(၇၇)နှစ်မြောက် အာဇာနည်နေ့

Type
1

 

မောင်ငြိမ်းအေး

မြန်မာနိုင်ငံ၏           လွတ်လပ်ရေး ဗိသုကာကြီး     ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့သည်မှာ  ဇူလိုင်လ  ၁၉  ရက်နေ့တွင် နှစ်ပေါင်း (၇၇)နှစ်ပြည့်ပြီဖြစ်သည်။
လူ၏အသက်ဖြင့်      တွက်စစ်လျှင် လူ့သက်တမ်းတစ်ခုမျှ  ကြာမြင့်ခဲ့ပြီဖြစ် သည်။  အချိန်ကာလကြာခဲ့ပြီဖြစ်သော် လည်း    တိုင်းပြည်အနေဖြင့်၊   ပြည်သူတို့ အနေဖြင့် ယနေ့ထက်တိုင်အောင် မမေ့နိုင် သေးပါ။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည် နှင့်    လူမျိုးအတွက်   သူမတူအောင် စွမ်းဆောင်ခဲ့သည့် ဆောင်ရွက်ချက်များ        စွဲထင်ကျန်နေသေးသည်။    ဗိုလ်ချုပ် အောင်ဆန်းကို   မမေ့နိုင်သလို ဗိုလ်ချုပ်   ချမှတ်ခဲ့သည့်လမ်းစဉ်များ၊ မျှော်မှန်းချက် များကို လိုက်နာဆောင်ရွက်ကြပါ၏လား ဟု ပြန်လည်ဆန်းစစ်ကြရမည်ဖြစ်သည်။
ငြိမ်းချမ်းသာယာသည့် လူ့ဘောင်သစ်
ဗိုလ်ချုပ်အောင်ဆန်းနှင့်    တကွ အာဇာနည်ကြီးများ မြတ်သောစွန့်လွှတ် ခြင်းဖြင့်    တိုင်းပြည်နှင့်   လူမျိုးအတွက် အသက်ခန္ဓာ  စွန့်လွှတ်ခဲ့ကြပေသည်။ နိုင်ငံနှင့်    လူမျိုးအတွက်    အသက် စွန့်လွှတ်ခဲ့ သော       ဗိုလ်ချုပ်အောင်ဆန်းနှင့်  တကွ  အာဇာနည်တို့၏      ကျေးဇူးသစ္စာကို အောက်မေ့သတိရနေရုံမျှဖြင့်၊ စုရုံးအလေး ပြုနေရုံမျှဖြင့်မပြီးပေ။      ဗိုလ်ချုပ်ကို ချစ်မြတ်နိုးလျှင် ဗိုလ်ချုပ်တို့ အသက်စွန့် ယူပေးခဲ့သော  မြန်မာနိုင်ငံ၏   လွတ်လပ် ရေး     အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင်၊ ဗိုလ်ချုပ်တို့   တည်ဆောက်ပေးခဲ့သည့်  တိုင်းရင်းသား    စည်းလုံးညီညွတ်ရေး  အရှည်ခိုင်ခံ့အောင်၊ ဗိုလ်ချုပ်တို့ မျှော်မှန်း ခဲ့သည့် တိုင်းရင်းသားလူမျိုးများအားလုံး ငြိမ်းချမ်းသာယာဝပြောသည့် လူ့ဘောင် သစ်  တည်ဆောက်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရပါမည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် ပြည်ထောင်စုမြန်မာ နိုင်ငံတော်နှင့်   တိုင်းရင်းသား   ပြည်သူ လူထုအားလုံးတို့အတွက်  တော်လှန်ရေး အဆင့်နှစ်ဆင့်  ချမှတ်ဆောင်ရွက်သွား ခဲ့သည်။     ပထမအဆင့်သည်     လုံးဝ လွတ်လပ်ရေးဖြစ်ပြီး    ဒုတိယအဆင့်သည်  ပြန်လည်ထူထောင်ရေး     ဖြစ်သည်ဟု    “ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေး တိုက်ပွဲ”       စာမျက်နှာ  (၁၁၂) တွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာပြည်လွတ်လပ်ရေး ကြိုးပမ်း မှုလက္ခဏာများကို   ဆန်းစစ်ပြီး   ပထမ အဆင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်ပြီးနောက် ဒုတိယအဆင့်သို့ ချီတက်ရမည့် တော်လှန်ရေး၏ တာဝန် သုံးရပ်ကို ချမှတ်ခဲ့သည်။
အစိုးရနှင့် ပြည်သူများ၏ မိတ်ဆွေ
