(၉)ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံ (MCIS) ၏ သတင်းထုတ်ပြန်ချက်

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်ကျင်းပသော (၉) ကြိမ်မြောက်   မော်စကိုအပြည်ပြည်ဆိုင်ရာလုံခြုံရေးညီလာခံ၏ အဓိကခေါင်းစဉ်မှာ တစ်ကမ္ဘာလုံးနှင့်   ဒေသတွင်းတည်ငြိမ်အေးချမ်း ရေး ပြဿနာများကို ရည်ညွှန်းပါသည်။


အဆိုပါညီလာခံသို့  ကာကွယ်ရေးဝန်ကြီးများ၊     တပ်မတော် ကိုယ်စားလှယ်အဖွဲ့များ၊ ပြည်ပနိုင်ငံများမှ   ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ်များ၊  နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော CIS၊ CSTO၊ UN၊ OSCE၊ ICRC၊ LAS တို့မှခေါင်းဆောင်များ အပါအဝင် လူအင်အား ၆၀၀ ကျော် တက်ရောက်ပါသည်။


ညီလာခံကို ဇွန်လ ၂၃ ရက်တွင်   စတင်ဖွင့်လှစ်ပါသည်။  ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က တက်ရောက်လာကြ သူများအား ဗီဒီယိုမှတစ်ဆင့်  ညီလာခံအဖွင့်မိန့်ခွန်းပြောပါသည်။ အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်(စ်)ကလည်း ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောပါသည်။ ယင်းနောက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး  ဆာဂျီရွှိုင်ဂူနှင့်   ဗဟို လုံခြုံရေးဌာနညွှန်ကြားရေးမှူး  အလက်ဇန်းဒါးဘော့နီကော့တို့က အဓိကကျသော ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ ရပ်တည် မှုများကို မိတ်ဆက်ရှင်းလင်းပါသည်။


ထို့နောက် မျက်နှာစုံညီအစည်းအဝေးကို  အပိုင်း  ၄  ပိုင်းဖြင့် ကျင်းပသည်။
အစည်းအဝေးပထမပိုင်းကို  “မဟာဗျူဟာမြောက်  တည်ငြိမ် အေးချမ်းရေးအပေါ် ပြုပြင်ပြောင်းလဲမှုနှင့် ရှေ့ရေးအလားအလာ” ဟု အမည်ပေးထားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော်စစ်ဦးစီး အရာရှိချုပ်နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ကြည်းတပ်ဗိုလ်ချုပ်ကြီး ဗာလီရီဂျီရာဆီမော့၊ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်း၊ ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်   ကာကွယ်ရေးဝန်ကြီး မိုဟမ်မတ်အယ်အတီယာ၊  ဘယ်လာရုသမ္မတနိုင်ငံ   ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ဗစ်တာခရီနင်၊   အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ပီတာမော်ရာ၊  အာဖဂန်နစ္စတန်သမ္မတ ဟောင်း ဟာမစ်ကာဇိုင်းတို့က ပါဝင်ဆွေးနွေးကြပါသည်။


အစည်းအဝေးဒုတိယပိုင်းကို “ကမ္ဘာ့နိုင်ငံရေးမူဘောင်အတွင်းက အာရှ-ပစိဖိတ်ဒေသ” ဟု အမည်ပေးထားပြီး   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဦးစီးညွှန်ကြားရေးမှူးရုံးအကြီးအကဲနှင့် ဒုတိယစစ်ဦးစီးအရာရှိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး  အီဂေါကော့စယူ ကော့၊ ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဖန်ဗန်ဇန်း၊ မော်ဒိုက်သမ္မတနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး ဟက်ဆန်ဇာမီး၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ  ဝန်ကြီးချုပ်နှင့်   ကာကွယ်ရေး ဝန်ကြီး ရှိတ်ဟာဆီနာ၊ ဘရူနိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး မိုဟမ်မတ် ယူဆွတ်တို့က ပါဝင်ဆွေးနွေးကြပါသည်။


