
ရန်ကုန် မေ ၃
၂၀၂၃ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို မေ ၃ ရက်က ထိုင်းနိုင်ငံ နာခွန်ရတ်ချာစီမာမြို့တွင် ဆက်လက်ကျင်းပရာ မြန်မာကလပ် VUC အသင်း ရှုံးပွဲကြုံတွေ့ပြီး အုပ်စုမှထွက်ခဲ့ရသည်။
အုပ်စုနောက်ဆုံးနေ့တွင် မလေးရှားကလပ် ပါဟန်းရိန်းဂျားအသင်းက မြန်မာကလပ် VUC အသင်းကို လေးဂိုး-သုံးဂိုး၊ ဗီယက်နမ်ကလပ် ထိုင်ဆွန် နန်အသင်းက သြစတြေးလျကလပ် Football Victoria အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။ VUC အသင်းသည် နောက်ဆုံးပွဲတွင် မလေးရှားကလပ်ကို အနိုင်ရပါက ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့ သဖြင့် အုပ်စုမှ ထွက်ခဲ့ရခြင်းဖြစ်သည်။
အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) ၌ ထိုင်း ကလပ် ဟောင်ယန်သာခမ်အသင်းက ရမှတ် ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားကလပ် ပါဟန်းရိန်းဂျားအသင်းက ရမှတ် သုံးမှတ်ဖြင့် အုပ်စု ဒုတိယရကာ ဆီမီးဖိုင်နယ်တက်ရောက်ပြီး မြန်မာ ကလပ် VUC အသင်းသည် နှစ်ပွဲစလုံးရှုံးကာ အုပ်စုမှ ထွက်ခဲ့ရသည်။ အုပ်စု (ခ) တွင်မူ အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ ဗီယက်နမ်ကလပ် ထိုင်ဆွန်နန်အသင်း က ရမှတ်သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီး ဖိုင်နယ်တက်ရောက်ခဲ့ပြီး သြစတြေးလျကလပ် Football Victoria အသင်းသည် နှစ်ပွဲစလုံး အရေး နိမ့်ကာ အုပ်စုမှထွက်ခဲ့ရသည်။ ရဲရင့်လွင်