
ထွန်းကျော်
ကမ္ဘာ့အရေး၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေး တွေကို ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) စတင်လိုက်တယ်ဆိုရင်ပဲ ကမ္ဘာကြီးဒီနေ့ ရင်ဆိုင်နေရတဲ့ အရေးပေါ်ရာသီဥတု အခြေအနေက ဦးစားပေးကိစ္စ ဖြစ်လို့ လာခဲ့ပါတယ်။ UNGA အနေနဲ့ ရာသီဥတု ကပ်ဘေးကြီးကို တားဆီးဖို့ ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ဆောင်ရွက် ရမယ့် အချိန်အခါကောင်းလည်း ဖြစ်ပါ တယ်။
မီးမောင်းထိုးပြ
UNGA အစည်းအဝေးစတင်ပြီး နာရီပေါင်း အတော်ကြာပြီးနောက်မှာ တော့ ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးကိစ္စ နဲ့ တခြားအရေးကြီးကိစ္စတွေကို ထဲထဲ ဝင်ဝင် လုပ်ဆောင်နိုင်ဖို့ တံခါးပိတ် ဆွေးနွေးပွဲအဖြစ် အရေးပေါ် အစည်း အဝေးတစ်ခုကို ဆင့်ခေါ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို စကော့တလန် ဂလက်စ်ဂိုးမှာ နောက်လကျင်းပမယ့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ဆွေးနွေးပွဲ (CoP-26) မတိုင်မီပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီ ဥတုဆိုင်ရာ ဆောင်ရွက်ချက်တွေ ဖော်ဆောင်မယ့် ရာသီဥတုခေါင်းဆောင် တွေရဲ့ စားပွဲဝိုင်းဆွေးနွေးပွဲမှာ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီအရေးကို ကယ်ဆယ် ရမှာဖြစ်သလို အနာဂတ်မျိုးဆက်တွေ ဟာလည်း မိမိတို့ရဲ့တာဝန်တွေပဲ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာ့ခေါင်းဆောင်တွေဟာ အစိုးရ တွေလိုအပ်လာမယ့် လုပ်ဆောင်ချက် တွေမှာ ကွာဟမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။ အထူး သဖြင့် ရာသီဥတုဆိုးရွားမှုတွေကို လျော့ပါးသက်သာစေခြင်း၊ ဘဏ္ဍာငွေနဲ့ လိုက်လျောညီထွေ ရှိစေခြင်းတွေမှာ စက်မှုထိပ်သီးနိုင်ငံတွေ (G-20)ရဲ့ ကွာဟ မှုတွေဖြစ်ပါတယ်။ ဒီစားပွဲဝိုင်းဆွေးနွေးမှု ဟာ CoP-26 ဆွေးနွေးပွဲ မတိုင်မီ ရာသီ ဥတုဆိုင်ရာ ဆိုးရွားတဲ့ အခြေအနေတွေ ကို အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေ တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။
ရန်ပုံငွေထူထောင်ဖို့
တံခါးပိတ်ဆွေးနွေးပွဲရဲ့ အဓိက လုပ်ငန်းစဉ်တစ်ရပ်မှာ ရာသီဥတုဆိုင်ရာ လုပ်ဆောင်မှုများကို ရန်ပုံငွေထူထောင် ပေးနိုင်ဖို့ ဘဏ္ဍာရေးအခြေအနေတွေကို ရယူစုဆောင်းဖို့ပဲ ဖြစ်ပါတယ်။ ကုလ သမဂ္ဂအကြီးအကဲနဲ့အတူ အစည်းအဝေး ကို ကျင်းပခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အမေရိကန် ပြည်ထောင်စုအပါအဝင် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ့ခေါင်းဆောင်တွေကို ရာသီဥတုဆိုင်ရာ လှုပ်ရှားဆောင်ရွက် မှုများအတွက် နှစ်စဉ်ရန်ပုံငွေ အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ စိုက်ထည့်ပေးဖို့ တိုက်တွန်းပြောကြား ခဲ့ပါတယ်။
