(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ မြန်မာဖူဆယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန် နိုဝင်ဘာ ၂၁


၂၀၂၂ ခုနှစ်   မေလတွင်   ပြန်လည် ကျင်းပမည့်   (၃၁)   ကြိမ်မြောက်  ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင် ရန် မြန်မာ့လက်ရွေးစင်အမျိုးသား နှင့်    အမျိုးသမီးဖူဆယ်အသင်း များ      ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး  မကြာမီလေ့ကျင့်ပြင်ဆင်သွား မည်ဖြစ်သည်။

 


မြန်မာနိုင်ငံဘောလုံး   အဖွဲ့ ချုပ်သည်    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းများ  ဆီးဂိမ်းပြိုင်ပွဲ အတွက်   ပြင်ဆင်နိုင်ရန်      စီစဉ် ဆောင်ရွက်လျက်ရှိပြီး      နည်းပြ ခန့်အပ်ရန်၊   ကစားသမားများ   ရွေးချယ်ရန်နှင့်    ပြိုင်ပွဲအကြို            ပြင်ဆင်မှုများအတွက်     လုပ် ဆောင်သွားရမည်   ဖြစ်သည်။    မြန်မာ့လက်ရွေးစင်        ဖူဆယ် အမျိုးသားနှင့်  အမျိုးသမီးအသင်း သည်   လာမည့်ဆီးဂိမ်း ပြိုင်ပွဲတွင်  ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး     လာမည့်နှစ်ဆန်းပိုင်းတွင်    စတင်လေ့ကျင့်ဖွယ်   ရှိနေသည်။ မြန်မာနိုင်ငံ    ဘောလုံးအဖွဲ့ချုပ် သည်        မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြ ချုပ်အဖြစ်         ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်ကို      ခန့်အပ် ထားပြီး    အမျိုးသားအသင်းသာ နည်းပြချုပ်ခန့်အပ်ရန်   ကျန်ရှိနေ ခြင်းဖြစ်သည်။        မြန်မာ့လက် ရွေးစင်   ဖူဆယ်အမျိုးသားနှင့်  အမျိုးသမီး    အသင်းများသည်   နိုင်ငံတကာ        ပြိုင်ပွဲများနှင့်  ကာလအတန်ကြာ ဝေးကွာနေပြီး    လာမည့်ဆီးဂိမ်း       ပြိုင်ပွဲမှာ     ပထမဆုံးပြန်လည် ယှဉ်ပြိုင်ရမည့်   ပြိုင်ပွဲလည်းဖြစ်သည်။     မြန်မာ့ လက်ရွေးစင်  အမျိုးသားဖူဆယ် အသင်းသည်  ၂၀၁၉  အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင်    နောက်ဆုံး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး    မြန်မာ အမျိုးသမီး     ဖူဆယ်အသင်းမှာမူ ၂၀၁၇ဆီးဂိမ်းပြိုင်ပွဲတွင်  နောက်ဆုံး ယှဉ်ပြိုင်ခဲ့ခြင်း   ဖြစ်သည်။

 


ဆီးဂိမ်းပြိုင်ပွဲတွင်    ဖူဆယ် အားကစားနည်းကို ၂၀၀၇ ခုနှစ် တွင်   စတင်ပါဝင်ခဲ့ပြီး  ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့်   ၂၀၁၇ ခုနှစ် လေးကြိမ်သာ    ပါဝင်ခဲ့ကာလာ မည့်  ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ငါးကြိမ်မြောက်        ပါဝင်ခြင်းဖြစ် သည်။ ယင်းလေးကြိမ်တွင် မြန်မာ ဖူဆယ်     အမျိုးသားအသင်းမှာ ဆုတံဆိပ်ရယူနိုင်ခြင်းမရှိသေးဘဲ အမျိုးသမီးအသင်းမှာမူ   ၂၀၁၁ အင်ဒိုနီးရှား       ဆီးဂိမ်းပြိုင်ပွဲ တွင်         ကြေးတံဆိပ်ရရှိထား သည်။                        

ရဲရင့်လွင်