အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစားသည်ဟုဆိုပါလျှင် . . .

Type

 

မောင်ချမ်းအေး
=======

 

ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ဂုဏ်ပြုထားပါသည်။ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ကျင်းပလာခဲ့သည်မှာ (၇၄) ကြိမ်မြောက်ရှိခဲ့ပေပြီ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည်ကြီးများကို လေးစားဂုဏ်ပြုသည့်နေ့ထူးဖြစ်ပါသည်။ အာဇာနည်ကြီးများ၏ ပုံရိပ်လွှာနှင့် ဂုဏ်သိက္ခာ၊ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့လေးစားဂုဏ်ပြုကြခြင်း ဖြစ်ပါသည်။

 

အာဇာနည်ကြီးများ၏        ဂုဏ်သိက္ခာကား မြင့်မြတ်လွန်းသည်။   ဂုဏ်ကျေးဇူးကား    ကြီးမား လွန်းသည်။  ထုတ်ဖော်ဂုဏ်ပြု၍   မကုန်နိုင်အောင် မြင့်မြတ်ကြီးမားလွန်းပါသည်။  ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူတကွ   ကျဆုံးခဲ့ရသော   အာဇာနည်ကြီးများ သည် ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက် အောင် စွမ်းစွမ်းတမံ  ကြိုးစားအားထုတ်ကြသူများ ဖြစ်သည်။           ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး   လွတ်လပ်ရေးရရှိသည့်အခါတွင် တိုင်းတစ်ပါးသားတို့၏    သြဇာလွှမ်းမိုးမှု   အနှောင် အဖွဲ့ကင်းသော ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ထူထောင် နိုင်ရန်  ကြံစည်ကြိုးပမ်းနေကြသူများလည်း   ဖြစ်ပါ သည်။  


လွတ်လပ်ရေးရောင်နီသန်း


ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကြိုးပမ်းမှု ကြောင့် လွတ်လပ်ရေးရောင်နီသန်းနေပါပြီ။ မကြာမီ လွတ်လပ်ရေးနေ့သစ်    နိဒါန်းစရပေတော့မည်။ မကြာမီတိုင်းတစ်ပါးသား    နယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်မှ  လွတ်မြောက်ရတော့မည်ဖြစ်၍ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ  များအားလုံး ဝမ်းသာပျော်မြူးနေကြပြီ။   ဝမ်းမသာ နိုင်သူ၊ မပျော်မြူးနိုင်သူများလည်း ရှိနေပါသေးသည်။ 


ထိုသူများမှာကား           ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးကို      ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ လက်ထဲသို့ ပြန်လည်မပေးအပ်လိုဘဲ ဆက်လက်ခြယ်လှယ် စိုးမိုးအုပ်ချုပ်လိုသည့်နယ်ချဲ့ ဗြိတိသျှနှင့်   နယ်ချဲ့ဗြိတိသျှတို့အား      ဖူးဖူးမှုတ် ကိုးကွယ်ကာ   ဗြိတိသျှနယ်ချဲ့တို့အလိုကျ   ကြိုးဆွဲ ရာကပြလိုသည့်   နယ်ချဲ့ဗြိတိသျှတို့၏ လက်ပါးစေ အမျိုးသားရေး   သစ္စာဖောက်လောက်ကောင်များ ဖြစ်ပါသည်။ 


