(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃    ခုနှစ်  (၇၅)   နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော (အမျိုးသား)၊ (အမျိုးသမီး) ပြိုင်ပွဲများ ယနေ့ ဆက်လက်ကျင်းပသည်။    
ယနေ့  နံနက်ပိုင်းတွင်   အသက်  (၂၅) နှစ်အောက်  (အမျိုးသား) ဘောလုံးပြိုင်ပွဲ  ပထမအဆင့်  အုပ်စုပတ်လည်ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို သုံးဂိုး-ဂိုးမရှိ ၊ မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ပညာရေး ဝန်ကြီးဌာနအသင်းကို  ခြောက်ဂိုး-တစ်ဂိုးနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လယ်နေရာချထားရေးဝန်ကြီး ဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို တစ်ဂိုး-ဂိုးမရှိတို့ ဖြင့် အနိုင်ရရှိသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို   ဒီဇင်ဘာ   ၂၄   ရက်တွင်   ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၅  ရက်  ညနေ ၃ နာရီတွင်   ကွာတားဖိုင်နယ်ပွဲစဉ်များ အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်း၊ ညနေ ၅ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အသင်းနှင့်    အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး    မည်သူမဆို   အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း  သိရသည်။
ဘော်လီဘောပြိုင်ပွဲကျင်းပ
ထို့အတူ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ကို ယနေ့နံနက် ၉ နာရီမှ  စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပခဲ့သည်။
ယနေ့  နံနက်  ၉  နာရီက  ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်း က ပညာရေးဝန်ကြီးဌာနအသင်းကို  သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ် ရေးဝန်ကြီးဌာနအသင်းက    ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသည်။
အခမဲ့ကြည့်ရှုနိုင်
ဘော်လီဘော အကြိုဗိုလ်လုပွဲ  ပွဲစဉ်များကို  ဒီဇင်ဘာ  ၂၄  ရက် နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ (အမျိုးသမီး)ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ (အမျိုးသား)  ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး  အခမဲ့လာရောက်ကြည့်ရှု  အားပေးနိုင်ကြောင်း သိရသည်။                                       အားကာမောင်