
နေပြည်တော် မေ ၁၀
ကမ္ဘောဒီးယားနိုင်ငံ AEON HALL, AEON MALL SEN SOK ၌ မေ ၉ ရက်က ကျင်းပသည့် ဘိလိယက် နှင့် စနူကာ အားကစားနည်း (English Billiards Singles) အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ဝင်ရောက် ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံမှ ဦးပေါက်စသည် ကမ္ဘာ့ဘိလိယက် ချန်ပီယံပြိုင်ပွဲ တွင် ရွှေတံဆိပ်ခြောက်ဆုနှင့် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ခြောက်ဆုရရှိထားသော စင်ကာပူ နိုင်ငံသား Mr. Peter GilChrist ကို (၃-၀) ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမ (ရွှေတံဆိပ်ဆု) ကိုလည်းကောင်း၊ 6 Red Snooker Singles (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်ဟိန်းလွင်မိုး က တတိယ (ကြေးတံဆိပ်ဆု) ကိုလည်းကောင်း ရရှိသည်။
ထို့ပြင် ဖနောင်ပင်မြို့ Basketball Hall NSTC ၌ ကျင်းပ သည့် (အမျိုးသား/ အမျိုးသမီး) ခြင်းလုံးအားကစားပြိုင်ပွဲ ပွဲစဉ် များအဖြစ် အမျိုးသား (Event- 4)ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မောင်မင်း သစ္စာအောင်၊ မောင်ခန့်ဝင်းဟိန်း၊ မောင်ဝေယံဖြိုး၊ မောင်ရဝေ အောင်၊ မောင်ဇော်လင်းမောင်၊ မောင်ကောင်းမြတ်သီဟ၊ မောင်မင်း ခန့်ဝင်းနှင့် မောင်ဓူဝံကျော်တို့ အတွဲက ရမှတ် ၉၃ မှတ်ဖြင့် ပထမ (ရွှေတံဆိပ်ဆု) ကို လည်းကောင်း၊ ဒုတိယ (ငွေ တံဆိပ်ဆု)ကို လာအိုနိုင်ငံက လည်းကောင်း၊ ပူးတွဲတတိယ (ကြေးတံဆိပ်ဆု) ကို ကမ္ဘော ဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံက လည်းကောင်း၊ အမျိုးသမီး (Event- 4) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မအေးအေးသန့်(ခ)မစာဥ၊ မမေဖူး ဟန်၊ မသဲသဲ၊ မယဉ်မင်းသွယ်၊ မစုတွယ်တာ၊ မခိုင်ခိုင်၊ မတင် နီလာဝင်းနှင့် မမှုံနံ့သာတို့အတွဲက ရမှတ် (၁၀၁) မှတ်ဖြင့် ပထမ (ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ထိုင်း နိုင်ငံက လည်းကောင်း၊ တတိယ (ကြေးတံဆိပ်ဆု) ကို ကမ္ဘော ဒီးယားနိုင်ငံကလည်းကောင်း ရရှိ ကြသည်။
ခြင်းလုံးအားကစားပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံမှ ခြင်းလုံး အမျိုးသား အားကစားအဖွဲ့က မြန်မာ့ရိုးရာ ခြင်းလုံးအားကစား နည်းကို သရုပ်ပြသ၍ အလှပြ ခြင်းလုံးခတ် ကစားခဲ့ကြပြီးနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူ များကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပသည့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ် များ၌ အမျိုးသမီး(၅၀)ကီလိုပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ မနှင်းသက်ဝေ က ဒုတိယ (ငွေတံဆိပ်ဆု)၊ အမျိုးသမီး ဓားမြှောင်အတိုက် အပြပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မအိန္ဒြေဖူးနှင့် မမေဟန်နီအောင် လွင် တို့အတွဲက တတိယ (ကြေး တံဆိပ်ဆု)၊ အမျိုးသမီး(၂) ယောက်တွဲ ဓားရှည်အတိုက်အပြ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မစု ဝတီဌေးနှင့် မအိန္ဒြေဖူးတို့အတွဲက တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသမီး ဓားမြှောင်နှစ်လက် အပြပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မခိုင်ဝါဖူးက တတိယ (ကြေး တံဆိပ်ဆု)၊ အမျိုးသား လေး ယောက်တွဲ လက်နက်ပါ အပြ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်မနားကွီး၊ မောင်အိုက် စိုးလင်း၊ မောင်မျိုးထက်ဇော်၊ မောင်ထွန်းဝင်းနိုင်တို့ အတွဲက တတိယ (ကြေးတံဆိပ်ဆု)တို့ကို ရရှိကြသည်။
မေ ၉ ရက် ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ တင်းနစ်၊ ခြင်းလုံး၊ ကြက်တောင်၊ ဘိလိယက်၊ ဘော်လီဘော၊ ခွန်ခမာ၊ ခရစ် ကက်၊ ဘောလုံး၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ ကို မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေး တံဆိပ် ငါးခု ထပ်မံရရှိကြသည်။
မေ ၁၀ ရက် ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ပီတန်း၊ ဝူရှူး၊ ပိုက်ကျော် ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ခွန်ခမာ၊ ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန် ပစ်နှင့် ခရစ်ကက် အားကစားနည်း များတွင် မြန်မာနိုင်ငံမှ ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိ ကြောင်းနှင့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံ မှ ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ရှစ်ခုနှင့် ကြေးတံဆိပ် ၂၈ ခု စုစုပေါင်း ဆုတံဆိပ် ၄၇ ခု ဆွတ်ခူး ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံ၊ မြန်မာအားကစား အဖွဲ့ ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်