(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ

 

ကိုဌေး (ကနောင်)
 

၁၉၅၉ ခုနှစ် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့သည့် ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကြီးမှသည် (၁၉၇၇ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့သည်။ ) ယခု ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲဆိုလျှင် (၃၂)ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ၁၉၆၃ ခုနှစ် (ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်  လက်ခံကျင်းပရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း တောင်မြောက်စစ်ပွဲများကြောင့် မကျင်းပဖြစ်ခဲ့ပါ) မှလွဲ၍ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ  ပြိုင်ပွဲကြီးကို  အိမ်ရှင်အဖြစ်  အလှည့်ကျလက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံသည်ပင်လျှင် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲ၊ ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲနှင့် ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် သုံးကြိမ်တိုင်တိုင် အောင်အောင်မြင်မြင်လက်ခံကျင်းပခဲ့ပြီးဖြစ်ပါသည်။ 
 

 

ကျင်းပပြီးစီးခဲ့သည့်   (၃၁)   ကြိမ်မြောက် အရှေ့တောင်အာရှ       အားကစားပြိုင်ပွဲကြီးကို  ဗီယက်နမ်နိုင်ငံ၌  ၂၀၂၁ ခုနှစ်အတွင်း ကျင်းပရန် ဖြစ်သော်လည်း ဗီယက်နမ်နိုင်ငံအတွင်း ဖြစ်ပေါ်နေ သည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပြိုင်ပွဲ ရက်ကို  ၂၀၂၂ ခုနှစ် မေလအတွင်း ပြောင်းရွှေ့ ကျင်းပခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေအရ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တစ်နှစ်ခန့်သာခြား၍ ကျင်းပ ခဲ့ရခြင်းဖြစ်သည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲမှ အောင်မြင်မှုအခြေအနေ
ဗီယက်နမ်နိုင်ငံ၌  ကျင်းပခဲ့သည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၀  ထည့်သွင်းကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၈ နည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။     နိုင်ငံတော်အတွက် ရွှေတံဆိပ်  ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ဆုတံဆိပ် ၆၂ ခု ရယူပေးနိုင်ခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုအနေဖြင့်လည်း အဆင့် ခုနစ်နေရာတွင်ပင် ရပ်တည်နိုင်ခဲ့သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် 
အားကစားနည်းများ
ကမ္ဘောဒီးယားနိုင်ငံ၌  ၂၀၂၃ ခုနှစ် မေ ၅ ရက် မှ  ၁၇ ရက်အထိကျင်းပမည့် ပြိုင်ပွဲကြီးတွင် အိမ်ရှင် နိုင်ငံအနေဖြင့် အားကစားနည်း ၃၆ နည်း ထည့်သွင်း ကျင်းပမည်ဖြစ်သော်လည်း    မြန်မာနိုင်ငံအနေ ဖြင့် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစား နည်း  ၁၉  နည်းကိုသာ   ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း   သိရသည်။    ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများမှာ  ဗိုဗီနမ်   (အားနစ်၊ Kun Bokator အပါအဝင်)၊ ပိုက်ကျော်ခြင်း   (ခြင်းလုံး အပါအဝင်)၊ ဘိလိယက်/စနူကာ၊ ဝူရှူး၊ ရိုးရာလှေ၊ ပီတန်း၊ ဂျူဒို၊  Kun Khmer   (ရိုးရာလက်ဝှေ့)၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊  ပြေးခုန်ပစ်၊  လက်ဝှေ့၊ ကြက်တောင်၊ E-Sports၊ ဘောလုံး(ကျား/မ)၊ ဘော်လီ ဘော(ကျား/မ)၊ အလေးမ၊ ခရစ်ကတ်၊ တင်းနစ် အားကစားနည်းများ  ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
