(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(ခွန်ဘိုကာတာ)နှင့် ခြင်းလုံးအားကစားနည်းများမှ ရွှေတံဆိပ်ဆု တစ်ခုစီ ထပ်မံဆွတ်ခူးရရှိ

 

နေပြည်တော်  မေ   ၉


ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင် အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (ခွန်ဘိုကာတာ)အားကစားပြိုင်ပွဲ ပွဲစဉ်များကို       ယမန်နေ့ဒေသ စံတော်ချိန်   နံနက်   ၉   နာရီခွဲ တွင်   ဖနောင်ပင်မြို့ရှိ    Chroy Changvar  Hall (C)  ၌  ကျင်းပ ပြုလုပ်ခဲ့သည်။ 

 


အမျိုးသမီး တစ်ယောက်နှင့် အမျိုးသားနှစ်ယောက်တွဲ အတိုက် ပြိုင်ပွဲတွင်          မြန်မာနိုင်ငံမှ မောင်ပိုင်ဇေယျာဖြိုး၊  မောင်အံ့ ဘွယ်ငြိမ်းနှင့်   မနီလာစိုးဦးတို့ အတွဲက   ပထမ(ရွှေတံဆိပ်ဆု) ရရှိသည်။  အမျိုးသမီး ဓားကောက် စွမ်းရည်ပြပြိုင်ပွဲတွင်   မြန်မာနိုင်ငံ မှ    မသီင်္ဂီဝင်းကျော်က   ဒုတိယ (ငွေတံဆိပ်ဆု)၊          အမျိုးသား ဓားကောက်စွမ်းရည်ပြပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ    မောင်အံ့ဘွယ်ငြိမ်း က   တတိယ(ကြေးတံဆိပ်ဆု)၊  အမျိုးသမီး     သုံးယောက်တွဲ  စွမ်းရည်ပြပြိုင်ပွဲတွင်    မြန်မာနိုင်ငံ မှ    မဝတ်ရည်ဦး၊ မမြတ်နိုးဝေနှင့်  မသိင်္ဂီဝင်းကျော်တို့   အတွဲက   တတိယ  (ကြေးတံဆိပ်ဆု)တို့ကို     ရရှိခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့်    တာဝန်ရှိသူ များသည်   Chroy   Changvar Convention Centre, Hall (F) ၌ ကျင်းပ   ပြုလုပ်လျက်ရှိသည့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ      ပွဲစဉ်များကို သွားရောက်ကြည့်ရှုအားပေးခဲ့ရာ (အမျိုးသားဓား တစ်လက်အပြ) ပြိုင်ပွဲတွင်     ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊  မြန်မာ၊  ဖိလစ်ပိုင်၊ ထိုင်းနှင့်     ဗီယက်နမ်နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး   မြန်မာ နိုင်ငံမှ   မောင်အိုက်စိုးလင်းက ပထမ(ရွှေတံဆိပ်ဆု)၊ အမျိုးသား  တုတ်ရှည်အပြ       ပြိုင်ပွဲတွင်  ကမ္ဘောဒီးယား၊     အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ တို့       ယှဉ်ပြိုင်ကစားခဲ့ကြပြီး  မြန်မာနိုင်ငံမှ  မောင်တင်ထူးဇော် က ဒုတိယ(ငွေတံဆိပ်ဆု)၊ အမျိုး သမီး ဓားမောက်အပြ ပြိုင်ပွဲတွင်   မြန်မာ၊  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး     မြန်မာနိုင်ငံမှ   မအိန္ဒြေဖူးက  ဒုတိယ (ငွေတံဆိပ် ဆု)၊ အမျိုးသား ဓားမြှောင်အတိုက်        ပြိုင်ပွဲတွင်  ကမ္ဘောဒီးယား၊   အင်ဒို နီးရှား၊    မြန်မာနှင့်   ထိုင်းနိုင်ငံ တို့      ယှဉ်ပြိုင်ကစားခဲ့ကြပြီး                        မြန်မာနိုင်ငံမှ    မောင်အောင်ခိုင် လင်းနှင့် မောင်ဟိန်းထက်အောင် တို့ အတွဲ က   တတိယ(ကြေးတံဆိပ် ဆု)၊ Females Self - Defence (အမျိုးသား/ အမျိုးသမီး) အပြ ပြိုင်ပွဲတွင်         မြန်မာနိုင်ငံမှ       မောင်အောင်ခိုင်လင်းနှင့်   မချစ်နို ဒီဆောင်းတို့   အတွဲက  တတိယ (ကြေးတံဆိပ်ဆု)ကို    လည်း ကောင်း ရရှိခဲ့ကြသည်။

 


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် Basketball Hall NSTC ၌ ကျင်းပ လျက်ရှိသည့် (အမျိုးသား/ အမျိုး သမီး) ခြင်းလုံးအားကစားပြိုင်ပွဲများသို့    သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ခြင်းလုံး (အမျိုးသား၊ အမျိုးသမီး) Linking Event-3 ပြိုင်ပွဲတွင်   မြန်မာ၊   လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့   ယှဉ်ပြိုင် ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မလဲ့ ဝတီဇော်၊ မောင်အောင်မြင့်မြတ်၊ မနှင်းဝတ်ရည်ဗိုလ်၊ မောင်အောင် နိုင်ဖြိုးဟန်၊         မရွှန်းလဲ့ဝေ၊ မောင်သော်ဝေဇင်၊ မငြိမ်းအိမွန်၊ မောင်စိုင်းဇော်ဇော်တို့  အတွဲက ရမှတ်   ၄၅၉  မှတ်ဖြင့်   ပထမ (ရွှေတံဆိပ်ဆု) ကိုလည်းကောင်း၊ ခြင်းလုံး (အမျိုးသား)  Linking  Event-3   ပြိုင်ပွဲတွင်    လာအို၊  မြန်မာ၊  မလေးရှားနှင့်  ကမ္ဘော ဒီးယားနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီး   မြန်မာနိုင်ငံမှ  မောင်စိုင်း ဇော်ဇော်၊   မောင်ပြည့်ဖြိုးကျော်၊    မောင်မင်းခန့်ဝင်း၊   မောင်အောင် နိုင်ဖြိုး၊         မောင်သူရိန်လင်း၊  မောင်ဓူဝံကျော်၊    မောင်ခန့်ဝင်း ဟိန်းနှင့် မောင်ကောင်းမြတ်သီဟ တို့ အတွဲက ရမှတ်  ၄၀၇ မှတ်ဖြင့်   ဒုတိယငွေတံဆိပ်ဆု၊   ခြင်းလုံး   (အမျိုးသမီး)  Linking Event-3   ပြိုင်ပွဲတွင် ထိုင်း၊ မြန်မာ၊ လာအို နှင့်        ကမ္ဘောဒီးယားနိုင်ငံတို့    ယှဉ်ပြိုင်ကစားခဲ့ကြပြီး     မြန်မာ နိုင်ငံမှ   မမှုံနံ့သာ၊ မလဲ့ဝတီဇော်၊ မမေဖူးဟန်၊ မရွှန်းလဲ့ဝေ၊ မမေ ဖြိုးစံ၊ မနှင်းဝတ်ရည်ဗိုလ်၊ မငြိမ်း အိမွန်နှင့်  မခိုင်သဇင်ဖြိုးတို့အတွဲ က ရမှတ် ၃၀၉ မှတ်ဖြင့်   ဒုတိယ (ငွေတံဆိပ်ဆု)  ကို   လည်းကောင်း ရရှိကြသည်။

 


မေ ၈ ရက်  ပြိုင်ပွဲ  ပွဲစဉ်များ တွင်    ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘိလိ ယက်၊   ပြေးခုန်ပစ်၊   ခွန်ခမာ၊ ဘော်လီဘောနှင့်          လက်ဝှေ့ အားကစားပြိုင်ပွဲများကို မြန်မာ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစား ခဲ့ကြရာ   ရွှေတံဆိပ် သုံးခု၊  ငွေ တံဆိပ် ငါးခု၊ ကြေးတံဆိပ် ငါးခု ထပ်မံရရှိခဲ့ကြသည်။

 


မေ ၉ ရက်  ပြိုင်ပွဲ  ပွဲစဉ်များ အဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ တင်းနစ်၊ ခြင်းလုံး၊  ကြက်တောင်၊   ဘိလိ ယက်၊  ဘော်လီဘော၊  ခွန်ခမာ၊ ခရစ်ကတ်၊ ဘောလုံး၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ ကို    မြန်မာနိုင်ငံမှ    ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 


(၃၂)   ကြိမ်မြောက်  အရှေ့ တောင်အာရှ      အားကစားပြိုင်ပွဲ တွင်  ယနေ့အထိ  မြန်မာနိုင်ငံမှ ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် ခုနစ်ခု နှင့် ကြေးတံဆိပ် ၂၃ ခု စုစုပေါင်း ဆုတံဆိပ် ၃၈ခု  ဆွတ်ခူးရရှိထား ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်