၉/၁၁ ဖြစ်ပြီး နှစ်ပေါင်း ၂၀ အကြာမှာ အကြမ်းဖက်မှုတွေ တစ်ကျော့ပြန်လာဦးမှာလား 

Type
7


 

လင်းဟန်သစ်

 

လွန်ခဲ့တဲ့နှစ် ၂၀ က အိန္ဒိယနိုင်ငံရဲ့ တနင်္ဂနွေနေ့ညနေခင်းလေး အမေရိကန်ပြည်ထောင်စုရဲ့ နံနက်ခင်းအစောပိုင်းလေးမှာ ကမ္ဘာကြီးကို ထာဝရပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှာ အယ်လ်ကေဒါအကြမ်းဖက်သမားတွေဟာ ခရီးသည်တင်လေယာဉ်လေးစင်းကို အပိုင်စီးကာ ဒုံးကျည်များအသွင် အမေရိကန် တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ လူ ၃၀၀၀ လောက် သေဆုံးခဲ့သလို ဒီဖြစ်ရပ်ဟာကမ္ဘာကြီးကို ထာဝရပြောင်းလဲစေခဲ့ပါတယ်။
စည်းခြားသတ်မှတ်လိုက်တဲ့ မျဉ်းတစ်ခုဖြစ်လာ  
ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ     အဓိကအုပ်စုကြီးနှစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုနဲ့  အကြမ်းမဖက်သူများကြား   စည်းခြားသတ်မှတ် လိုက်တဲ့ မျဉ်းတစ်ခုဖြစ်လာပြီး နိုင်ငံတိုင်းဟာ မိမိတို့နဲ့အတူ ရှိမလား ဒါမှမဟုတ် အကြမ်းဖက်သမားတွေနဲ့ အတူရှိမလားဆိုတာ အခုတော့ဆုံးဖြတ်ချက်ချရတော့မယ်လို့ အမေရိကန်သမ္မတ ဂျော့ဂျ်ဒဗလျူဘုရှ် က အဲဒီအချိန်က ပြောခဲ့ပါတယ်။
နောက်တစ်ခါ လက်နက်ကိုင်တပ်ဖွဲ့အသုံးပြုခွင့်လို့ခေါ်တဲ့ ဥပဒေ စတင်ခဲ့ပါတယ်။ အဲဒီဥပဒေက  အမေရိကန်အစိုးရကို ၉/၁၁ မှာ ပါဝင်သူတွေကို စစ်ရေးအရတိုက်ခိုက်ဖို့ လုပ်ပိုင်ခွင့်အာဏာပေးလိုက် ပါတယ်။ အဲဒီဥပဒေကို မဲခွဲလိုက်တဲ့အခါမှာတော့ လွှတ်တော်အမတ် ၅၀၀ မဲပေးခဲ့တဲ့အနက် တစ်မဲသာ ကန့်ကွက်မဲဖြစ်ခဲ့ပါတယ်။ 
အာဖဂန်စစ်ပွဲအတွက် တစ်ခဲနက်ထောက်ခံအတည်ပြုမှုတွေရရှိ 
အဲဒီအချိန်တုန်းကတော့ ဒီမိုကရက်တစ်ပါတီ  ဥပဒေပြုသူတစ်ဦး ဖြစ်တဲ့  ဘာဘရာဂျန်လီသာ   အာဖဂန်နစ္စတန်မှာ   ပြုလုပ်မယ့် အမေရိကန်စစ်ပွဲကို ကန့်ကွက်ဖို့   အသံထွက်တဲ့  တစ်ဦးတည်းသောသူ ဖြစ်ခဲ့ပါတယ်။ 
အာဖဂန်နစ္စတန်မှာပြုလုပ်မယ့်  စစ်ဆင်ရေးအတွက် တစ်ခဲနက် ထောက်ခံအတည်ပြုမှုတွေ    ရရှိပြီးနောက်မှာ   ဘုရှ်အစိုးရဟာ အယ်လ်ကေဒါတွေနဲ့ တည်ထောင်သူဖခင်ကြီးလို့ တင်စားရမယ့် အိုစမာဘင်လာဒင်ကို လက်စားချေတုံ့ပြန်ဖို့ အာဖဂန်နစ္စတန်ကို အမေရိကန်စစ်သားတွေ စေလွှတ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် အောက်တို ဘာမှာ  အမေရိကန်စစ်သားတွေဟာ   အာဖဂန်မြေပေါ်ခြေချခဲ့ကြ ပါတယ်။
တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ 
အဲဒီအချိန်တုန်းက အာဖဂန်နစ္စတန်ကို တာလီဘန်တို့ အုပ်ချုပ်နေ တဲ့အချိန်ဖြစ်ပါတယ်။ နှစ်လအတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေဟာ တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက တည်းက  တာလီဘန်တွေဟာ  အယ်လ်ကေဒါတို့ရဲ့ ကာကွယ်သူ ဖြစ်ခဲ့ပါတယ်။ သူတို့ကို   ပါကစ္စတန်စစ်ဘက်က   ကူညီထောက်ပံ့ခဲ့ ပါတယ်။