ပြိုင်ပွဲကျင်းပမည့်မြို့များ
ပြိုင်ပွဲများကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ၌သာ   အားကစားနည်းအများစု     ကျင်းပမည် ဖြစ်ပြီး   မြန်မာနိုင်ငံက   ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ၁၉ နည်းအနက် ဖနောင်ပင်မြို့တွင် ပြေးခုန်ပစ်၊ ကြက်တောင်၊  ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ စစ်တုရင်၊ ခရစ်ကတ်၊   E-Sports ၊ ဘောလုံး၊ ဂျူဒို၊ ဗိုဗီနမ် (အားနစ်နှင့် Kun Bokator အပါအဝင်)၊  ပီတန်း၊ ပိုက်ကျော်ခြင်း(ခြင်းလုံး အပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ Kun Khmer  (ရိုးရာလက်ဝှေ့)  စသည့် အားကစားနည်း    ၁၇   နည်း    ကျင်းပမည်ဖြစ် သည်။  ကမ်ပိုမြို့၌   ရိုးရာလှေအားကစားနည်းနှင့် ဆီရမ်ရိမြို့၌ ပြေးခုန်ပစ်အားကစားနည်းမှ (မာရသွန် နှင့် ၂၀ ကီလိုမီတာလမ်းလျှောက်) Events တို့  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအောင်မြင်မှုရရှိရေးအတွက် ကြိုတင်
ပြင်ဆင်စခန်းသွင်းလေ့ကျင့်ဆောင်ရွက်မှု  
ပြိုင်ပွဲတွင်   အောင်မြင်မှုရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်မှုကို   ၂၀၂၂ ခုနှစ် ဇူလိုင်လမှ   စတင်၍   နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp) တွင် ပြေးခုန်ပစ်၊ ဘိလိယက်နှင့်စနူကာ၊  လက်ဝှေ့၊  ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံး အပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဗီုဗီနမ် (အားနစ်နှင့် Kun Bokator  အပါအဝင်) အလေးမ၊ ဝူရှူးအားကစားနည်းများမှ အုပ်ချုပ်/နည်းပြ  ၇၃ ဦး၊ အားကစားသမား(ကျား)  ၁၇၇  ဦး၊ (မ)  ၁၂၆  ဦး ပေါင်း  ၃၀၃ ဦး၊ ပူးတွဲ လေ့ကျင့်သည့် အားကစားသမား  ၁၇ ဦး အပါအဝင် စုစုပေါင်း  ၃၉၃  ဦးဖြင့် ကြိုတင်ပြင်ဆင်စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။
ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ် အသီးသီးတွင်လည်း ၂၀၂၂ ခုနှစ် မတ်နှင့် ဇူလိုင်တို့မှ စတင်၍ ဘိလိယက်၊ ဘောလုံး(အမျိုးသမီး)၊ ရိုးရာ လက်ဝှေ့ (Kun Khmer)၊ တင်းနစ်၊ ရိုးရာလှေ၊ ခရစ် ကတ် အားကစားနည်းများကိုလည်း   အုပ်ချုပ်/နည်းပြ  ၂၃  ဦး၊ ကစားသမား(ကျား)  ၄၆  ဦး၊ (မ)  ၆၉ ဦး ပေါင်း   ၁၃၈ ဦး၊   ပူးတွဲလေ့ကျင့်သည့် အုပ်ချုပ်/နည်းပြ  နှစ်ဦး၊   ကစားသမားတစ်ဦး အပါအဝင် စုစုပေါင်း  ၁၄၁ ဦးဖြင့် ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။
နိုင်ငံခြားသားနည်းပြ ငှားရမ်းလေ့ကျင့်မှု  
ပြိုင်ပွဲအောင်မြင်မှုရရှိရေးအတွက် အားကစား နည်းအလိုက်   အောင်မြင်နေသည့်   နိုင်ငံများမှ နိုင်ငံခြားသားနည်းပြများအား     ငှားရမ်းလေ့ကျင့် ခဲ့ကြကြောင်း သိရသည်။ ငှားရမ်းလေ့ကျင့်ခဲ့သည့် အားကစားနည်းများမှာ တိုက်ကွမ်ဒိုအားကစားနည်း အတွက်  ကိုရီးယားနိုင်ငံက  လည်းကောင်း၊ ဂျူဒို အားကစားနည်းအတွက် ဂျပန်နိုင်ငံမှလည်းကောင်း၊ အားနစ် အားကစားနည်းအတွက် ဖိလစ်ပိုင်နိုင်ငံက လည်းကောင်း၊ Kun Bokator  အားကစားနည်း အတွက် ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း ငှားရမ်း လေ့ကျင့်ခဲ့ကြသည်။   အားကစားနည်းအလိုက် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍  SEA Games  ပြိုင်ပွဲ ပြီးဆုံးချိန်အထိ ငှားရမ်းလေ့ကျင့်ကြခြင်း  ဖြစ်သည်။
ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်ရန် စေလွှတ်ဆောင်ရွက်မှု  
