(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်   မေ  ၁၂


ဗီယက်နမ်နိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို  မေ  ၁၂  ရက်  ညပိုင်းက ဟနွိုင်းမြို့ရှိ     မိုင်ဒင်းကွင်း၌ ပြုလုပ်သည်။

 


ဖွင့်ပွဲ     အခမ်းအနားတွင် အိမ်ရှင်ဗီယက်နမ်နိုင်ငံ၏   ရိုးရာ အလှအကများဖြင့်     ဖျော်ဖြေ တင်ဆက်ကြပြီး  ပြိုင်ပွဲဝင်နိုင်ငံ များဖြစ်သည့်  ဘရူနိုင်း၊   ကမ္ဘော ဒီးယား၊   အင်ဒိုနီးရှား၊     လာအို၊ မလေးရှား၊  မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောနှင့်     အိမ်ရှင်ဗီယက်နမ်နိုင်ငံတို့က ကွင်းအတွင်း  ဝင်ရောက်နေရာယူကြသည်။   ယင်းနောက်       ဆီးဂိမ်းအဖွဲ့ချုပ်အလံ၊   ဆီးဂိမ်းအလံတို့ကို  လွှင့်တင်ကြပြီး ဗီယက်နမ် နိုင်ငံသမ္မတ Nguyễn Xuân Phúc က ပြိုင်ပွဲကို  ဖွင့်လှစ်ပေးသည်။ ထို့နောက်   ဗီယက်နမ်နိုင်ငံ ၏   နိုင်ငံဂုဏ်ဆောင်   အားကစားသမားများက ဆီးဂိမ်းမီးရှူးတိုင်ကို       လက်ဆင့်ကမ်း သယ်ဆောင်ကာ  သတ်မှတ်နေရာတွင် မီးထွန်း ညှိပေးသည်။

 


ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ


(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ  ၂၃ ရက်အထိ  ကျင်းပလျက်ရှိပြီး အားကစားနည်းအချို့ကိုမူ မေ ၆ ရက်မှစ၍ ပြုလုပ်လျက်ရှိသည်။  ယခုပြိုင်ပွဲကို  အရှေ့ တောင်အာရှ  ၁၁ နိုင်ငံမှ  အားကစားသမား ၅၄ဝဝ ကျော်    ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။ 

 


ပြိုင်ပွဲတွင် အားကစားနည်း ၄ဝ ထည့်သွင်း ကျင်းပလျက်ရှိပြီး  ရွှေတံဆိပ်စုစုပေါင်း ၅၂၆ ခု ချီးမြှင့်သွားမည်ဖြစ်သည်။ မြန်မာအားကစား အဖွဲ့အနေဖြင့်   မေ  ၁၂  ရက် ပွဲစဉ်များအပြီး တွင် ရွှေတစ်ခု၊  ကြေးတစ်ခု ဆွတ်ခူးရရှိထား သည်။                          

သတင်း- ကိုညီလေး
 ဓာတ်ပုံ-VNA