အိုစမာဘင်လာဒင်ကို သတ်ဖြတ်နိုင်ဖို့ ဆယ်နှစ်နီးပါးကြာ  
အမေရိကန်တွေအတွက် အိုစမာဘင်လာဒင်ကိုရှာဖွေဖော်ထုတ် ပြီး သတ်ဖြတ်နိုင်ဖို့ဆိုတာ ဆယ်နှစ်နီးပါးကြာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်ကို သုတ်သင်ခဲ့တော့လည်း အာဖဂန်နစ္စတန်မှာ မဟုတ်ဘဲ ပါကစ္စတန်ရဲ့ မြို့စောင့်တပ်တွေရှိတဲ့ အဘော့တာဘတ်မှာ ဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ အဲဒီမှာ အိုစမာဘင်လာဒင်ကို ညဘက်ဝင်ရောက်စီးနင်းပြီး      သုတ်သင်နိုင်ခဲ့တာ     ဖြစ်ပါတယ်။ အိုစမာဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ပြီး စစ်ဆင်ရေး အောင်မြင်ခဲ့တယ် လို့ ဆိုရမှာဖြစ်သော်လည်း အဲဒီအချိန်တုန်းက အမေရိကန်တပ်ဖွဲ့တွေကို သမ္မတအိုဘားမားအစိုးရက ချက်ချင်းတပ်မဆုတ်နိုင်ခဲ့ပါဘူး။ အကြမ်း ဖက်မှုကို   တိုက်ခိုက်ဖို့ စစ်ပွဲတွေ   ဆက်လက်ဆင်နွှဲလို့ကောင်းတုန်း ရှိပါသေးတယ်။ 
အမေရိကန်သမ္မတ ရွေးကောက်ပွဲငါးခုတိုင်လွှမ်းမိုး 
အယ်လ်ကေဒါ သို့မဟုတ် အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့စစ်ပွဲ ဟာ   အမေရိကန်သမ္မတ ရွေးကောက်ပွဲ ငါးခုတိုင်လွှမ်းမိုးခဲ့ပါတယ်။ နောက်ဆုံးရွေးကောက်ပွဲနှစ်ခုကတော့ စစ်ပွဲကို ဆက်မတိုက်တော့ဘဲ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အိမ်ပြန်ခေါ်ခဲ့ပါတယ်။ ဒီဇာတ်ကြောင်းကို သုံးသပ်မယ်ဆိုရင် အမေရိကန်တွေဟာ အယ်လ်ကေဒါကို ဖျက်ဆီးဖို့ သူ့ရဲ့ရည်မှန်းချက် အောင်မြင်ခဲ့တယ်လို့  ဆိုရမှာပါ။ 
အမေရိကန်တပ်ဖွဲ့ဝင်တွေကို   အိမ်ပြန်ပို့နိုင်တာက နောက်တစ်မျိုး ပြောရမယ်ဆိုရင် စစ်ပွဲပြီးဆုံးသွားတဲ့သဘောပါ။ အခုတော့ အာဖဂန် နစ္စတန်မှာ   အယ်လ်ကေဒါကို   ကာကွယ်ပေးတဲ့   တာလီဘန်တွေ ပြန်လည်အုပ်စိုးနေပြန်ပါပြီ။  အမေရိကန်တွေ  တပ်ဆုတ်သွားပြီးတဲ့ နောက်မှာ တာလီဘန်တွေဟာ အိုစမာဘင်လာဒင်နဲ့ ၉/၁၁ အကြမ်း ဖက်လုပ်ရပ်ကို အပြစ်အနာအဆာမရှိဘဲ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။
အယ်လ်ကေဒါတွေ အဆုံးမသတ်သေး 
အာဖဂန်နစ္စတန်မှာ  တာလီဘန်တွေပြန်လာခြင်းဟာ   အယ်လ် ကေဒါတွေ  အဆုံးသတ်သွားတဲ့သဘောကို မပြဆိုပါဘူး။  အာဖဂန် နစ္စတန်မှာ     အမေရိကန်တို့ရဲ့    စွန့်စားမှုကြီး    မပြီးဆုံးခင်အထိ အယ်လ်ကေဒါတွေဟာ  အာ့ဖ်ပက်ခ်ဒေသမှာ မထင်မရှားနဲ့ရှိကောင်း ရှိနိုင်ပါတယ်။ 
ဒီကာလမှာ အယ်လ်ကေဒါတွေဟာ  ဥရောပကို သက်ရောက်မှုဖြစ် စေမှုနဲ့အတူ အရှေ့အလယ်ပိုင်းကို အင်အားချဲ့ထွင်နေတယ်ဆိုတာကို တွေ့ရပါတယ်။ အိုင်အက်စ်တွေဟာ  အယ်လ်ကေဒါအဖွဲ့က  ခွဲထွက် လာတဲ့ အဖွဲ့ငယ်အသွင်နဲ့ အီရတ်အစိုးရကို ပြိုလဲစေတဲ့အထိ စွမ်းအား ကြီးမားခဲ့ပြီး ကမ္ဘာ့နိုင်ငံအတော်များများကိုလည်း စိန်ခေါ်ခြိမ်းခြောက် လျက်ရှိပါတယ်။
ကိုယ့်အတတ်နဲ့ ကိုယ်စူး