ပြိုင်ပွဲတွင်  အောင်မြင်မှုရရှိစေရေး    ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက် တွင် ဘော်လီဘောအားကစားအဖွဲ့  ၃၈ ဦး၊ နိုဝင်ဘာ  ၁၆ ရက်တွင်   ဝူရှူးအားကစားအဖွဲ့   ၁၇ ဦး၊ နိုဝင်ဘာ  ၂၈ ရက်တွင် ပြေးခုန်ပစ်နှင့် လက်ဝှေ့ အားကစားအဖွဲ့  ၄၆ ဦးတို့အား စေလွှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ  ၂၀ ရက်တွင်   ဘော်လီဘော အားကစားအဖွဲ့  ၃၈ ဦး၊ ဖေဖော်ဝါရီ  ၂၇ ရက်တွင် ဝူရှူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့အားကစားအဖွဲ့  ၆၃ ဦး တို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။ 
ပြိုင်ပွဲအတွေ့အကြုံရရှိစေရေး ပြည်ပပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်မှု  
နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ   အားကစားအဖွဲ့ချုပ်အသီးသီးတွင် စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း ပြည်ပ ပြိုင်ပွဲအတွေ့အကြုံ   ရရှိစေရေးအတွက်လည်း ဘိလိယက်နှင့်စနူကာ  အားကစားနည်းအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ နှစ်ကြိမ်၊ ပီတန်း အားကစားနည်းအနေဖြင့် တစ်ကြိမ်၊  လှေလှော် အားကစားနည်းအနေဖြင့်  တစ်ကြိမ်၊ ပြေးခုန်ပစ် အားကစားနည်းအနေဖြင့် တစ်ကြိမ်၊ တိုက်ကွမ်ဒို အားကစားနည်းအနေဖြင့်  တစ်ကြိမ်၊   အားနစ် အားကစားနည်းအနေဖြင့် တစ်ကြိမ် သွားရောက် ယှဉ်ပြိုင်နိုင်ရေး စေလွှတ်ပေးခဲ့သည်။
စခန်းသွင်းအားကစားသမားများအား အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးမှု  
စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစား နည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အားကစား သမားများအား နိုင်ငံတော်က သတ်မှတ်ခွင့်ပြုငွေ တစ်ရက် ၅၀၀၀ နှုန်းဖြင့် ကျွေးမွေးဆောင်ရွက်လျက် ရှိသည့်အပြင် အသုံးတူပစ္စည်းများဖြစ်သည့် Track Suit, T-Shirt, Sport Shirt,  ဘောင်းဘီတို၊  Walking Shoes များ၊   လေ့ကျင့်ရေးအထောက် အကူပြုပစ္စည်းများနှင့်   ပြိုင်ပွဲသုံးပစ္စည်းများကို ပြည့်ပြည့်ဝဝ   ထောက်ပံ့ပေးထားသည်။   ထို့ပြင် အုပ်ချုပ်/နည်းပြနှင့် ကစားသမားများအား လစဉ် ထောက်ပံ့ကြေးအနေဖြင့်လည်း (A)အဆင့် တစ်ဦး လျှင် ကျပ်နှစ်သိန်း၊ (B) အဆင့်တစ်ဦးလျှင်  ကျပ် တစ်သိန်းခွဲ၊ (C)အဆင့် တစ်ဦးလျှင် ကျပ်တစ်သိန်း နှုန်းဖြင့် ထောက်ပံ့ပေးအပ်ထားရှိသည်။
ပြိုင်ပွဲတွင် ပေးအပ်ချီးမြှင့်မည့်
ဆုတံဆိပ်များ 
ကမ္ဘောဒီးယားနိုင်ငံက  ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၆ နည်းအတွက် ရွှေတံဆိပ်  ၅၈၀ ကျော်ပေးအပ်မည်ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံ က ဝင်ရောက်ယှဉ်ပြိုင်မည့်အားကစားနည်း ၁၉ နည်း အတွက် ရွှေတံဆိပ်  ၃၃၀ ခန့် ပေးအပ်မည်ဖြစ် ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုတံဆိပ် မျှော်မှန်းထားရှိမှု  
မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား နည်း  ၁၉ နည်းမှ ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ် ၂၉ ခု၊ ကြေးတံဆိပ်  ၃၆ ခု စုစုပေါင်း  ဆုတံဆိပ်   ၈၂ ခု မျှော်မှန်းထားရှိကြောင်း  သိရသည်။   ရွှေတံဆိပ် မျှော်မှန်းထားရှိသည့် အားကစားနည်းများမှာ ခြင်း လုံး၊ ဘိလိယက်နှင့် စနူကာ၊ ဝူရှူး၊ အားနစ်၊ ပီတန်း၊ ရိုးရာလက်ဝှေ့ (Kun Khmer)၊ ဂျူဒို၊ ဗိုဗီနမ် အားကစား နည်းများဖြစ်ပြီး ကျန်အားကစားနည်းများမှ ငွေနှင့် ကြေးဆုတံဆိပ်များ မျှော်မှန်းထားရှိသည်။ ပြိုင်ပွဲ ထုံးစံအရ ဆုတံဆိပ်ရရှိမှု အတိုး/အလျော့ရှိနိုင်သော် လည်း   ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အစွမ်းကုန်ကြိုးပမ်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရ သည်။
ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/နည်းပြ၊ အားကစားသမား အရေအတွက်
လက်ရှိအနေအထားအရ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အားကစားနည်း ၁၉ နည်းအတွက် အုပ်ချုပ်မှုအဖွဲ့၊ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြနှင့် အားကစားသမား စုစုပေါင်း  ၄၆၀ ကျော် သွားရောက်ယှဉ်ပြိုင်ရန်     စီစဉ်ထားရှိပြီး     အမှန် တကယ်  သွားရောက်ယှဉ်ပြိုင်သည့်အခါ   အင်အား အနည်းငယ်   အတိုး/အလျှော့  ရှိနိုင်သည်။ ပြိုင်ပွဲ သို့    သွားရောက်ယှဉ်ပြိုင်သည့်အခါ   ဖိတ်ကြားခံ ပုဂ္ဂိုလ်များ၊   အုပ်ချုပ်မှုအဖွဲ့၊  ဆေးအဖွဲ့၊  မီဒီယာ အဖွဲ့များ ပါရှိမည်ဖြစ်သည့်အတွက် ခန့်မှန်းအင်အား  ၄၆၀  နှင့်   ၄၇၀   ကြား   ရှိနိုင်ကြောင်း  ခန့်မှန်း ထားသည်။
ဆုတံဆိပ်ရရှိသည့် 
အားကစားသမားများအား ချီးမြှင့်ထောက်ပံ့မည့်အခြေအနေ
ပြီးခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌      အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများအား   နိုင်ငံတော်အနေဖြင့် တစ်ဦးချင်းပြိုင်ပွဲများအတွက် ရွှေတံဆိပ် ကျပ်သိန်း  ၃၀၀၊ ငွေတံဆိပ် ကျပ်သိန်း ၂၀၀၊   ကြေးတံဆိပ် ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများအတွက် ရွှေအသင်းလိုက်တစ်ဦးချင်း  ကျပ်သိန်း  ၁၀၀၊ ငွေ အသင်းလိုက် တစ်ဦးချင်း ကျပ်သိန်း ၇၀၊ ကြေး အသင်းလိုက်တစ်ဦးချင်း   ၃၅ သိန်း ပေးအပ်ချီးမြှင့် ခဲ့ပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးတွင်လည်း အောင်မြင်မှုရရှိသည့် အားကစား သမားများအား ထိုက်ထိုက်တန်တန် ချီးမြှင့်ငွေများ ထောက်ပံ့ချီးမြှင့်နိုင်ရေး   စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်သူတစ်ရပ်လုံးက 
ဝိုင်းဝန်းအားပေးကြပါစို့
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှု ရရှိရေးအတွက် နိုင်ငံတော်က လိုအပ်ချက်များ ပံ့ပိုး ဖြည့်ဆည်း   ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များ၊ အားကစားအဖွဲ့ချုပ်များမှ   တာဝန်ရှိသူများ အနေဖြင့်လည်း   စခန်းဝင်လေ့ကျင့်နေကြသည့် ကစားသမားများအား   မပြတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်မှန်သမျှ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ အားပေး စကားပြောခြင်း၊ ကျန်းမာရေးအထူးဂရုပြုရေးနှင့် အားကစားနည်းအလိုက်   အောင်မြင်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး၊     စိတ်ဓာတ်မြှင့်တင် အသိပညာပေးဆွေးနွေးမှုများ မကြာခဏပြုလုပ် လျက်ရှိသည့်အပြင် အားကစားသမားများအနေဖြင့် လည်း စိတ်ဓာတ်ရေးရာအရ၊ လေ့ကျင့်မှုအခြေအနေ အရ၊ စည်းကမ်းကောင်းမွန်မှုအခြေအနေအရ နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသောကြောင့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့   ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား စိတ်ဓာတ်မြင့်မားတက်ကြွစေရေးအတွက် ပြည်သူ တစ်ရပ်လုံးက     အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းအားပေးကြပါရန်       တိုက်တွန်းနှိုးဆော်   လိုက်ရပါသည်။      ။