ထိုတာဝန်သုံးရပ်မှာ (၁) ဒီမိုကရေစီ ရေး၊        (၂)     လယ်ယာမြေပြုပြင်ရေး၊ (၃) နယ်ချဲ့အမှီအခိုကင်းသည့် စီးပွားရေး ထူထောင်ရေးတို့ဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီး   ဗိုလ်ချုပ်အောင်ဆန်း သည်  ပထမအဆင့် လုံးဝလွတ်လပ်ရေး တိုက်ပွဲကာလမှာပင် နယ်ချဲ့လက်ဝေခံ၊   အမျိုးသားသစ္စာဖောက်၊     လူသတ်သမား တို့၏ လက်ချက်ဖြင့်  ကျဆုံးခဲ့ရသည်။ ဒုတိယအဆင့် တော်လှန်ရေးတာဝန်ကို မဆောင်ရွက်ခဲ့ရပေ။   သို့သော်  ဗိုလ်ချုပ် သည်    ကြိုတင်မြော်တွေးထားခဲ့သည်။ မြန်မာပြည်၏  စီးပွားရေးတိုက်ပွဲဟာ ရှည်ကြာမည်၊ ခက်ခဲမည်၊ ပထမအဆင့် နိုင်ငံရေးလွတ်လပ်မှုအတွက် နောက်ဆုံး ပြင်ဆင်မှုအတွင်းမှာပင် အနာဂတ်အတွက်   တိုင်းပြည်ကာကွယ်ရေးနှင့်  စီးပွားရေး အခြေခံများကိုမြော်မြင်ပြီး စတင်အုတ်မြစ် ချထားရမည်ဟု ၁၉၄၇ ခုနှစ် အစောပိုင်း က   ပြောကြားထားသည်ကို “အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲများ” စာမျက် နှာ (၇၇) တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်သည် လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းခဲ့သည်။  တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာဝပြောရေးနှင့် ပတ်သက် ၍    တရားမျှတသော   လူ့ဘောင်ကို မျှော်မှန်းခဲ့သည်။ အများအကျိုးကို ရှေးရှု ခဲ့သည်။ မျက်ကန်းမျိုးချစ်၊ မျက်ကန်း တော်လှန်ရေးကိုအားမပေး။  ကိုယ့်လူမျိုး အချင်းချင်း   သတ်ဖြတ်၊   လုယက်၊ သူပုန်ထ၊       မီးရှို့နေခြင်းများသည် တော်လှန်ရေးလားဟု ပြောကြားခဲ့သည်။ နိုင်ငံနှင့်      ပြည်သူ့အကျိုးစီးပွားနှင့် ပတ်သက်၍         အထူးသင်ကြား တတ်မြောက်သူများသည်   အစိုးရနှင့် ပြည်သူများ၏  မိတ်ဆွေဖြစ်ရမည်ဟု ပြောခဲ့သည်။ စီးပွားရေးနှင့်ပတ်သက်၍ စီမံကိန်းများကို   ပြန်လည်စစ်ဆေးပြီး တိုင်းပြည်အကျိုးနှင့်     ကိုက်နိုင်သမျှ ကိုက်အောင်     ဆောင်ရွက်ရမည်။ တိုင်းပြည်ကို   ပြန်လည်ထူထောင်ကြ တော့မည်ဆိုလျှင် National   Planning  ဟုခေါ်သည့် စီမံကိန်းများနှင့်မလုပ်ဘဲ ဘယ်နည်းနှင့်မျှ တိုင်းပြည်မကြီးပွားနိုင်၊ မထူထောင်နိုင်။    ပဒေသာပင်  မြေက မပေါက်နိုင်။ ပဒေသာပင်ပေါက်အောင် အလုပ်လုပ်မှဖြစ်မည်။      လွတ်လပ်ရေး ရသော်ငြား လွတ်လပ်ရေးတာဝန် မထမ်း ဆောင်ချင်လျှင်    လွတ်လပ်ရေး ဒီနေ့ရ၊ မနက်ဖြန် တခြားလက် ပြန်ပါသွားမည်။
ကမ္ဘာတည်သရွေ့ မမေ့နိုင်စရာ
ပြန်လည်ထူထောင်ရေး     ဖြစ်ဖြစ်၊ ကာကွယ်ရေးဖြစ်ဖြစ်   လုပ်သည့်အခါ တိုင်းပြည်လူထုနှင့်ယှဉ်ပြီး    ကိုယ်ထိ လက်ရောက်ပါဝင်ဖို့၊ တိုင်းပြည်ကာကွယ် ဖို့အတွက် စစ်ထဲဝင်ရမည်၊ ဝင်ပြီးနောက် တိုက်ချင်ချင်၊  မတိုက်ချင်ချင်  တိုက်ရ မည်။ တစ်တိုင်းပြည်လုံး ကြီးပွားစေချင် လျှင် ဗမာကတစ်မျိုး၊   ကရင်ကတစ်ဖုံ၊  ရှမ်း၊ ကချင်၊   ချင်းတို့ကတခြား    အကွဲကွဲ အပြားပြားလုပ်နေလျှင်   အကျိုးရှိမှာ မဟုတ်။   စုပေါင်းလုပ်ကြမှသာ   အကျိုး ရှိနိုင်မည်။   တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ် ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ ထိုညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ် လုံး တိုင်းပြည်လွတ်လပ်ပင် လွတ်လပ် ငြားသော်လည်း    ဘယ်ပါတီတက်တက်၊    ဘယ်အစိုးရလုပ်လုပ် တိုင်းပြည်ပျက်စီး မည် စသည်တို့သည် မြန်မာပြည်အတွက် ဗိုလ်ချုပ်အောင်ဆန်း        မြော်တွေး ပြောကြားခဲ့သော    အနှစ်ချုပ်စကားများ ဖြစ်သည်။
မြန်မာနိုင်ငံသည်        နယ်ချဲ့ လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် အခြယ်လှယ်ခံ၊ သွေးစုပ်ခံဘဝဖြင့် နေခဲ့ ရသည်။ သူ့ကျွန်မခံလိုသော မြန်မာတို့ သည် ကျူးကျော်သူနယ်ချဲ့တို့ကို အသက် သွေးချွေးတို့ဖြင့်       ရင်းနှီးပေးဆပ်ကာ    နည်းမျိုးစုံဖြင့်    တော်လှန်ခဲ့ကြသည်။   ဤသို့ တော်လှန်ခဲ့ကြသည့်    သမိုင်းစဉ် တွင်    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ     အာဇာနည်ခေါင်းဆောင်ကြီးများသည် တိုင်းပြည်နှင့် လူမျိုးအပေါ် တာဝန်သိသိ သစ္စာရှိရှိဖြင့် ကိုယ်ကျိုးမဖက် အသက်ကို ပဓာနမထားဘဲ    တွန်းလှန်တိုက်ပွဲဝင် ခဲ့သော    ကျေးဇူးကြောင့်  သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ပေသည်။    အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်    အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကား မြန်မာပြည်သူတို့အဖို့ ကမ္ဘာတည်သရွေ့  မမေ့နိုင်စရာဖြစ်၍    သတိရကြသည်။     ဝမ်းနည်းကြေကွဲ ဖြစ်ကြရသည်။
သို့သော် မြန်မာပြည်သူတို့အနေဖြင့် ဤသို့ သတိရရုံ၊ လွမ်းဆွတ်နေရုံ၊ ဝမ်းနည်း ကြေကွဲနေရုံဖြင့်  မည်သို့မျှ အကျိုးရှိလာ မည်မဟုတ်ပေ။ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို ဤနေ့ ဤရက် တွင် သတိရဂုဏ်ပြုလေးစားသမှုပြုပြီး ဗိုလ်ချုပ်အောင်ဆန်း    မျှော်မှန်းသည့် လူ့ဘောင်လောကသစ်   ဖြစ်ပေါ်လာ အောင် ဆက်လက်တည်ဆောက်ကြရ မည်။     သို့မှသာလျှင်   မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူအပေါင်းတို့သည်   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ  အာဇာနည်များ အား   ဂုဏ်ပြုရာ၊   သစ္စာစောင့်သိရာ၊ ကျေးဇူးဆပ်ရာရောက်မည်ဖြစ်ပေသည်။ 
ရှေ့လုပ်ငန်းစဉ်များနှင့်အညီ
ကိုယ့်ခွန်ကိုယ့်အားဖြင့် ကြိုးပမ်း
ဗိုလ်ချုပ်အောင်ဆန်း    မျှော်မှန်းခဲ့ သည့်အတိုင်း တပ်မတော်သည် ဒီမိုကရေစီ စနစ်ကို   အကောင်အထည်ဖော်ပေးခဲ့ သည်။ သို့သော် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အာဏာစွဲ ပြည်ပအမှီအခိုလွန်ကဲမှုကြောင့်  တိုင်းပြည် နှင့် ဒီမိုကရေစီလမ်းကြောင်း    ယိမ်းယိုင်       
သွေဖည်လာသဖြင့်  ပြန်လည်တည့်မတ် အောင်   တည်ဆောက်ပေးနေခြင်းဖြစ် သည်။ အကယ်၍သာ အာဏာရနိုင်ငံရေး ပါတီ       အဖွဲ့အစည်းကြီးတစ်ခုသည် နိုင်ငံရေးကျင့်ဝတ်သိက္ခာကို   စောင့်စည်း လျက်   လက်ခံထားသည့်   ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်   မဖောက်မပြန်  အဖြောင့်အမှန်   သွားမြဲသွားနေခဲ့မည်၊ ပြည်ထောင်စုကြီးလည်း    ယိမ်းယိုင် ပျက်ပြားမှုမရှိဘဲ ပကတိကြံ့ခိုင်စည်းလုံးလျက်ရှိမည်ဆိုသော် တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍   နိုင်ငံတော်ကို   ထိန်းသိမ်း စောင့်ရှောက်ရန် အကြောင်းပေါ်လာမည် မဟုတ်ပေ။
