(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေတစ်ခု၊ ကြေးတစ်ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတစ်ခု ထပ်မံဆွတ်ခူးရရှိ

 

နေပြည်တော်   မေ   ၂၂


ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ  အားကစား ကွင်း/အားကစားရုံများ၌  ကျင်းပလျက်ရှိရာ ယနေ့   ညနေပိုင်းတွင်  ဟနွိုင်းမြို့ရှိ   Soc  Son  အားကစားရုံ၌     ဗိုဗီနမ်အားကစားနည်းမှ Male Leg Attack Technique 04 Males,Each Performs 2 Legs Attack Technique (လေးယောက်တွဲ)အပြ  ပွဲစဉ်၌    မောင်အောင်ခိုင် လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုး အောင်   တို့က   ကိုးခုမြောက်  ရွှေတံဆိပ်ဆုကို   ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ (၆၀) ကီလိုတန်း (အတိုက်) ပွဲစဉ်၌ မရွှေသက်ထားက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Bac Ninh Gym-nasium အားကစားရုံ၌ လက်ဝှေ့ အားကစားနည်းမှ ( - ၅၇) ကီလိုတန်း ပွဲစဉ်၌  မောင်နိုင်လတ် က  ငွေတံဆိပ်ဆုကို  လည်းကောင်း   ထပ်မံ ဆွတ်ခူးရရှိခဲ့ကြသည်။

 


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ Hanoi National Sport Training Centre အားကစားရုံ၌ ကျင်းပလျက် ရှိသည့် သေနတ်ပစ်အားကစားနည်းမှ မြန်မာအားကစားသမားများ၏  ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊  Hanoi  Sport  Training  Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် အလေးမအားကစားနည်းမှ မြန်မာ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ညနေပိုင်းတွင် Bac Ninh Gymnasium အားကစားရုံ၌  ကျင်းပလျက်ရှိသည့် လက်ဝှေ့ အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစား နေမှုကိုလည်းကောင်း၊  Soc Son Gymnasium အားကစားရုံ၌ ကျင်းပ လျက်ရှိသည့် ဗိုဗီနမ် အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေး ခဲ့ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

 


ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ အလေးမ၊ ဂျူဒို၊ ဗိုဗီနမ်၊ လက်ဝှေ့အားကစားပြိုင်ပွဲများကို   ကျင်းပခဲ့ပြီး   မြန်မာနိုင်ငံမှ  ယနေ့ အထိ ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၃၅ ခုတို့ ဆွတ်ခူး ရရှိထားပြီး စုစုပေါင်းဆုတံဆိပ် ၆၂ ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည် မှု အဆင့်(၇)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။      

သတင်းစဉ်