“အဓိကစီးပွားရေး အင်အားကြီး နိုင်ငံတွေက ဒီနေ့ကိစ္စကို ကိုယ်စားပြုနိုင် မှာပါ။ တချို့တွေကတော့ နောက်မှာ ကျန်နေခဲ့ပါတယ်။ ဒီကိစ္စကို အောင်မြင်ဖို့ ဖွံ့ဖြိုးပြီး နိုင်ငံတွေက အမေရိကန် ဒေါ်လာဘီလီယံ ၁၀၀ စိုက်ထည့်ပေးဖို့ နည်းလမ်းရှာဖို့ လိုအပ်ပါတယ်” လို့ ဂျွန်ဆင်က ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ရာသီဥတုဆိုင်ရာ ရန်ပုံငွေ ထူထောင်ပေးဖို့ သူ့ရဲ့နှစ်စဉ် ရည်မှန်းချက် ကို ဖော်ဆောင်နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ သို့သော်လည်း စိတ်မှန်းနဲ့တော့ မရပါဘူးလို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောခဲ့ ပါတယ်။
အရေးကြီးတဲ့အပြောင်းအလဲကို
ရောက်နေ
ပြီးတော့လည်း လူသားမျိုးနွယ်တွေ ဟာ ကမ္ဘာကြီးပူနွေးလာမှုကို ဆန့်ကျင် တိုက်ဖျက်ရာမှာ အရေးကြီးတဲ့ အပြောင်း အလဲကို ရောက်နေပြီလို့ ဗြိတိန်ဝန်ကြီး ချုပ် ဘောရစ်ဂျွန်ဆင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါ တယ်။ သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင် တွေကိုလည်း ရာသီဥတုအရေး တာဝန် သိသိ ဆောင်ရွက်လုပ်ကိုင်ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာလမှာ ဂလက်စ်ဂိုးမှာ ကျင်းပမယ့် CoP-26 ဆွေးနွေးပွဲဟာ အပြောင်းအလဲတစ်ခုဖြစ်ပြီး မိမိတို့ဟာ သင်ယူနိုင်စွမ်းရှိသူတွေ ဖြစ်ကြောင်း၊ ရင့်ကျက်သူတွေဖြစ်ကြောင်း၊ ကမ္ဘာကြီး ပေါ်မှာသာမက မိမိတို့အပေါ်ပါ ထိခိုက် စေမယ့် အဖျက်အမှောင့်လုပ်ရပ်တွေ အတွက် တာဝန်ယူနိုင်မှုတို့ကို ပြသရမယ် လို့ ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။
အပူချိန်မြင့်တက်မှုကို စက်မှုလုပ်ငန်း အကြိုအဆင့်မှသည် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးရပ်စ်အထိသာ ကန့်သတ်ချက် ထားဆောင်ရွက်ဖို့လည်း အစိုးရတွေကို သူက တိုက်တွန်းလိုက်ပါသေးတယ်။ ဒါ့အပြင် ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ၂၀၃၀ မတိုင်မီ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုတွေကို ရပ်တန့်ဖို့ နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ၂၀၄၀ မတိုင်မီ အလားတူ ရပ်တန့်ဖို့ကိုလည်း ဂျွန်ဆင်က ဆက်လက်တိုက်တွန်း ထားပါသေးတယ်။
ကမ္ဘာကြီးကိုကယ်တင်မယ့်
အချက်ပြချက်တစ်ခု
တရုတ်နိုင်ငံဟာ ပြည်ပမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံ နောက်ထပ်တည်ဆောက်တော့ မှာမဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်ကို ဂျွန်ဆင်က ကြိုဆို လိုက်ပါတယ်။
အမေရိကန် ရာသီဥတု သံတမန် ဂျွန်ကယ်ရီကလည်း အောက်တိုဘာ ၃၁ ရက် နိုဝင်ဘာ ၁၂ ရက်မှာကျင်းပမယ့် CoP-26 ရာသီဥတုဆိုင်ရာပြောင်းလဲမှုညီလာခံမတိုင်မီ အမေရိကန်နိုင်ငံအနေနဲ့ ရာသီဥတုဆိုင်ရာ အကူအညီများကို ပိုမို ကူညီပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်တဲ့အခါမှာ အမေရိကန် ပြည်ထောင်စုဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေတယ်လို့ ဂျွန်ဆင်က ပြောခဲ့ပါ တယ်။ ဒါဟာ ကမ္ဘာကြီးကို ကယ်တင်မယ့် အချက်ပြချက်တစ်ခုပဲ ဖြစ်ပါတယ်။
ရန်ပုံငွေလိုအပ်ချက်ပြည့်မီဖို့ ကြိုးစားဆောင်ရွက်
