အာဖရိကတိုက်တွင် သင်ကြားရေးဝန်ထမ်းပြတ်လပ် ဆရာ ဆရာမ ၁၅ သန်းခန့် လိုအပ်လျက်ရှိ

အက္ကရာ   ဇူလိုင်   ၂၀
အာဖရိကတိုက်တွင် သင်ကြားရေးဝန်ထမ်း ဆရာ ဆရာမ ၁၅ သန်း    လိုအပ်ချက်နှင့်  ရင်ဆိုင်နေရ ကြောင်း အာဖရိကသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦး က ဇူလိုင် ၁၉ ရက်တွင် ပြောကြားသည်။
ပညာရေး၊  သိပ္ပံ၊  နည်းပညာနှင့်    ဆန်းသစ် တီထွင်မှုဆိုင်ရာ အာဖရိကသမဂ္ဂ၏ ကော်မရှင်နာ မိုဟာမက် ဘယ်ဟိုဆင်းက      ဂါနာနိုင်ငံမြို့တော် အက္ကရာ၌ ပြုလုပ်သည့် အာဖရိကသမဂ္ဂ၏ (၄၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင်  အာဖရိကတိုက်၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး           မျှော်မှန်းချက်များကို  ပြည့်မီအောင်   ဖြည့်ဆည်းပေးနိုင်ရေးအတွက်  ယင်းလိုအပ်ချက်က  အပျက်သဘောဆောင်သည့် သက်ရောက်မှုဖြစ်ပေါ်နေကြောင်း    မှတ်ချက်ပြု ပြောကြားခဲ့သည်။
ထို့ကြောင့် ကုလသမဂ္ဂက သတ်မှတ်ထားသော  ပညာရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်-SDGs (၂၀၃၀) ကို အောင်မြင်ရန်အတွက် ဤလိုအပ်ချက်ကို ဖြည့်ဆည်းရန်  ကော်မရှင်နာက တိုက်တွန်းလိုက်သည်။       ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်၊ ပညာရေး အခြေခံအဆောက်အအုံ များ မြှင့်တင်ရန်နှင့် SDGs များကို အချိန်မီပြည့်မီရန် အာဖရိကတွင်  ရင်းနှီးမြှုပ်နှံမှု   အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀ ခန့်  လိုအပ်ကြောင်း ကော်မရှင်နာက သုံးသပ်တင်ပြသည်။                  

ဆင်ဟွာ