အစည်းအဝေးတတိယပိုင်းကို “နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ကိုဗစ်-၁၉  ကို   တိုက်ဖျက်ရာတွင်    တပ်မတော်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ဟု အမည်ပေးထားပြီး   ကာဇက်စတန်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နာလန်အာမက်ဘာယက်၊ မွန်ဂိုလီးယားနိုင်ငံ  ကာကွယ်ရေးဝန်ကြီး   ဗိုလ်မှူးချုပ်  ဂါဆီဒင် ဆိုက်ဟန်ဘာယာ၊  ဇင်ဘာဘွေနိုင်ငံ  ကာကွယ်ရေးဝန်ကြီး အိုဖား မူချင်ဂူရီကာရှီနီ၊ ဆူဒန်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ယက်ဆင် အီဘရာဟင်၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂဒုတိယ အတွင်းရေးမှူးချုပ် ယွန်းပီယက်လက်ခွာ၊ ယူဂန်ဒါနိုင်ငံ တပ်မတော် ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူး ဗိုလ်ချုပ် အေဘရမ်မူဆင်ဂူဇီတို့က ပါဝင်ဆွေးနွေးကြပါသည်။


ညီလာခံပထမနေ့၏နောက်ဆုံးဖြစ်သော အစည်းအဝေး စတုတ္ထ ပိုင်းကို “သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် အဖြေများ”ဟု အမည်ပေးထားပြီး ကုလသမဂ္ဂဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ  အမြဲတမ်းကိုယ်စားလှယ်   ဗာဆီလီညီဘန်ဇီယာ၊ ပါကစ္စတန် နိုင်ငံ    ဒုတိယကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မိုဟမ်မတ် ဟီလယ်ဟူစိန်၊ Alternative  for  Germany   Party  ပူးတွဲဥက္ကဋ္ဌ တီနိုခရူပါလာ၊ ဗင်နီဇွဲလားတပ်မတော်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ  ဒုတိယကာကွယ်ရေးဝန်ကြီး    ရေတပ်ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဗာလက်စကူဘတ်စတီဒက်၊ ရုရှားအထက်လွှတ်တော် အမတ်နှင့် လူထုမီဒီယာနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြန်ကြားရေး မူဝါဒဆိုင်ရာ ဖက်ဒရေးရှင်းကောင်စီကော်မတီဥက္ကဋ္ဌ အလက်ဇန်းဒါး ပုရှကော့၊  ပြင်သစ်နိုင်ငံတကာလုံခြုံရေးဆိုင်ရာ   လေ့လာဆန်းစစ်မှု ဌာန   ညွှန်ကြားရေးမှူး  အလက်ဆန်ဒရိုဇာနာဆီ၊    ကာလက်တန် တက္ကသိုလ် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာမူဝါဒဌာန ညွှန်ကြားရေးမှူး ပီယော့တာဒူကီဝစ်၊ ဆားဘီးယားနိုင်ငံ တစ်မျိုးသား လုံး လွတ်မြောက်ရေးစစ်ပွဲများမှ စစ်ပြန်များသမဂ္ဂဥက္ကဋ္ဌ  အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာကိုဗာဆီဗစ်၊ ဘီလာရုနိုင်ငံ မဟာဗျူဟာ သုတေသနဌာန ညွှန်ကြားရေးမှူး    အိုလက်မာကာရော့၊    ရုရှား-ဆလိုဗက်ကီးယားအသိုင်းအဝိုင်းသမဂ္ဂဥက္ကဋ္ဌ   ချာနိုဂါစကီ၊ (The Hague) မဟာဗျူဟာလေ့လာရေးဌာနမှူး ရော့ဒီဝစ်တို့က   ပါဝင် ဆွေးနွေးကြပါသည်။


ညီလာခံဒုတိယနေ့ဖြစ်သော ဇွန်လ ၂၄ ရက်တွင်   ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး ကြည်းတပ်ဗိုလ်ချုပ်ကြီး နီကိုလိုင်း ပါထရူရှပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ   နိုင်ငံခြားရေးဝန်ကြီး   ဆာဂျီ လက်ရော့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်ပထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ဆာဂျီနာရစ်ရှကင်တို့၏ တင်ပြချက်များနှင့်အတူ ညီလာခံကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။


မော်စကိုအပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံကို ရုရှားကာကွယ် ရေး ဝန်ကြီးဌာန၏ ကမကထပြုမှုဖြင့် ၂၀၁၂ ခုနှစ်မှစ၍    နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါညီလာခံသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် အမှန်တကယ်ဖြစ်ပျက်နေသော ပြဿနာများကို ဆွေးနွေးရေးအတွက် ယုံကြည်လောက်သောပလက်ဖောင်းအဖြစ် ၎င်း၏အခန်းကဏ္ဍကို အမြဲတစေခိုင်မာစေပြီး    ရုရှားနိုင်ငံအတွက် သာမက ပြည်ပနိုင်ငံများအတွက်ပါ အစဉ်အလာကောင်းတစ်ခု   ဖြစ်ပါ သည်။