
ရန်ကုန် ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း အမျိုးသား၊ အမျိုးသမီးဘိလိယက် နှင့် စနူကာဗိုလ်လုပွဲပြိုင်ပွဲများကိုယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစား ပြိုင်ဝင်း မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်၌ ကျင်းပသည်။
အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲများ၌ အမျိုးသမီးတစ်ဦးချင်း 9 Ball ပြိုင်ပွဲတွင် လှိုင်သာယာ(အနောက် ပိုင်း) အေးမွန်ချစ်က မင်္ဂလာဒုံမှ စမ်းစမ်းမော်ကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားတစ်ဦး ချင်း ဘိလိယက်ပြိုင်ပွဲတွင် ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ် မှ မောင်ရှိုင်းလင်းအောင်က မြောက်ဥက္ကလာပ မြို့နယ်မှ မောင်အောင်မြင့်ကို သုံးပွဲ - နှစ်ပွဲ ဖြင့် လည်းကောင်း၊ အမျိုးသား တစ်ဦးချင်း စနူကာပြိုင်ပွဲတွင် ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ မောင်စိုးကိုကိုဝင်းက ဒေါပုံမြို့နယ် မှ မောင်မောင်အေးကို သုံးပွဲ- နှစ်ပွဲဖြင့်အနိုင်ရရှိသည်။ ပြိုင်ပွဲ များအပြီး ဆုပေးပွဲကိုကျင်းပရာ ဘိလိယက်၊ စနူကာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသောအားကစားသမားများအားရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီးအားကစား နှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာဆပ်ကော်မတီဥက္ကဋ္ဌတို့ကတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုများချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမျိုးသမီးတစ်ဦးချင်း 9 Ball ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော အားကစား သမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် တံခွန်စိုက် ဆုဖလားရရှိသွားသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အား ဆုဖလား ချီးမြှင့်သည်။ ပြိုင်ပွဲသို့ မြို့နယ်ပေါင်း ၃၉ မြို့နယ်မှ ဘိလိယက်နှင့်စနူကာ၊ 9 Ball Pool ကစားသမား၂၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
ယင်းပြိုင်ပွဲမှ ဆုရအားကစားသမားများကိုစခန်းသွင်းရွေးချယ် သွားပြီး ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁ ရက်အထိ နေပြည်တော်၌ ကျင်းပမည့် ပြည်နယ်နှင့် တိုင်း ဒေသကြီးပြိုင်ပွဲအတွက် ရန်ကုန် တိုင်းဒေသကြီး ကိုယ်စားပြု အမျိုး သား ၁၀ ဦး၊ အမျိုးသမီးနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ် ကြောင်း သိရသည်။
အာကာစိုး