မျက်မှောက်ကာလတွင်  နိုင်ငံတော် က   ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ တွင်      အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း   ချမှတ်လမ်းညွှန် ပေးခဲ့သည့်    တာဝန်များကို   ဆက်လက် ထမ်းဆောင်နေခြင်း        မည်ပါသည်။ ဗိုလ်ချုပ်မျှော်မှန်းချက်များနှင့် ထပ်တူ တိုင်းပြည်ကို    ပိုမိုကောင်းမွန်အောင် တည်ဆောက်နေပါသည်။ မြန်မာနိုင်ငံ တွင်       ခွင့်တူညီမျှဝါဒဖြူစင်သည့် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင်  တည် ဆောက်လျက်ရှိပါသည်။        တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီစနစ် တည့်မတ်မှန်ကန်ရေး၊     နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့်    ပြည်သူလူထု  လူမှု စီးပွားဘဝ မြင့်မားရေးအတွက်    ချမှတ် ထားသည့်   ရှေ့လုပ်ငန်းစဉ်များနှင့်အညီ   ကိုယ့်ခွန်ကိုယ့်အားဖြင့်  ကြိုးပမ်းဆောင် ရွက်နေသည်ကို   တွေ့ရမည်ဖြစ်သည်။
ရှေ့လုပ်ငန်းစဉ်    ပထမအချက်ဖြစ် သည့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးအတွက်    နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်    လုံခြုံတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေချိန် တွင်  ပြည်ပနိုင်ငံအချို့က  အကြမ်းဖက် အဖွဲ့အစည်းများကို  တိုက်ရိုက်ဖြစ်စေ၊  သွယ်ဝိုက်၍ဖြစ်စေ  အကူအညီများပေး လျက်ရှိသည်။ လက်ဝေခံ   အကြမ်းဖက် အဖွဲ့များက တိုင်းပြည်ကို   ဖျက်ဆီးလျက် ရှိသည်။  တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊   သက်ဆိုင်ရာအဖွဲ့အစည်း များက တစ်နိုင်ငံလုံးဖြန့်ကြက်၍  လုံခြုံ ရေးလုပ်ငန်းများကို       စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။       ထိုသို့ ဆောင်ရွက်ခြင်းသည်    နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက်        သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။
တိုင်းပြည်လုံခြုံရေးအတွက် အချို့ ဒေသများတွင် ငြိမ်းချမ်းမှုကိုလိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သား များနှင့်    မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူ များကို       တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး သောင်းကျန်းသူများထံ    ပေးပို့မည့် လက်နက်ခဲယမ်းများကို တားဆီးပိတ်ဆို့ နိုင်ခဲ့သည်။    တပ်မတော်က   ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့် မြို့ရွာများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်    ဆောင်ရွက်ပေးလျက်ရှိသည်။ သောင်းကျန်းသူများသည်     ၎င်းတို့ လက်လွှတ်ခဲ့ရသည့် မြို့ရွာများကို မီးရှို့ ဖျက်ဆီးပြီး    အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်စည်းစိမ်များ    ပျက်စီးအောင်  ရက်စက်ယုတ်မာစွာ   လုပ်ကိုင်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများသည်  ဒီမိုကရေစီလမ်းကြောင်းကို   သွေဖည်ပြီး  နယ်မြေအလိုက်     အာဏာထူထောင်ရေး လုပ်ဆောင်နေကြသည်ကို     တွေ့ရမည် ဖြစ်သည်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကိုသာ မျက်ခြည်မပြတ် ဆောင်ရွက်
နိုင်ငံ့စီးပွား    မြင့်မားတိုးတက်ရေး အတွက်   စိုက်ပျိုးမွေးမြူရေးကိုအခြေခံ သည့်  ကုန်ထုတ်လုပ်ငန်းများ  တိုးတက် အောင်   ကြိုးပမ်းဆောင်ရွက်နေသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက် မှသာ နိုင်ငံ၏ GDP လည်း တိုးတက်လာ ပြီး ပြည်သူများ  လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာမည်ဖြစ်သည်။   နိုင်ငံတော် အစိုးရက   စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နေချိန်တွင် အချို့ပြည်ပနိုင်ငံ များနှင့်အဖွဲ့အစည်းများက အကြောင်း အမျိုးမျိုးဖြင့်   စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ကြသည်။   အလားတူ  နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်စေရန်အတွက် အကြမ်းဖက်သမားများက နယ်စပ်ဒေသ များတွင်     တိုက်ပွဲများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ     လုပ်ဆောင်ခဲ့သည်။ ယခင်က      စီးပွားရေးပိတ်ဆို့မှုများ၊ ဘဏ်စနစ်ပြိုလဲအောင် လုပ်ဆောင်မှုများ၊ ငွေကြေး     ကမောက်ကမဖြစ်အောင် လုပ်ဆောင်မှုများရှိခဲ့သည်။ ယခုလည်း အဆိုပါ    အနှောင့်အယှက်များရှိနေဆဲ ဖြစ်သည်။
တိုင်းပြည်   ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း ဆောင်ရွက်လျက်ရှိ သည်။ NCA စာချုပ် လက်မှတ်ရေးထိုး ထားသည့်       အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယာယီအပစ် အခတ်ရပ်စဲရန်   သဘောတူထားသည့်   လက်နက်ကိုင်အဖွဲ့အချို့သည်     သဘော တူညီချက်များ  ချိုးဖောက်လာသည်ကို    တွေ့ရသည်။ သို့သော်   နိုင်ငံတော်အစိုးရ အနေဖြင့်       တိုင်းရင်းသားပေါင်းစုံ     အတူတကွ    ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံ  ဖြစ်သည့်အတွက်    ပြည်ထောင်စုအကျိုးကို       ကြည့်၍   ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက် ရှိပြီး ခုခံကာကွယ်သည်မှအပ ၎င်းတို့၏ စခန်းများကို တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကိုသာ မျက်ခြည်မပြတ် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်    ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို   အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ အနာဂတ်      မြင့်မားတိုးတက်လာရေး အတွက်  ပညာရေးကို   မြှင့်တင်အားပေး လျက်ရှိသည်။ ကျောင်းနေအရွယ်ကလေး အားလုံး ပညာသင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရပညာရေးကို    အကောင် အထည်ဖော်လျက်ရှိပြီး KG+12 အထိ ကျောင်းသုံးလိုအပ်ချက်များကို ထောက်ပံ့ ပေးလျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခ များကြောင့်   ကယားပြည်နယ်၊  ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)  တို့ရှိ ကျောင်းများ မဖွင့်လှစ်နိုင်သေးသည် မှာ စိတ်မကောင်းဖွယ်ဖြစ်သည်။ မဖွင့်ရ သေးသည့်ကျောင်းများ ဖွင့်လှစ်နိုင်ရေး နှင့် ဖွင့်ပြီးကျောင်းများ   အေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက်   ဆောင်ရွက် ပေးလျက်ရှိသည်။