အမျိုးသားရေး   သစ္စာဖောက်လောက်ကောင် တို့ကို  နယ်ချဲ့ဗြိတိသျှတို့က သွေးထိုးမြှောက်ပင့်ပေး ကြ၏။ မြှူဆွယ်လှည့်စားဖြားယောင်းသွေးဆောင် ကြ၏။  အမျိုးသားရေး  သစ္စာဖောက်လောက်ကောင် တို့ကလည်း နယ်ချဲ့ဗြိတိသျှတို့ သွေးထိုးမြှောက်ပင့် ပေးသည့်အတိုင်း   ချိုထောင်နေကြ၏။     မြှူဆွယ် လှည့်စား   ဖြားယောင်းသွေးဆောင်သည့်အတိုင်း ချိုကြွနေကြ၏။      ဘနဖူးသိုက်တူးလိုကြသူများ ဖြစ်ပါသည်။ ပြည်ပအားကိုး ပုဆိန်ရိုးများဖြစ်ပါသည်။ အမိပြည်ထောင်စုမြန်မာနိုင်ငံတော်၏   အကျိုးကို မငဲ့ကွက်ဘဲ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ အကျိုးစီးပွားကို    လျစ်လျူရှုကာ    အမျိုးဘာသာ၊ သာသနာ၊        ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို မျက်ကွယ်ပြုထားသည့် ဘယ်သူသေသေ ငတေမာ လိုသူများဖြစ်ပါသည်။ အမိပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးနှင့်    ပြည်ထောင်စုဖွား   တိုင်းရင်းသား ညီအစ်ကို   မောင်နှမများကို     တိုင်းတစ်ပါးသား နယ်ချဲ့ဗြိတိသျှတို့၏        လက်အောက်ခံကျွန်ဘဝမှ လွတ်မြောက်အောင်        ကယ်တင်ရမည့်အစား ကျွန်ဘဝမှ ရုန်းမထွက်နိုင်အောင် တွန်းပို့လိုသူများ ဖြစ်ပါသည်။ 
အခါသင့်အခွင့်ကောင်းကို စောင့်လင့်
အနှီသခင်စိတ်ပျောက်၍ ကျွန်စိတ်ပေါက်နေ ကြသော အမျိုးသားရေး  သစ္စာဖောက်လောက်ကောင် များသည်  နယ်ချဲ့ဗြိတိသျှတို့က   ပေးလာအံ့သော ရာထူးဌာနန္တရများကို    ဖြတ်လမ်းမှ    ရယူနိုင်ရန် ကြံစည်စိတ်ကူးနေကြသည်။ အခါသင့်အခွင့်ကောင်း ကို  စောင့်လင့်နေကြသည်။   ၎င်းတို့စောင့်လင့်နေသော အခါသင့်အခွင့်သာသည့်     အချိန်ရောက်လာချေ ပြီ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့လယ်ရှိ    ဝန်ကြီးများရုံး  အစည်းအဝေး ခန်းမအတွင်း၌   ဗိုလ်ချုပ်အောင်ဆန်း ပါဝင်သော ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေသောအချိန် ဖြစ်ပါသည်။ 


နယ်ချဲ့လက်ပါးစေ အမျိုးသားရေးသစ္စာဖောက် များသည်  ဘရင်ဂန်းသေနတ်များကို ကိုင်ဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်းတို့  အစည်းအဝေးပြုလုပ်နေ သော   အစည်းအဝေးခန်းမအတွင်းသို့     အတင်း ပြေးဝင်လာပြီး  အတင်းပစ်ခတ်ကာ    လုပ်ကြံလေ တော့၏။ အနှီမသမာသူလူတစ်စု၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်      ဝန်ကြီးများ ဖြစ်ကြသည့် ဦးဘချို၊ မန်းဘခိုင်၊ ဦးဘဝင်း၊ သခင်မြ၊ ဦးရာဇတ်၊ စဝ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့  ဆုံးရှုံးခဲ့ရပါသည်။ ဘယ်သော အခါမျှ     မေ့မရနိုင်သော    ရင်နင့်ကြေကွဲရသည့် အဖြစ်ဆိုးဖြစ်ပါသည်။ 


ယခုအခါတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲတစေ အောက်မေ့သတိရလျက် ဂုဏ်ပြုအလေးပြုကြရမည်    ဖြစ်သည့်နည်းတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို မသိကျိုးကျွန်ပြုကာ    လုပ်ကြံရက်သည့်     အမျိုး သားရေး သစ္စာဖောက် လောက်ကောင်မျိုးကဲ့သို့သော ပုဆိန်ရိုးများ၏အန္တရာယ်ကိုလည်း     အစဉ်အမြဲ သတိမူအလေးထားကြရပေမည်။  အကြောင်းမူကား အမေကျော် ဒွေးတော်လွမ်းချင်ကြသည့် အမျိုးသား ရေး    သစ္စာဖောက်လောက်ကောင်    မျိုးညစ်များ ရှိနေသောကြောင့်ဖြစ်ပါသည်။ 
သွေးထိုးမြှောက်ပင့်
ယနေ့ကာလတွင် အမျိုးသားရေးသစ္စာဖောက် လောက်ကောင်မျိုးညစ်များသည် အမိပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးနှင့်     အချုပ်အခြာ အာဏာပိုင်  နိုင်ငံသူ နိုင်ငံသား   ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဇာတိပုည ဂုဏ်မာနများ    ညှိုးမှိန်အောင် အရောင်ဆိုးပေးနေ ကြသည်။      နိုင်ငံ့ပိုင်နက်ပွန်းပဲ့အောင်တွန်းဖဲ့နေ ကြသည်။    အနှီလောက်ကောင်   မျိုးညစ်များကို ပြည်ပအသိုင်းအဝိုင်းတစ်စုက  အမြဲတစေသွေးထိုး မြှောက်ပင့်အားပေးနေကြ၏။ 


 အနှီ       ပြည်ပအသိုင်းအဝိုင်းတစ်စုသည် အချုပ်အခြာအာဏာပိုင်သည့်         ခိုင်မြဲနေသော ပြည်ထောင်စုသမ္မတ       မြန်မာနိုင်ငံတော်ကြီး ယိမ်းယိုင်အောင်နှင့်    ပဝေသဏီကတည်းက   တစု တစည်းရင်းနှီးချစ်ကြည်စွာ      အေးအတူပူအမျှ အတူတကွနေထိုင်လာကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း စည်းလုံးညီညွတ်မှုအင်အားပြိုကွဲအောင် သွေးထိုး ဖြိုခွဲနေကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီး   ယိမ်းယိုင်ကာ   ပြည်ထောင်စုအင်အား ပျက်ပြားချည့်နဲ့လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ၏  သြဇာလွှမ်းမိုးလိုသောကြောင့်   သွေးထိုးဖြိုခွဲ ပေးနေခြင်း ဖြစ်သည်။   ၎င်းတို့အလိုကျခြယ်လှယ် စိုးမိုးနိုင်မည့်    သြဇာခံနယ်ပယ်ချဲ့ထွင်နေခြင်း ဖြစ်သည်။ အသစ်ထွင် အသစ်ဆင်လာသော နယ်ချဲ့ နည်းလက်သစ်၊     နယ်ချဲ့နည်းပရိယာယ်လည်း ဖြစ်ပါသည်။  


အမျိုးသားရေးအမြင်ဖြင့် ဆင်ခြင်သတိမူ
 နယ်ချဲ့လက်သစ်၊    နယ်ချဲ့နည်းပရိယာယ်ကို အစဉ်အမြဲသတိပြုနေကြရပေမည်။      သတိမမူ ဂူမမြင်၊ သတိမူမှ မြူမြင်သည်ဟူသော ဆိုရိုးစကား အတိုင်း မြန်မာတစ်မျိုးသားလုံး၏ နှလုံးအိမ်ထဲတွင် အမျိုးသားရေးစိတ်ဓာတ်   ကိန်းအောင်းလျက် အမျိုးသားရေးအမြင်ဖြင့်   ဆင်ခြင်သတိမူနေပါက နယ်ချဲ့လက်သစ်၊        နယ်ချဲ့နည်းပရိယာယ်ကို ထင်းထင်းလင်းလင်း သိလာမြင်လာမည် ဖြစ်ပါ သည်။ 
အာဇာနည်ခေါင်းဆောင်ကြီး၊          မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး၊ မြန်မာတစ်မျိုးသားလုံး၏လမ်းပြရှေ့ဆောင်        မီးရှူးတန်ဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက           ဗြိတိသျှလက်အောက် ကျွန်ဘဝမှ  လွတ်မြောက်ရေးအတွက်  အသက်နှင့် ရင်းပြီး    ကြိုးပမ်းဆောင်ရွက်ပေးခဲ့သောကြောင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့်  လွတ်လပ်သည့် နိုင်ငံတော်အဖြစ်   ကမ္ဘာ့အလယ်တွင်   ခိုင်ခိုင်မာမာ၊ မားမားမတ်မတ်၊    ခံ့ခံ့ထည်ထည်၊      ဂုဏ်သိက္ခာ ရှိရှိ    ရပ်တည်နိုင်ခြင်းဖြစ်သည်ကို       သတိမူသင့် လှပေသည်။    ထို့အတူ     အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏         ဂုဏ်ကျေးဇူးကို အောက်မေ့ပါသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို             ကြည်ညိုလေးစားပါ သည်ဟု တတွတ်တွတ်ပြောဆိုမြည်တမ်းနေရုံနှင့် မပြီးသည်ကိုလည်း         သတိပြုနေကြရဦးမည် ဖြစ်ပါသည်။ 


အာဇာနည်ခေါင်းဆောင်ကြီး       ဗိုလ်ချုပ် အောင်ဆန်း၏ကျေးဇူးကို   အောက်မေ့ပါသည်။ အာဇာနည်ခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း ကို ကြည်ညိုလေးစားပါသည်ဟုဆိုလျှင် အာဇာနည် ခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း    လိုလား တောင့်တ ကြိုးပမ်းခဲ့ရသော အနှောင်အဖွဲ့ကင်းသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် ခိုင်ခိုင် မာမာ၊ ခံ့ခံ့ထည်ထည်၊ မားမားမတ်မတ် ဂုဏ်သိက္ခာ ရှိရှိ     ရပ်တည်နိုင်ရေးနှင့်       ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအချင်းချင်း ချစ်ကြည်စည်းလုံးညီညွတ်ရေးကို       ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။          သို့မှသာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို   ကျေးဇူးဆပ်ခြင်း၊      ကြည်ညိုလေးစားခြင်း မည်ပေမည်ဖြစ်ပါကြောင်း                   တင်ပြအပ် ပါသည်။            ။