အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်း သြစတြေးလျကို နှစ်ဂိုး - တစ်ဂိုးဖြင့် အရေးနိမ့်

 

ရန်ကုန်   ဇူလိုင်   ၂၉


၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ     အုပ်စု (ခ) နောက်ဆုံးနေ့ကို   ဇူလိုင် ၂၉ ရက် က အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့ ၌ကျင်းပရာ  သြစတြေးလျအသင်း က   မြန်မာအသင်းကို  နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 


နှစ်သင်းစလုံး ဆီမီးဖိုင်နယ် တက်ရောက်ပြီး ဖြစ်သောကြောင့် ယခုပွဲမှာ     အုပ်စုပထမနေရာ အတွက်သာ     ယှဉ်ပြိုင်ရခြင်းဖြစ် သည်။  ဆီမီးဖိုင်နယ်တွင်  အုပ်စု (က) မှ    တက်ရောက်လာမည့် ထိုင်း သို့မဟုတ်  ဗီယက်နမ်အသင်း နှင့်    တွေ့ဆုံမည်ဖြစ်သောကြောင့် မြန်မာအသင်း       နည်းပြချုပ် ဒေါ်သက်သက်ဝင်းသည်   အမာခံ ကစားသမားအများစုကို    အနား ပေးကာ      အမာခံကစားသမား အနည်းငယ်နှင့်      အရန်ကစား သမားအများစုကို   အသုံးပြုခဲ့ခြင်း ဖြစ်သည်။   မြန်မာအသင်းသည် ယခုပွဲတွင် အရေးနိမ့်ခဲ့သော်လည်း အရန်ကစားသမား   အများစုဖြင့် ကစားပြီး ကျဉ်းမြောင်းသည့်ရလဒ် ဖြင့်သာ     ရှုံးနိမ့်ခဲ့သောကြောင့် ကျေနပ်စရာဖြစ်ခဲ့သည်။

 


မြန်မာအသင်း၏     ပွဲထွက် လူစာရင်းတွင် ဖြီးဗေ (ဂိုး)၊ ဖြူဖွေး၊ မိုးပြည့်ပြည့်မောင်၊      နွယ်မိုး၊ ခင်ဌေးကြိုင်၊       နန်းချိုမွှေး၊ ခင်စန်းလွင်၊     ထက်ထက်ဝင်း၊ ဝေနှင်းဖြိုး၊      ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ဖြင့်       ပွဲထွက်ခဲ့ပြီး  အသင်းခေါင်းဆောင်  ဖြူဖြူဝင်း၊ ဆုမြတ်နိုး၊   ဝေဖူးအိမ်  စသည့် အမာခံကစားသမားများကို အနား ပေးခဲ့သည်။     ပွဲအစသုံးမိနစ်တွင် ဘရောင်းက သြစတြေးလျအတွက် ဦးဆောင်ဂိုး     သွင်းယူခဲ့သော် လည်း   မြန်မာအသင်းအနေဖြင့် ကစားကွက်ပျက်မသွားဘဲ   ချေပ ဂိုးရရှိရန်      ပြန်လည်ဖိအားပေး နိုင်ခဲ့သည်။        မြန်မာအသင်း အတွက် ချေပဂိုးကို ၂၃ မိနစ်တွင် ဇင်မိုးပြည့်က     သွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင်     တစ်ဖက် တစ်ဂိုးစီဖြင့်  သရေကျခဲ့သည်။       ဒုတိယပိုင်းတွင်     သြစတြေးလျ အသင်းက အနိုင်ဂိုးရရှိရန် တိုက်စစ် မြှင့်လာပြီး  မြန်မာအသင်းအနေ ဖြင့်    ဂိုးမပေးရရန် အဆင့်ဆင့် ပိတ်ဆို့ကစားခဲ့သည်။ သို့သော် ၆၅ မိနစ်တွင်  သြစတြေးလျအသင်း ဒုတိယဂိုးရခဲ့ပြီး ဂရာဒီက သွင်းယူ ခဲ့သည်။

 


အုပ်စု (ခ)   ပွဲစဉ်များအပြီးတွင် သြစတြေးလျအသင်းက     သုံးပွဲ စလုံးအနိုင်ရကာ    ရမှတ်ကိုးမှတ် ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက နှစ်ပွဲနိုင်၊  တစ်ပွဲရှုံး   ရမှတ်ခြောက် မှတ်ဖြင့်      အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်သွားပြီး သုံးမှတ်ရရှိသည့် မလေးရှားအသင်း နှင့်  သုံးပွဲစလုံး   အရေးနိမ့်ခဲ့သည့် ဖိလစ်ပိုင်အသင်းတို့မှာ     အုပ်စု အဆင့်မှ  ထွက်ခဲ့ရသည်။   အုပ်စု (က) နောက်ဆုံးနေ့ကို ဇူလိုင် ၃၀ ရက် (ယနေ့)  ဆက်လက်ကျင်းပ မည်ဖြစ်ပြီး  ဗီယက်နမ်နှင့်  ထိုင်း အသင်းမှာ    ရမှတ်ကိုးမှတ်စီဖြင့် ဆီမီးဖိုင်နယ်  တက်ရောက်ထားပြီး ဖြစ်သည်။ သို့သော် နှစ်သင်းထိပ် တိုက်တွေ့ဆုံမှုပြီးဆုံးမှသာ  အုပ်စု ပထမနေရာအတွက်    အဖြေပေါ် မည်ဖြစ်ကြောင်း သိရသည်။


      ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF