(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲနှင့် ယူ-၁၈ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၉


အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန      အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာ နိုင်ငံ   ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်  (၇၅) နှစ် မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်       တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)  ဘော်လီ ဘော(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ  ပွဲစဉ်များကို  ယနေ့နံနက် ၉ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ  (B)၌   ဆက်လက် ကျင်းပသည်။

 


ဝဏ္ဏသိဒ္ဓိအားကစားရုံ  (B) ၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ်   ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲ- နှစ်ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက  ရှမ်း ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ်    မန္တလေးတိုင်း ဒေသကြီးအသင်းက    ပဲခူးတိုင်း ဒေသကြီးအသင်းကို   သုံးပွဲပြတ် ဖြင့်လည်းကောင်း၊  ကယားပြည် နယ်အသင်းက   ကချင်ပြည်နယ် အသင်းကို   သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊   ရန်ကုန်တိုင်းဒေသကြီး အသင်းက  ချင်းပြည်နယ်အသင်း ကို သုံးပွဲ - တစ်ပွဲဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်း ကို သုံးပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

 


ဒီဇင်ဘာ   ၁၀   ရက်  နံနက် ၈    နာရီမှစတင်၍      ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ    ပွဲစဉ်များ အဖြစ်        ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့်  ဧရာဝတီတိုင်းဒေသ ကြီးအသင်း၊ မကွေးတိုင်းဒေသကြီး အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊   မန္တလေး တိုင်းဒေသကြီးအသင်းနှင့်   မွန် ပြည်နယ်အသင်း၊  ပဲခူးတိုင်းဒေသ ကြီးအသင်းနှင့်           စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊  (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်း ဒေသကြီးအသင်းနှင့်        ကရင် ပြည်နယ်အသင်း၊  ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့်           ကယား ပြည်နယ်အသင်း၊   မန္တလေးတိုင်း ဒေသကြီးအသင်းနှင့်  မွန်ပြည်နယ် အသင်း၊    ရှမ်းပြည်နယ်အသင်း နှင့်         ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့  ဆက် လက်  ယှဉ်ပြိုင်ကစားကြမည်ဖြစ် ပြီး   မည်သူမဆို  အခမဲ့ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

 


ပြည်နယ်နှင့်  တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ယူ-၁၈ (အမျိုးသမီး)     ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ ၃ နာရီ တွင်     နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ   လေ့ကျင့်ရေး ကွင်းများ၌ ကျင်းပရာ လေ့ကျင့် ရေးကွင်းအမှတ်(၁)၌   ဧရာဝတီ တိုင်းဒေသကြီးအသင်းက  ပဲခူး တိုင်းဒေသကြီးအသင်းကို သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့် ရေးကွင်းအမှတ်(၃)၌ ရှမ်းပြည် နယ်အသင်းက   ကရင်ပြည်နယ် အသင်းကို  ၁၀ ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိသည်။

 


ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီမှစတင်၍  ယူ-၁၈  (အမျိုး သမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် များအဖြစ်   လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်   မန္တလေးတိုင်း ဒေသကြီးအသင်း၊  လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌  ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ် အသင်းတို့    ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး  အခမဲ့  လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။                

အားကာမောင်