နိုင်ငံတော်၏   လက်ရှိရည်မှန်းချက် သည်    လွတ်လပ်၍   တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပနိုင်ရေးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်     ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင်  မဲစာရင်းမှားယွင်းမှုကြောင့်  နိုင်ငံ့ သမိုင်းတွင်  အလွန်ဆိုးရွားသည့်အမည်းစက် ဖြစ်ခဲ့ရသည့်အဖြစ်မျိုး   မဖြစ်စေရေး အဖြစ်နိုင်ဆုံး   မဲစာရင်းမှန်ကန်ရေးကို ဆောင်ရွက်လျက်ရှိသည်။   လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးကို ယခုနှစ် အောက်တို ဘာလတွင်       ပြုလုပ်သွားမည်ဖြစ်ရာ သန်းခေါင်စာရင်းများ        အပြည့်အဝ ကောက်ယူနိုင်မှသာ       မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ပြီး ရွေးကောက် ပွဲကို    မှန်ကန်စွာ  ပြုလုပ်နိုင်မည်ဖြစ် သည်။     အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါ က   လွတ်လပ်ပြီး    တရားမျှတသော      ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ  ကျင်းပ၍ ပေါ်ထွက်လာသည့်အစိုးရ အား   နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီးများ
မျှော်မှန်းခဲ့သည့် လမ်းစဉ်အတိုင်း ဆက်လက်ဖော်ဆောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   နိုင်ငံတော်နှင့်   တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ နိုင်ငံတော်၏    ရှေ့လုပ်ငန်းစဉ်များကို  တစ်ဆင့်ပြီးတစ်ဆင့်        လက်တွေ့ အကောင်အထည်ဖော်    ဆောင်ရွက်နေ သည်။ ထိုသို့ဆောင်ရွက်ရာတွင်  အခက် အခဲ၊    အနှောင့်အယှက်နှင့်    စိန်ခေါ်မှု များစွာ ကြုံတွေ့လျက်ရှိသည်။ မြန်မာ နိုင်ငံ၏     နိုင်ငံရေးသမိုင်းကြောင်းကို ကြည့်လျှင်     လွတ်လပ်ရေးရပြီးသည့် ကာလမှစ၍    ယနေ့ထက်တိုင်အောင် ခယောင်းလမ်းကို ဖြတ်ကျော်နေရဆဲဖြစ် သည်။ အချိုးအဆစ် အကွေ့အကောက် အတက်အကျ  အပြောင်းအလဲများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်    အာဇာနည် ခေါင်းဆောင်ကြီးများ     ချမှတ်ခဲ့သည့်၊ မျှော်မှန်းခဲ့သည့်ပန်းတိုင်နှင့် အလှမ်းဝေး နေဆဲဖြစ်သည်။ ယနေ့နိုင်ငံတော်အစိုးရက ချမှတ်ဆောင်ရွက်နေသော လုပ်ငန်းစဉ် များသည် အာဇာနည်ခေါင်းဆောင်ကြီး များ   မျှော်မှန်းခဲ့သည့်လမ်းစဉ်အတိုင်း ဆက်လက်ဖော်ဆောင်နေခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို   နှမြောတသ သည်ဆိုလျှင်၊  သတိရအောက်မေ့သည် ဆိုလျှင်၊   တန်ဖိုးထားလေးစားသည် ဆိုလျှင် လမ်းညွှန်ပြသပေးခဲ့သည့်အတိုင်း ယနေ့နိုင်ငံတော်အစိုးရက ဆောင်ရွက်နေ သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပါဝင် လက်တွဲဆောင်ရွက်ကြရ မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊    ဖွံ့ဖြိုး တိုးတက်ရေး၊ စည်းလုံးညီညွတ်ရေးတို့ကို အဘက်ဘက်က    ဝိုင်းဝန်းနှောင့်ယှက် ဖျက်ဆီးနေကြသည်ကို   တွေ့ရမည်ဖြစ် သည်။   အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့်   တိုင်းရင်းသားပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ဆုံးရှုံး ပျက်စီးကြသည်ကို   