
ရန်ကုန် ဩဂုတ် ၁၂
အာရှဘောလုံးအဖွဲ့ချုပ်ကကြီးမှူး၍ ထိုင်းနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Women's Club Championship 2022 (EAST) အာရှအမျိုးသမီး ကလပ်အသင်း များ (အရှေ့ပိုင်းဇုန်) အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည်ဖြစ် သည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ISPE FC အမျိုးသမီးဘောလုံးအသင်း အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ အုပ်ချုပ်သူ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်၊ နည်းပြချုပ် အားကစားနှင့် ကာယပညာ သိပ္ပံ (မန္တလေး) အားကစားမှူး ဒေါ်နုနုခိုင်ဝင်း၊ ဂိုးနည်းပြ အားကစားနှင့် ကာယပညာဦးစီး ဌာန အားကစားမှူး (အား/ပညာ) ဒေါ်ဇာဇာမြင့် အပါအဝင် အဖွဲ့ဝင်ခုနစ်ဦးနှင့် အားကစား သမား၂၃ ဦးတို့သည် ယနေ့ညနေ ၅ နာရီခွဲက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေး မှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန် ရှိသူများက ပို့ဆောင်ကြသည်။
ISPE FC မြန်မာအမျိုးသမီးဘောလုံး အသင်းသည် ဩဂုတ် ၁၅ ရက် ညနေ ၆ နာရီတွင် Taichung Blue Whale FC(TPE) အသင်းနှင့်လည်းကောင်း၊ ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီတွင် Champion of 2022 Season (THA) အသင်းနှင့်လည်းကောင်း ချောင်ဘူရီအားကစားကွင်း၌ ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး