
ရန်ကုန် အောက်တိုဘာ ၂၅
ကိုဗစ်-၁၉ရောဂါကြောင့် ရွှေ့ဆိုင်း ထားသည့် ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ် ပြိုင်နိုင်ရန် နိုဝင်ဘာလတွင် စခန်း သွင်း လေ့ကျင့်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းနဲ့ ဗီယက်နမ်ကို အဓိကယှဉ်ပြိုင်
“ကျွန်တော်တို့ ကိုဗစ်ရောဂါ ကြောင့် ကစားသမားများ လေ့ကျင့်မှု တွေ အဆင်ပြေသလို လေ့ကျင့်ကြ တယ်။ ကိုဗစ်ရောဂါ နည်းပါးသွား တော့ ကစားသမားများ နိုဝင်ဘာ ၁ ရက်မှ စခန်းသွင်းမှာပါ။ ဆီးဂိမ်း ပြိုင်ပွဲမှာ ကာယဗလ အတန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။ လေ့ကျင့်ချိန်က တစ်နေ့ နှစ်ကြိမ် ပြုလုပ်မှာပါ။ အဓိက ယှဉ်ပြိုင်ရမှာ ထိုင်းနဲ့ ဗီယက်နမ် ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အာရှ၊ ကမ္ဘာ့ပြိုင်ပွဲများ ဝင်ရောက်ယှဉ် ပြိုင်နိုင်ရန် ရည်ရွယ်ထားပါတယ်” ဟု တွဲဖက်အတွင်းရေးမှူး ဦးကျော် စိန်သန်းက ပြောသည်။
(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင် မြန်မာ မှ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၅ အထက်ကီလိုတန်း၊ အမျိုး သား ကာယကြံ့ခိုင်မှု၊ အမျိုးသမီး ကာယဗလ၊ အမျိုးသား+ အမျိုးသမီး ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆုများ ဆွတ်ခူးပေး
(၂၉)ကြိမ်မြောက်နှင့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကာယဗလပြိုင်ပွဲ ထည့်သွင်းမကျင်းပ ခဲ့သဖြင့် (၃၁)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံက ထည့်သွင်းကျင်းပခြင်း ဖြစ်သည်။ ကာယဗလ အားကစားသမားများ သည် ကမ္ဘာ့၊ အာရှ၊ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည်။
အာကာစိုး