စိတ်မကောင်းဖွယ် တွေ့ရမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ သလို ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်၊ လုယက်၊ တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးနေခြင်း များသည်   တော်လှန်ရေးလုပ်နေခြင်း မဟုတ်ပေ။ တိုင်းပြည်နှင့်    လူမျိုးကို ဖျက်ဆီးနေခြင်းသာဖြစ်သည်။ အကြမ်း ဖက်လုပ်ရပ်သက်သက်သာ   ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ    အတိဒုက္ခ ရောက်ကြရသလို        တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ဆောက်ပေး ထားသည့် အခြေခံအဆောက်အအုံများ၊ အရင်းအမြစ်များ   ပျက်စီးဆုံးရှုံးရသည်။ တိုင်းပြည်စီးပွားတိုးတက်ရေး၊    ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ   အဟန့် အတားဖြစ်စေသည်။     ပြည်သူတို့၏   ဆန္ဒဖြစ်သည့်၊    နိုင်ငံတော်၏   အန္တိမ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေးကို   ခက်ခဲ ကြန့်ကြာနှောင့်နှေးမှုများ ဖြစ်စေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသည်မှာ နှစ်ပေါင်း ၇၀ ကျော်    ကြာမြင့်ခဲ့ပြီ ဖြစ်သည်။    လွတ်လပ်ရေးရပင်ရငြား သော်လည်း လွတ်လပ်ရေးအသီးအပွင့် များကို   ပြည်သူအားလုံး   တန်းတူညီမျှ အခွင့်အရေး      မခံစားကြရသေးပေ။   တည်ငြိမ်အေးချမ်းသော   ဒေသများရှိ ပြည်သူများအနေဖြင့်  သာသာယာယာ     နေထိုင်ကြရသော်လည်း   မတည်ငြိမ်၊  မအေးချမ်းသောဒေသများရှိ ပြည်သူများ မှာ   အခွင့်အရေးများ  ဆုံးရှုံးနေသည်။  အတိဒုက္ခများ ခံစားနေရသည်။ ဗိုလ်ချုပ် ပြောကြားသကဲ့သို့    တစ်တိုင်းပြည်လုံး   ကြီးပွားစေချင်လျှင်     ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား   အကွဲကွဲအပြားပြားလုပ်နေလျှင်   အကျိုးရှိမည်မဟုတ်ပါ။ တိုင်းပြည်အကျိုး အတွက် ဝိုင်းဝန်းလက်တွဲ  စုပေါင်းအလုပ် လုပ်ကြမှသာ  အကျိုးရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ      တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ သာယာဝပြောရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း    မှာကြားခဲ့သည့် တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ တိုင်းသူ ပြည်သား လူထုညီညွတ်ရေး၊ ထိုညီညွတ် ရေးနှစ်ခုကို မဖြစ်မနေလုပ်ကြရမည်ဖြစ် သည်။   ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုကို    တည်ဆောက် ကြရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှု၊ တက်ကြွသည့်အားမာန်များဖြင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်လာအောင်  ကြိုးပမ်း ဆောင်ရွက်ကြရမည်          ဖြစ်သည်။ တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နိုင်ငံတကာအလယ်တွင် ​ အောက်ကျ နောက်ကျ အနှိမ်ခံ၊ အပယ်ခံ၊ အထင်သေး ခံဘဝသို့မရောက်ဘဲ ဝင့်ထည်မော်ကြွား ကာ ထည်ထည်ဝါဝါ၊ တစုတစည်းတည်း  ရပ်တည်နေထိုင်နိုင်ရန်အတွက် တိုင်းရင်း သားပြည်သူအားလုံး နိုင်ငံတော်အစိုးရ နှင့်အတူ    လက်တွဲညီညီ       ကြိုးပမ်း       ဆောင်ရွက်ကြရမည်ဖြစ်သည်။       ။