(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

Type

 လက်ဆင့်ကမ်းစွမ်းရည်

===========

အန်ကယ်ပညာ
=========

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို  တော်လှန်ရေးကောင်စီ လက်ထက် ၁၉၆၄ ခုနှစ် အောက် တိုဘာလ ၁ ရက်နေ့ မှစတင်၍ ခေတ်နှင့်အညီ အဆင့်ဆင့်ပြောင်းလဲတိုးချဲ့ဖွဲ့စည်းလာခဲ့သည့်အတွက်      ထိုနေ့ကို ပင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြပါ သည်။  သို့ဖြစ်၍ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်၂၀၂၁ခုနှစ် အောက်တိုဘာလ  ၁ ရက်နေ့သည်   (၅၇)နှစ်မြောက်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဖြစ်ပါသည်။


ယနေ့ နိုင်ငံတော်သည်   ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး  စည်းကမ်းပြည့်ဝသော   ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ပေါ်လာရေးအတွက်  ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ဆောင်ရွက်ရာ တွင် နိုင်ငံသားတစ်ဦးချင်းသည်လည်းကောင်း၊   အဖွဲ့အစည်းအလိုက်သည်လည်းကောင်း  မိမိကျရာ တာဝန်ကို ကျေပွန်အောင်  ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများတွင်  မြန်မာ နိုင်ငံရဲတပ်ဖွဲ့သည်လည်း     ပါဝင်သည်ဖြစ်၍ မိမိတပ်ဖွဲ့အတွက်  ချမှတ်ထားသည့် ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ရာ  ရဲတပ်ဖွဲ့ဝင်တိုင်းသည်    တစ်ဦးချင်း စွမ်းရည်နှင့်ပြည့်ဝနေကြရမည်           ဖြစ်ပါသည်။  ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း၏  စွမ်းရည်ပြည့်ဝနေမှသာ တပ်ဖွဲ့ဝင်များနှင့်ဖွဲ့စည်းထားသည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်လည်း     စွမ်းရည်ပြည့်ဝသည့်  တပ်ဖွဲ့ကြီးဖြစ်နေမည်ဖြစ်ပါသည်။


အခြေခံအကျဆုံးလိုအပ်ချက်


ထိုသို့ စွမ်းရည်ပြည့်ဝနေမှသာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကြီး    (၄)ရပ်ဖြစ် သော ပြည်တွင်းလုံခြုံရေးနှင့်  ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊   မူးယစ် ဆေးဝါးအန္တရာယ်   တားဆီးကာကွယ်ရေးနှင့်  ပြည်သူ့အကျိုးပြုလုပ်ငန်း   ဆောင်ရွက်ရေး တာဝန်များကို မှန်ကန်မြန်ဆန်စွာ အောင်မြင် အောင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ကြည့်လျှင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အေးချမ်းသာယာမှုနှင့် ကိုယ်စိတ် နှစ်ပါးလုံခြုံမှုအတွက်   ဦးတည်ဆောင်ရွက်နေ သည်ကိုတွေ့ရပါသည်။   ထိုသို့နိုင်ငံတစ်ဝန်း လုံခြုံမှုရှိပြီး      အေးချမ်းသာယာနေမှသာ  ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကို   တည်ဆောက် နိုင်မည်ဖြစ်ပါသည်။   သို့ဖြစ်၍    နိုင်ငံတော် တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ စွမ်းရည်ပြည့်ဝရေးသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါသည်။


မျက်မှောက်ခေတ်တွင် နည်းပညာအသုံးပြုမှု တွင်ကျယ်လျက်ရှိရာ    ရာဇဝတ်မှုကျူးလွန် သူများအနေဖြင့်လည်း နည်းပညာကို အသုံးချ ၍ ဥပဒေချိုးဖောက်မှုများ၊  ရာဇဝတ်မှုများကို ကျူးလွန်လာကြရာ အချို့သောမှုခင်းကိစ္စရပ်များ တွင် သမားရိုးကျနည်းဖြင့် ရှာဖွေစုံစမ်းဖော်ထုတ် ရန်ခက်ခဲလာသဖြင့် ခေတ်နှင့်အညီ နည်းပညာ မြင့် အထောက်အကူပြု   ပစ္စည်းကိရိယာများကို လည်း ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ် ရန် လိုအပ်လာပါသည်။သို့ဖြစ်၍ ရဲတပ်ဖွဲ့ဝင်များ ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး  အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။


ထို့အပြင် ဥပဒေဘောင်အတွင်းမှ စီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့်  မူးယစ်ဆေးဝါးအပါ အဝင် တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းတို့မှ ရရှိသည့်   ငွေကြေးပမာဏကို   ယှဉ်ပြိုင်နိုင်ခြင်း မပြုနိုင်သည့်အပြင်    ငွေကြေးမတည်ငြိမ်မှုများ၊  ငွေကြေးခဝါချမှုများပါ  ဖြစ်ပေါ်နေသဖြင့် တိုင်းပြည် ၏ စီးပွားရေးကို  ကမောက်ကမဖြစ်စေပါသည်။  သို့အတွက်   မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ငွေကြေး ခဝါချမှုနှင့် ၎င်း၏ မူလဇာစ်မြစ် ရာဇဝတ်မှုခင်းများ ကိုပါ    ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါ သည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေး၊   ရာဇဝတ်မှုခင်းများလျော့နည်းကျဆင်းရေး၊ နယ်မြေ ဒေသတည်ငြိမ်ရေးတို့ကိုဆောင်ရွက်လျက်ရှိသည့် အပြင် နိုင်ငံတော်၏ သယံဇာတများ တရားမဝင် ခိုးထုတ်ခြင်းမှ   တားဆီးကာကွယ်ခြင်းများကို လည်း ဆောင်ရွက်လျက်ရှိပါသည်။     ထို့အပြင် နိုင်ငံတော်၏ စီးပွားရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးကို        အထောက်အကူပြုနေသည့်       ပို့ဆောင်ရေးနှင့်  ကူးသန်းရောင်းဝယ်ရေးအတွက်     ရေကြောင်း၊  လေကြောင်း၊   ရထားနှင့်  ကုန်းလမ်းပို့ဆောင်ရေး ဆိုင်ရာ ယာဉ်သွားလာမှု  လုံခြုံချောမွေ့စေရေးတို့ကိုပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။


ဖြည့်ဆည်းလေ့ကျင့်


သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်ကဏ္ဍများ အတွက် ရဲလုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များ၏စွမ်းရည်ပြည့်ဝရေးသည်  များစွာအရေးပါလျက်ရှိသည်ကို တွေ့ရပါ သည်။      ရဲတပ်ဖွဲ့ဝင်များ၏စွမ်းရည်ဟုဆိုရာတွင်  ပြည်သူလူထုအသိအမှတ်ပြုသည့် အသွင်သဏ္ဌာန် နှင့် အနှစ်သာရများ   ပြည့်ဝနေစေရမည်ဖြစ်ပါ သည်။ ထိုသို့ ပြည့်ဝနေစေရန်    ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၏   စွမ်းရည်(၄)ရပ်၊  အခြေခံအရည်အချင်း   (၅)ပါး၊  အမြင်(၅)မြင်၊   ခေါင်းဆောင်မှုအင်္ဂါရပ်      (၁၆)ချက်တို့နှင့်   ပြည့်စုံနေရန်   ဖြည့်ဆည်းလေ့ကျင့်နေကြရမည် ဖြစ်ပါသည်။


ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စနစ်တကျ ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်နှင့်အညီ စွမ်းရည်ပြည့်ဝသည့် တပ်ဖွဲ့ဖြစ်နေ စေရေးအတွက်    တည်ဆောက်ရေးတာဝန် (၄)ရပ်နှင့် တပ်ဖွဲ့များကို  တည်ဆောက်နေကြရမည် ဖြစ်ပါသည်။   နယ်စပ်ဒေသနှင့် ပြည်တွင်းလုံခြုံရေး တာဝန်များကို ထမ်းဆောင်ရာတွင် သိရှိလိုက်နာ ဆောင်ရွက်ကြရမည့် စစ်အောင်ရာသောအကြောင်း ကြီးများ၊ စစ်အခြေခံသဘောတရားများနှင့် စစ်နည်း ဗျူဟာများကို လက်တွေ့အသုံးချနိုင်ပြီး  တာဝန် ထမ်းဆောင်ရာ၌လည်း လှေခွက်ချည်းကျန် အလံ မလှဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊     အမိနိုင်ငံတော်၏မြေကို        တစ်လက်မမျှ  ပဲ့အပါမခံနိုင်သည့် တိုက်ပွဲဝင်စိတ်ဓာတ်မျိုး ထားရှိ နိုင်သည်အထိ လေ့ကျင့်ထားကြရမည်ဖြစ်ပါသည်။    


