အာကာသနည်းပညာကို မြင့်တင်ရန် အိန္ဒိယ ရူပီး ၁၀ ဘီလီယံ ရန်ပုံငွေ ထူထောင်သွားမည်

 

နယူးဒေလီ   ဇူလိုင်   ၂၅


ကြီးထွားလာသည့်ကမ္ဘာလုံးဆိုင်ရာ အာကာသ ဈေးကွက်ကို     အမြဲစောင့်ကြည့်ခြင်းဖြင့် အာကာသနည်းပညာကို မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံသည် ရူပီး ၁၀ ဘီလီယံ  သို့မဟုတ် အမေရိကန်ဒေါ်လာ  ၁၁၉ သန်းတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကို ထူထောင်သွားမည် ဟု ပြောကြားလိုက်သည်။


ဘဏ္ဍာရေးဝန်ကြီး နာမလာဆီသာရာမန်က အင်္ဂါနေ့က  ကျင်းပသော   ဘတ်ဂျက်အစည်း အဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လာမည့်   ၁၀  နှစ်အတွင်း    အိန္ဒိယနိုင်ငံ၏ အာကာသစီးပွားရေးကို     ငါးဆချဲ့ထွင်ရန် အလေးပေးထားကြောင်း   ၎င်းက   ပြောကြား ထားသည်။


အိန္ဒိယသည် ကမ္ဘာ့အာကာသစီးပွားရေး၏ နှစ်ရာခိုင်နှုန်းခန့်ရှိသည့်     နိုင်ငံ့အာကာသ လုပ်ငန်းကို   တွန်းအား‌ပေးရန်   မူဝါဒအသစ် များကို မကြာသေးမီက ချမှတ်ခဲ့သည်။


အစိုးရသည် ပုဂ္ဂလိက ကဏ္ဍကို အာကာသ လုပ်ငန်းတွင် ပါဝင်ရန် ခွင့်ပြုထားသည်။
အစိုးရသည် ဂြိုဟ်တုစနစ်များ ထုတ်လုပ် ရေးတွင်   နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များ အပြည့်အဝရရှိရန် ယခုနှစ်အစောပိုင်းက သဘောတူခဲ့သလို ဂြိုဟ်တုများ လွှတ်တင်ရေး အတွက် စည်းမျဉ်းများကိုလည်း ဖြေလျှော့ပေး ခဲ့သည်။
ယမန်နှစ်က   အိန္ဒိယနိုင်ငံသည်    လ၏ တောင်ဝင်ရိုးစွန်းအနီးတွင်      မောင်းသူမဲ့ အာကာသယာဉ်ကို  အောင်မြင်စွာဆင်းသက် နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။


ချန်ဒရာယမ်-၃ သည် လမျက်နှာပြင်ပေါ် ဆင်းသက်ခဲ့ပြီးနောက် ၎င်း၏သေးငယ်သည့် ရွေ့လျားစက်ရုပ်သည်     ပုံမှန်မဟုတ်သော ညီညာမှုမရှိသည့် မြေပြင်တွင် ထူးဆန်းအံ့သြဖွယ်စိန်ခေါ်မှုများနှင့် ပြည့်နေသည့်နေရာတစ်ခု ကို  ရှာဖွေတွေ့ရှိခဲ့သည်။   ၎င်း၏  လေဆာ ကိရိယာများသည်     ဆာလဖာပါဝင်မှုကို အတည်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၄၀ ပြည့်နှစ်တွင် လပေါ် သို့   အာကာသယာဉ်မှူးများ ကို   ထားရှိရန်     ရည်မှန်းလုပ်ဆောင်လျက် ရှိသည်။                         

အင်န်အိတ်ချ်ကေ