(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မွေထိုင်းလက်ဝှေ့ ၀င်ရောက်ယှဉ်ပြိုင်ရန်စီစဉ်‌နေ

 

ရန်ကုန်    ဇူလိုင်   ၉ 


(၃၂)ကြိမ်မြောက် ကမ္ဘောဒီးယား နိုင်ငံ၌  ၂၀၂၃ ခုနှစ်‌   မေလတွင်   ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု   မွေထိုင်းလက်ဝှေ့   ဝင်ရောက်ယှဉ်ပြိုင်ရန်  စီစဉ်‌နေ ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ သိရသည်။

 


“ကျွန်‌တော်တို့   စကိုင်းနက်‌ ရွှေအောင်လံ မြန်မာ့ရိုးရာလက်‌ဝှေ့  ပြိုင်ပွဲက (၃၂)ကြိမ်‌မြောက် ဆီးဂိမ်း အတွက် ဝိတ်တန်း လေးတန်း ဖြစ်တဲ့ ၆၀၊ ၆၃ ဒသမ ၅၊ ၆၇၊ ၇၁ ကီလိုတန်းအတွက် ရွေးတာပါ။ အခု       ဖိုင်နယ်ကိုတက်လာတဲ့   နှစ်ယောက်စီကို ပဏမစခန်းသွင်း ထားပါတယ်။ ဒါ့ပြင် အငယ်တန်း တွေ ကျန်သေးတယ်။ ၄၈ ကီလို တန်းမှ   ၅၇ ကီလိုတန်း အငယ် တန်း‌ လေးတန်း ကျန်‌သေးတယ်။ အဲဒီအတန်း‌တွေကို    ဆက်‌ရွေး မယ်။ ဒါ‌ပေမယ့် ဆီးဂိမ်းမှာ ဘယ် အတန်း‌တွေပါမလဲဆိုတာ  မသိ‌ ပေမယ့်     ပြည်ထောင်စုဝန်ကြီး ကမ္ဘောဒီးယားနိုင်ငံ အစည်းအဝေး က ပြန်လာမှ ဘယ်အတန်း‌တွေ ပါမလဲဆိုတာ သိရမယ်။ အဲဒီကျမှ ပြိုင်ပွဲမပါတဲ့     အတန်း‌တွေကို ဖြုတ်မယ်။ ပြိုင်ပွဲပါတဲ့အတန်း‌ တွေကို ဆက်ထားပြီး စခန်းသွင်း မယ်။‌    မွေထိုင်းလက်‌ဝှေ့ကစား နည်းက   အကျွမ်းတဝင်ရှိတယ်။ အတန်း ၁၀ တန်းရှိရင် ၁၀ တန်း စလုံး   ဝင်‌ရောက်ယှဉ်ပြိုင်သွား မယ်။ ရွှေတံဆိပ်မှန်းထားပါတယ်။‌ ရွှေအောင်လံ လက်‌ဝှေ့ပြိုင်ပွဲကြီး ပြီးရင် စခန်းသွင်းမှာပါ”ဟု မြန်မာ နိုင်ငံ     ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်    ဦးဝဏ္ဏက ပြောသည်။      

 


(၃၂) ကြိမ်မြောက်   ဆီးဂိမ်း ပြိုင်ပွဲအတွက် စခန်းသွင်းထားသည့် လက်‌ဝှေ့      အားကစားသမားများ ကို  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ   ယနေ့   နံနက်တွင်  ရန်ကုန်မြို့ မင်္ဂလာ‌တောင်ညွန့်မြို့ နယ် သိမ်ဖြူလက်ဝှေ့အားကစား ရုံ၌ လက်ဝှေ့အားကစားသမားများ အား    တွေ့ဆုံ     အား‌ပေးစကား‌ ပြောကြားခဲ့‌ကြောင်း သိရသည်။ 

 


‌ရွှေအာင်လံ      မြန်မာ့ရိုးရာ လက်‌ဝှေ့ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ ကို ဇူလိုင် ၁၀ ရက်(ယနေ့) မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အာကာစိုး