အာဖဂန်နစ္စတန်မှာဖြစ်တဲ့   အမေရိကန်စစ်ပွဲဟာ   ဥရောပမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ   အမြောက်အမြား   ဖြစ်စေသကဲ့သို့ အိုင်အက်စ်တွေကို   အက်ဖ်ပက်ကနေ   အရှေ့အလယ်ပိုင်းကိုရောက် အောင် မီးလောင်ရာလေပင့်ဖြစ်စေခဲ့ပါတယ်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတို့ဟာ ဂျီဟတ်အကြမ်းဖက်တွေရဲ့ ရက်စက်မှုတွေ စုပေါင်းရာ ဗဟိုအချက်အချာသဖွယ်ဖြစ်ခဲ့တယ်လို့    ကမ္ဘာ့အကြမ်းဖက်ဝါဒ စောင့်ကြည့်သူများက ပြောပါတယ်။ 
အမေရိကန်တို့ရဲ့  အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲကို အနောက် ဥရောပကတော့ ကိုယ့်အတတ်နဲ့ ကိုယ်စူးတဲ့ “boomerang reaction” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ 
အာဖဂန်စစ်ပွဲမှာ အမေရိကန်တို့ ဘာတွေရခဲ့လဲ
နှစ် ၂၀ ကြာ အာဖဂန်စစ်ပွဲမှာ အမေရိကန်တို့ ဘာတွေရလိုက်သလဲ ဆိုရင် ဆုံးရှုံးမှုအချို့ရခဲ့သလို အကျိုးအမြတ်အချို့လည်း ရခဲ့ပါတယ်။ အယ်လ်ကေဒါနဲ့ တာလီဘန်တို့ကို အပူတပြင်းလိုက်လံနှိမ်နင်းရာ မှာ အမေရိကန်ဒေါ်လာ  တစ်ထရီလီယံကျော်ကျော် ကုန်ကျခဲ့တယ်လို့ ဖော်ပြခဲ့သော်လည်း တကယ်တမ်းတော့ အာဖဂန်နစ္စတန်ပြန်လည် တည်ဆောက်ရေးအတွက် အမေရိကန်ကုမ္ပဏီတွေကို ပြန်ပေးရတာ တွေလည်း ရှိပါသေးတယ်။ အာဖဂန်အစိုးရကို ပံ့ပိုးပေးရတဲ့ တကယ့် ကုန်ကျစရိတ်ဟာ ပြောသလောက်မဟုတ်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ အာဖဂန်စစ်ပွဲမှာ    အမေရိကန်တွေရရှိခဲ့တဲ့  အကျိုးအမြတ်ကတော့ သူ့ရဲ့လက်နက်တွေကို  စမ်းသပ်လိုက်ရတာပဲဖြစ်ပါတယ်။ အာဖဂန်ကို အမေရိကန်တို့ကျူးကျော်တဲ့အခါမှာ   ဒရုန်းလက်နက်ဟာ  ထင်ရှားတဲ့ ဥဒါဟရုဏ်ပဲဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန်တို့ရှိနေချိန်  မှာ အမေရိကန်တွေဟာ ထုတ်ဖော်ကြေညာထားတဲ့ သူတို့ရဲ့ရန်သူတွေ ကို      ဒရုန်းလက်နက်တွေနဲ့ပစ်ခွင်းပြီး    သူတို့ရဲ့  ဒရုန်းနည်းပညာကို စမ်းသပ်ခဲ့ပါတယ်။
နောက်တစ်ခုကတော့   ကမ္ဘာကြီးရဲ့   ပထဝီဆိုင်ရာမဟာဗျူဟာ အချက်အချာလမ်းကြောင်းဆက်သွယ်မှုတွေကို    သိရှိခဲ့ခြင်းဖြစ်ပြီး ဒါက နောင်တစ်ချိန်မှာ   အမေရိကန်တွေဟာ  အရှေ့အလယ်ပိုင်းကို မျက်စိဒေါက်ထောက်ကြည့်နိုင်ဖို့အတွက်    အားသာချက်ဖြစ်လာ နိုင်ပါတယ်။
၉/၁၁ ကစလာတဲ့ စစ်ပွဲလည်းအဆုံးသတ်ခဲ့ပြီ။ နှစ်ဖက်အခြေအနေ တွေဟာလည်း အခုတော့ သူ့ဟာနဲ့သူ ဖြစ်နေပြီ။ အမေရိကန်တပ်ဖွဲ့တွေ လည်း   အိမ်ပြန်ကုန်ပြီ။  တာလီဘန်တွေလည်း   အာဖဂန်နစ္စတန်ကို ပြန်ရပြီ။ နိုင်ငံရေးဗျူဟာမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်လာဦးမှာ လဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရဦးမယ့်သဘောဖြစ် ပါတယ်။           ။                                    ကိုးကား - အိန္ဒိယတူဒေး