အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့်  ဆီးဂိမ်းပြိုင်ပွဲအတွက်  မြန်မာ  ယူ-၂၂ အသင်း ဇန်နဝါရီလဆန်း  စတင်ပြင်ဆင်မည်

 

 

ရန်ကုန် နိုဝင်ဘာ  ၂၉
မြန်မာ   ယူ-၂၂   အသင်းသည် လာမည့်နှစ်တွင်  ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက်    ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက်   ဇန်နဝါရီ လဆန်းတွင်        စတင်လေ့ကျင့် ပြင်ဆင်သွားမည်ဖြစ်သည်။
မြန်မာအသင်း ယှဉ်ပြိုင်မည့် အာဆီယံ   ယူ-၂၂   ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက် အထိ          ကမ္ဘောဒီးယားနိုင်ငံ၊
(၃၁) ကြိမ်မြောက်    ဆီးဂိမ်းပြိုင်ပွဲကို    မေလလယ်တွင် ဗီယက်နမ်နိုင်ငံတို့၌  ကျင်းပသွားမည်ဖြစ်သည်။   မြန်မာ ယူ-၂၂ အသင်းသည့် ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ သုံးလဝန်းကျင်အလိုတွင် ကျင်းပသည့် ယင်းပြိုင်ပွဲ၌ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အရှေ့တောင်အာရှအသင်းအားလုံးနီးပါး ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိသဖြင့် အကျိုးရှိ မည့်  ပြိုင်ပွဲလည်းဖြစ်သည်။  မြန်မာယူ-၂၂  အသင်းသည် အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ပြီးပါက ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်မည်ဖြစ်သည်။
အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို သုံးကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပြီး ၂၀၀၅ ခုနှစ်ကကျင်းပသည့် ပထမအကြိမ်တွင် ထိုင်း အသင်း၊ ၂၀၁၉ ခုနှစ်ကကျင်းပသည့်    ဒုတိယအကြိမ်တွင် အင်ဒိုနီးရှားအသင်းတို့ ဗိုလ်စွဲထားသည်။ ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲမှာမူ  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   လာမည့်နှစ်သို့ ရွှေ့ဆိုင်းထားရခြင်း ဖြစ်သည်။                          ရဲရင့်လွင်