အာဆီယံ ယူ - ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ် တစ်ဂိုးစီသရေကျ

 

ရန်ကုန်    ဇူလိုင်   ၁၈


အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု   (ခ) ပထမနေ့ကို    ဇူလိုင်  ၁၈ ရက်က   အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်း သရေ ကျခဲ့သည်။


အုပ်စု(ခ)   ပထမနေ့တွင် မြန်မာနှင့်   ဗီယက်နမ်အသင်း တစ်ဂိုးစီသရေကျခဲ့ပြီး သြစတြေး လျအသင်းက လာအိုအသင်းကို ခြောက်ဂိုးပြတ်   အနိုင်ရခဲ့သည်။ မြန်မာအသင်းသည်   ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ချေပဂိုး ပြန်ပေးခဲ့ရသဖြင့်  သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။


မြန်မာအသင်းသည်  စွမ်း ထက်၊ မင်းမော်ဦး၊ ဝင်းပြည့်မောင်၊ ရှိုင်းဝဏ္ဏအောင်၊    ခန့်ဇင်ဟိန်း စသည့်    ကစားသမားများဖြင့် ပွဲထွက်လာပြီး    ပွဲစကတည်းက အပြန်အလှန်   ကစားနိုင်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်း ကတည်းက  ဂိုးရနိုင်သည့်အခွင့်အရေးများရခဲ့သော်လည်း အသုံး မချနိုင်ခဲ့ဘဲ ၅၉ မိနစ်တွင် ဂိုးစတင် ရရှိခဲ့သည်။ 

  ထောင့်ကန်ဘောမှ ပြန်လျှံကျလာသော ဘောလုံးကို ဖြိုးပြည့်စုံက   ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။    ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင်     ဗီယက်နမ် အသင်းက ချေပဂိုးရရန် ကြိုးပမ်း လာပြီး ၇၄ မိနစ်တွင် ကွမ်ယုက အဝေးကန်ချက်ဖြင့် ဂိုးပြန်သွင်း ခဲ့သည်။


မြန်မာအသင်းသည်   အုပ်စု ဒုတိယပွဲအဖြစ် ဇူလိုင် ၂၁ ရက် တွင်   လာအိုအသင်းနှင့်  ကစားရ မည်ဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ - MFF