(၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှ အသက် ၂၂ နှစ်အောက် မြန်မာအမျိုးသားဘောလုံးအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ ဘောလုံးပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်    မေ    ၂


ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)  ကြိမ်မြောက်   အရှေ့တောင် အာရှ   အားကစားပြိုင်ပွဲကို မေ ၅ ရက် မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် အားကစားနည်း များအနက် အသက် ၂၂ နှစ်အောက် အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများကို ဧပြီ ၂၉ ရက်မှ စတင်ကျင်းပလျက်ရှိသည်။ 

 


အဆိုပါ      အမျိုးသား ဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စု(က)မှ     မြန်မာအမျိုး သား    ဘောလုံးအသင်းနှင့်  အင်ဒိုနီးရှားအသင်းတို့သည် မေ ၄ ရက်  မွန်းလွဲ ၃ နာရီခွဲ တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ   အဆိုပါ   ပွဲစဉ်ကို MRTV -HD Channel ၊ MRTV Sports Channel၊ MRTV Parliament Channel၊ MRTV Farmers’ Channelနှင့်   မြန်မာ့အသံ ရေဒီယိုတို့က တိုက်ရိုက် Live ထုတ်လွှင့်      သွားမည်ဖြစ် သည်။                  

သတင်းစဉ်