လုပ်ငန်းခွင်လေ့ကျင့်ရေး


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တိုင်းသည် နယ်ဘက် ဆိုင်ရာဥပဒေများအပြင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများကိုပါ အစဉ်လေးစားလိုက်နာကြ ရပြီး ဆောင်ရန်၊ ရှောင်ရန်အတိုင်းလိုက်နာနေထိုင် ကာ ရဲတပ်ဖွဲ့၏ အစဉ်အလာ (၁၂)ရပ်ကို  ထိန်းသိမ်း သွားကြရမည်ဖြစ်ပါသည်။  ထို့အပြင်   နေရာ ဒေသမရွေး၊ အချိန်အခါမရွေး ပေးအပ်သည့် တာဝန် နှင့်ပေါ်ပေါက်လာသည့်ပြဿနာများကို အောင်မြင် အောင်ဆောင်ရွက်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာကျန်းမာကြံ့ခိုင်မှု    အမြဲရှိနေစေရေးအတွက်  ခံနိုင်ရည်စံနှုန်းများအတိုင်း အမြဲလေ့ကျင့်နေကြရ မည်ဖြစ်ပါသည်။


ဤသို့  ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ  ကျန်းမာ ကြံ့ခိုင်ပြီး    ယုံကြည်ချက်၊ ခံယူချက်မြင့်မားကာ စွမ်းရည်ပြည့်ဝသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ပေါ်လာစေ ရေးအတွက် လေ့ကျင့်ရေးဖြင့် တည်ဆောက်ရာတွင် သင်တန်းကျောင်းများ၌ လေ့ကျင့်ခြင်းသည်အခြေ ခံမျှသာဖြစ်၍ လုပ်ငန်းခွင်များတွင်ပါ   တာဝန် ထမ်းဆောင်ရင်း လက်တွေ့လုပ်ဆောင်လေ့ကျင့် သွားကြရမည်ဖြစ်ပါသည်။


ထို့အပြင် သင်တန်းကျောင်းများတွင် သက်ဆိုင် ရာ ရာထူးအဆင့်အတန်းအလိုက် လုပ်ငန်းကျွမ်း ကျင်မှုမွမ်းမံလေ့ကျင့်ခြင်း၊    ပြည်ပနိုင်ငံများသို့ စေလွှတ်၍    သင်တန်းတက်ရောက်စေခြင်း၊   တပ်မတော်ဆိုင်ရာသင်တန်းများသို့  တက်ရောက် စေခြင်းနှင့် သက်ဆိုင်ရာတပ်ဖွဲ့အလိုက်  လေ့ကျင့်မှု များ ပြုလုပ်ခြင်းတို့ဖြင့်လည်း    တပ်ဖွဲ့ဝင်များ၏  အရည်အချင်းကို မြှင့်တင်ပေးနေရမည်ဖြစ်ပါသည်။


ကျေပွန်အောင်မြင်အောင်


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  နိုင်ငံတော်အစိုးရ နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ချမှတ်သည့် မူဝါဒများ၊ တည်ဆဲဥပဒေများနှင့်အညီ ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရာ တွင် ပြည်သူလူထုနှင့်  အများဆုံး  တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်   အဖွဲ့အစည်းဖြစ်ပါသည်။ ထို့အပြင် ဖွဲ့စည်းတည် ထောင်ချိန်မှစ၍ မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် ယှဉ်၍     အသုံးပြုခဲ့ကြသည့် ခေတ်စနစ်များ အလိုက် မိမိတို့၏တာဝန်ဝတ္တရားများကို ကျေပွန် အောင်ထမ်းဆောင်ခဲ့ကြသည့် အဖွဲ့အစည်းလည်း ဖြစ်ပါသည်။ 


 သို့ဖြစ်၍ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု နှင့် ထိတွေ့ဆက်ဆံရာတွင်  စွမ်းရည်ပြည့်ဝမှု ကို အရင်းပြု၍ ဥပဒေဘောင်အတွင်းမှ  သိမ်မွေ့ မှန်ကန်စွာဆက်ဆံခြင်း၊       ပြည်သူ၏ လိုအပ်ချက်များ ကို စိတ်ရင်းစေတနာကောင်းဖြင့် ဝန်ဆောင်မှု ပေးခြင်းတို့ဖြင့်   ပြည်သူလူထု၏ ကောင်းမွန်သည့် အမြင်နှင့် စိတ်ပိုင်းဆိုင်ရာယုံကြည်အားကိုးမှုတို့ကို ရယူတည်ဆောက်သွားကြရမည်        ဖြစ်ပါ သည်။ထို့အပြင် နိုင်ငံတော်အစိုးရ၏ရှေ့လုပ်ငန်း   စဉ်နှင့်   ဦးတည်ချက်များ အကောင်အထည်ဖော်ရာ တွင်လည်း မိမိတို့ကျရာကဏ္ဍမှ ကျေပွန်အောင်မြင် အောင် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။   ။