Oxfam International ရဲ့ ရာသီဥတု ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံစာက ရာသီ ဥတုဆိုင်ရာအခြေအနေနဲ့ ပတ်သက်ပြီး မှုန်တိမှုန်ဝါးအခြေအနေကို ပီပြင်လာ အောင် ဆေးခြယ်လိုက်ပြီး ချမ်းသာတဲ့ နိုင်ငံတွေဟာ နှစ်စဉ်နှစ်တိုင်း ရာသီဥတု ဆိုင်ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်ဝင်နိုင်ဖို့ သူတို့ရဲ့ ကတိကို ဖြည့်ဆည်းဖို့ရာ ကြိုးစား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
သို့သော်လည်း တကယ်တမ်းက တော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေအနေနဲ့ သတ်မှတ်ရန်ပုံငွေပမာဏကို ပြည့်မီဖို့ ဆိုတာ မလွယ်ကူလောက်ပါဘူး။ ၂၀၁၉ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ရာသီဥတု ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ လောက်သာ ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။ လက်ရှိကတိပေးချက် တွေနဲ့ အစီအစဉ်တွေကို ခန့်မှန်း ကြည့်မယ်ဆိုရင် သူတို့ဟာ အမေရိကန် ဒေါ်လာဘီလီယံ ၁၀၀ ဆိုတဲ့ ရည်မှန်း ချက်ကို ပြည့်မီဖို့ မလွယ်ကူပါဘူး။ ၂၀၂၅ ခုနှစ်မတိုင်မီအထိ နှစ်စဉ် နှစ်တိုင်း သတ်မှတ်ပမာဏရဲ့ အများဆုံးအနေနဲ့ အမေရိကန်ဒေါ်လာ ၉၃ ဘီလီယံကနေ ၉၅ ဘီလီယံအထိသာ ပြည့်မီရောက်ရှိ နိုင်တယ်လို့ အဲဒီအစီရင်ခံစာမှာ သုံးသပ် ဖော်ပြထားတာကို တွေ့ရပါတယ်။
မျှခြေရောက်ရှိဖို့လုပ်ဆောင်
ရာသီဥတု ပြောင်းလဲမှုများကို လိုက်ပါလုပ်ဆောင်နေတဲ့ နိုင်ငံတွေကို ကူညီဖို့ ရန်ပုံငွေ တိုးမြှင့်ဖို့ကိုလည်း ဂူတာရက်စ်က တိုက်တွန်းထားပါတယ်။
ရာသီဥတုကို အဓိကပြောင်းလဲမှု ဖြစ်စေတဲ့ အဓိက ကိစ္စကြီးကတော့ ဓာတ်ငွေ့ထုတ်လွှတ်မှုဖြစ်ပြီး အဲဒါတွေ ကလည်း လူသားတွေ အစပျိုးခဲ့တဲ့ အရာ တွေပဲ ဖြစ်ပါတယ်။ အပူချိန်ကန့်သတ်မှု မှာ စိုးရိမ်မှတ်ကို ရောက်ရှိနေတယ်လို့ လည်း အစိုးရအဖွဲ့ရဲ့ ရာသီဥတုပြောင်းလဲမှုဖော်ပြချက်မှာ ဖော်ပြထားပါတယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို အပူတပြင်း လျှော့ချဖို့လိုအပ်နေပါပြီ။ ပါရီသဘော တူညီချက်အရ ငါးနှစ်ပြည့်တိုင်းမှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ပိုပြီးတင်းကျပ်စွာ လျှော့ချဖြတ်တောက်ဖို့ လိုအပ်လာသလို သန့်စင်တဲ့ စွမ်းအင်တွေကို ဖန်တီး ဖော်ဆောင်ပြီး ရာသီဥတုပြောင်းလဲမှုနဲ့ လည်း လိုက်လျောညီထွေဖြစ်စေဖို့နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကိုလည်း ပိုမိုကူညီဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုတွေကို ၂၁ ရာစုလယ်ရောက်တဲ့အခါမှာတော့ မျှခြေ အခြေအနေရောက်ရှိဖို့ ရည်ရွယ်ချက် ထားလျက်ရှိပါတယ်။ ဆိုလိုတာကတော့ ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ပမာဏနဲ့ အပင်တွေ စုပ်ယူမယ့် ပမာဏညီမျှပြီး ကမ္ဘာကြီး ပူနွေးမှုမဖြစ် ပေါ်တော့ဘဲ ကမ္ဘာကြီး စိမ်းလန်းစိုပြည် နေဖို့ကို ပြောတာဖြစ်ပါတယ်။ ဒီအခြေ အနေရောက်ဖို့ကတော့ ကမ္ဘာ့နိုင်ငံတွေ ပေါင်းပြီး လုပ်ဆောင်မှသာ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ။ ကိုးကား- အိန္ဒိယတူဒေး
- Log in to post comments