အာဆီယံအမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲအဖြစ် မြန်မာနှင့် ကမ္ဘောဒီးယား ယနေ့ကစားမည်

 

ရန်ကုန်    ဇူလိုင်   ၈


ဖိလစ်ပိုင်နိုင်ငံ၌   ကျင်းပလျက်ရှိသည့်  ၂၀၂၂  အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ   အုပ်စု (ခ)   တတိယနေ့ကို  ဇူလိုင်  ၉  ရက် (ယနေ့)   ဆက်လက်ကျင်းပမည်ဖြစ်ပြီး   မြန်မာအသင်းသည်  ကမ္ဘောဒီးယား အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 


အုပ်စု  (ခ) တတိယနေ့အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင်  မြန်မာနှင့်ကမ္ဘောဒီးယား၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တွင်   ဗီယက်နမ်နှင့် လာအိုအသင်းတို့  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  ဇူလိုင် ၇ ရက် ပွဲစဉ်များအပြီးတွင်   အုပ်စု(ခ)၌ လာအိုအသင်းက   နှစ်ပွဲ ကစား လေးမှတ်၊ မြန်မာနှင့် ဗီယက်နမ်အသင်းက တစ်ပွဲကစား သုံးမှတ်၊ ကမ္ဘောဒီးယားအသင်းက   နှစ်ပွဲကစား   တစ်မှတ်ရရှိထားကာ တီမော အသင်းမှာမူ  နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည်  အုပ်စုပထမပွဲတွင်   တီမောအသင်းကို  ခုနစ်ဂိုးပြတ်  အနိုင်ရထားပြီး  သုံးရက်နားပြီးနောက်  ယခုပွဲကစားရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည်   ကမ္ဘောဒီးယားအသင်းနှင့်   ယှဉ်ပြိုင်ပြီးပါက  လာအို၊ ဗီယက်နမ်တို့နှင့် ထပ်မံကစားရမည်ဖြစ်သည်။

 


မြန်မာနှင့်  ကမ္ဘောဒီးယားအမျိုးသမီး ဘောလုံးအနေအထားအရ  မြန်မာအသင်းသည်  နိုင်ပွဲထပ်မံရယူနိုင်ရန်  သေချာသလောက်ရှိနေ သည်။  ကမ္ဘော ဒီးယား အမျိုးသမီးအသင်းသည် နိုင်ငံတကာပြိုင်ပွဲများတွင်   ပြီးခဲ့သည့်   နှစ်အနည်းငယ်မှသာ စတင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အတွေ့ အကြုံပိုင်းတွင် မြန်မာအသင်းနှင့်ယှဉ်ပါက  ကွာခြားနေခြင်းဖြစ်သည်။    ကမ္ဘောဒီးယားအသင်းသည် လာအိုအသင်းနှင့် တစ်ဂိုးစီ သရေကျပြီး   ဗီယက်နမ်အသင်းကို  သုံးဂိုးပြတ်အရေးနိမ့်ထားသည်။


ရဲရင့်လွင်