
နေပြည်တော် မေ ၂၂
၂၀၂၂ ခုနှစ် မေ ၂၃ ရက်မှ ၂၇ ရက်အထိ စင်ကာပူနိုင်ငံ Laguna National Golf Resort Club ၌ ကျင်းပမည့် 42nd Queen Sirikit Cup ဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ဂေါက်သီးရိုက်အဖွဲ့သည် မေ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန် မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာဂေါက်သီးရိုက်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးမြင့်အောင် (မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်)၊ အားကစားသမားများအဖြစ် ဖူးပွင့်ရတီခိုင်၊ မိုးပြည့်စုံခင်နှင့် ဇေယျာဝေဖူးတို့ ပါဝင်ကြသည်။ ယင်းပြိုင်ပွဲ တွင် သြစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကိုညီလေး၊ ဓာတ်ပုံ-MGF