(၃၁) ကြိမ်မြောက် ဆီးဂိမ်း ကနူး/ကယက်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ငွေတစ်ခု၊ ကြေးတစ်ခု ထပ်မံရရှိ

 

ရန်ကုန်    မေ    ၁၈


(၃၁) ကြိမ်မြောက် ဆီးဂိမ်း ကနူး/ကယက်လှေပြိုင်ပွဲ ဒုတိယနေ့ကို မေ ၁၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာလှေလှော်အဖွဲ့က    ငွေတစ်ခု၊   ကြေးတစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

 


 မြန်မာလှေလှော်အဖွဲ့သည် အမျိုးသား မီတာ ၁၀၀၀    ကယက်   လေးယောက်လှော်ပြိုင်ပွဲတွင် ငွေတံဆိပ်နှင့်    အမျိုးသား  မီတာ  ၁၀၀၀   ကနူး လေးယောက်လှော်ပြိုင်ပွဲတွင် ကြေးတံဆိပ်တို့ ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။   အမျိုးသား   မီတာ   ၁၀၀၀ ကယက် လေးယောက်လှော်ပြိုင်ပွဲတွင် အင်ဒိုနီးရှား က   ရွှေတံဆိပ်၊   ဗီယက်နမ်က   ကြေးတံဆိပ်၊ အမျိုးသား မီတာ ၁၀၀၀ ကနူး လေးယောက်လှော် ပြိုင်ပွဲတွင်   ဗီယက်နမ်က  ရွှေတံဆိပ်၊   အင်ဒိုနီးရှား က  ကြေးတံဆိပ်ရရှိသည်။ ငွေတံဆိပ်ရရှိသည့်မြန်မာ လှေအဖွဲ့တွင်  ထွန်းမင်းသန့်၊ ထက်ဝေလွင်၊ မြင့်ကိုကို၊ စောမိုးအောင်၊ ကြေးတံဆိပ် ရရှိသည့် မြန်မာလှေအဖွဲ့တွင် ဝင်းထိုက်၊ မင်းနိုင်၊ စိုင်းမင်းဝေ၊ သန့်ဇင်ဦး တို့ ပါဝင်ကြသည်။

 


ကနူး/ကယက်လှေပြိုင်ပွဲကို   မေ ၁၉ ရက် (ယနေ့)  ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့အနေဖြင့် ဗိုလ်လုပွဲပွဲစဉ် သုံးပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့သည် ကနူး/ကယက် ပြိုင်ပွဲတွင် ငွေတစ်ခု၊ ကြေးနှစ်ခု ရရှိထားသည်။ 

ကိုညီလေး၊ ဓာတ်ပုံ-MRF