်စု (E) မှ တာ့ခ်မင်နစ္စတန်အသင်းနှင့် ဟောင်ကောင်အသင်း၊ အုပ်စု (F) မှ ဗီယက်နမ်အသင်းနှင့် ဖိလစ် ပိုင်အသင်း၊ အုပ်စု (G) မှ တာဂျစ် ကစ္စတန်အသင်းနှင့် ပါကစ္စတန် အသင်း၊ အုပ်စု (H) မှ ယီမင်အသင်း နှင့် နီပေါအသင်း၊ အုပ်စု (I) မှ လက်ဘနွန်အသင်းနှင့် ဘင်္ဂလား ဒေ့ရှ်အသင်းတို့မှာ ၂၀၂၇ အာရှ ဖလား တတိယအဆင့်ခြေစစ်ပွဲ ဆက်လက်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် ဒုတိယ အဆင့်ခြေစစ်ပွဲတွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့ နှင့် တစ်အုပ်စုတည်းကျရောက် ခဲ့ပြီး ရမှတ်တစ်မှတ်သာ ရယူ နိုင်ခဲ့သည်။ မြန်မာအသင်းသည် ဆီးရီးယားအသင်းကိုသာ အိမ် ကွင်းတွင် သရေကျခဲ့ပြီး ကျန်ငါးပွဲ စလုံး ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ် သည်။ ဇွန် ၁၁ ရက်က လာအို နိုင်ငံ၌ ကစားသည့် မြောက် ကိုရီးယားနှင့် နောက်ဆုံးပွဲ တွင် လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။
ရဲရင့်လွင်