အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုး ထည့်သွင်းကျင်းပမည်

 

ရန်ကုန်     ဒီဇင်ဘာ    ၂၇ 


ကမ္ဘောဒီးယားနိုင်ငံက      အိမ်ရှင်အဖြစ်     လက်ခံကျင်းပမည့်  (၁၂)   ကြိမ်မြောက်  အာဆီယံ   မသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။

 


ကမ္ဘောဒီးယားနိုင်ငံသည်  ဆီးဂိမ်းပြိုင်ပွဲကို  အိမ်ရှင်အဖြစ် ပထမဆုံး    လက်ခံကျင်းပမည်ဖြစ်ပြီး     ယင်းပြိုင်ပွဲအပြီးတွင် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ဆက်လက်ကျင်းပမည် ဖြစ်သည်။

 


 ကမ္ဘောဒီးယားအိုလံပစ်ကော်မတီသည် လာမည့်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစား နည်း ၁၄  မျိုးအနက်  ဆုတံဆိပ်ချီးမြှင့်မည့် အားကစားနည်း ၁၃   မျိုး၊  သရုပ်ပြအားကစားနည်း   တစ်မျိုး   ပါဝင်နေသည်။ (၁၂)   ကြိမ်မြောက်   အာဆီယံ   မသန်စွမ်းအားကစားပြိုင်ပွဲတွင် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန် ပစ်၊ ကြက်တောင်၊ Boccia၊ စစ်တုရင်၊ Goalball၊ ခုနစ်ယောက် ဘောလုံး၊   မျက်မမြင် ငါးယောက် ဘောလုံး၊    ဂျူဒို၊   အလေးမ၊   ရေကူး၊   စစ်တုရင်၊ ထိုင်လျက်ဘော်လီဘောနှင့် ဝှီးချဲဘတ်စကက်ဘောအားကစားနည်းတို့ကို ဆုတံဆိပ်ချီးမြှင့်မည်ဖြစ်ပြီး Esports အားကစားနည်းကိုမူ သရုပ်ပြအားကစား နည်းအဖြစ်    ထည့်သွင်းကျင်းပမည်    ဖြစ်သည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် (၃၂)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို   ၂၀၂၃  ခုနှစ်   မေ ၅ ရက်မှ  ၁၆ ရက်၊ (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကို  ၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၂၀၀၁ ခုနှစ် မှစ၍ နှစ်နှစ် တစ်ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၉ ဆီးဂိမ်း ပြိုင်ပွဲအိမ်ရှင် ဖိလစ်ပိုင်နိုင်ငံနှင့်   ၂၀၂၁ ဆီးဂိမ်း ပြိုင်ပွဲ   အိမ်ရှင်  ဗီယက်နမ်နိုင်ငံတို့မှာ   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ  ဖျက်သိမ်း ခဲ့ရပြီး (၁၁) ကြိမ်မြောက် ပြိုင်ပွဲကိုမူ အင်ဒိုနီးရှား နိုင်ငံက   ၂၀၂၂  ခုနှစ်တွင်   ပြန်လည်အစားထိုး လက်ခံကျင်းပခဲ့သည်။

 


မြန်မာမသန်စွမ်း       အားကစားအဖွဲ့သည် နောက်ဆုံးကျင်းပသည့် (၁၁)ကြိမ်မြောက်အာဆီယံ မသန်စွမ်း   အားကစားပြိုင်ပွဲတွင်   ရွှေ ၁၄ ခု၊   ငွေ ၁၂ ခု၊  ကြေး ၁၇ ခု  ဆွတ်ခူးရရှိပြီး   နိုင်ငံအလိုက် ဆုရရှိမှုတွင်  အဆင့် ၆ နေရာ  ရပ်တည်ခဲ့သည်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည်    ၂၀၂၃ ခုနှစ်တွင်  အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အပြင်    အာရှမသန်စွမ်းအားကစားပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။                      

ရဲရင့်လွင်