
နေပြည်တော် ဒီဇင်ဘာ ၂၂
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပ သည်။
ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အသင်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံးအသင်းကို ၁၁ ဂိုး- ဂိုးမရှိဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အသင်း က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အသင်းကို ၁၄ ဂိုး- ဂိုး(မရှိ)ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အသင်းကို ၁၆ ဂိုး - ဂိုး(မရှိ)ဖြင့် လည်းကောင်း၊ စွမ်းအင်ဝန်ကြီး ဌာနအသင်းက ပြန်ကြားရေး ဝန်ကြီးဌာနအသင်းကို ၁၀ ဂိုး - နှစ်ဂိုးဖြင့် လည်းကောင်း၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို ကိုးဂိုး - သုံးဂိုးဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိသည်။
အဆိုပါ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေး သည်။
ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ် အားကစားရုံ၌ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအသင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ် ရေးရာဝန်ကြီးဌာန အသင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းနှင့် အစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းနှင့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွား ကြမည်ဖြစ်၍ အားကစားဝါသနာ ရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင် ကြောင်း သိရသည်။
အားကာမောင်