အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှ‌ ရွှေနှစ်ခု၊ ငွေတစ်ခု ဆွတ်ခူးရရှိထား

 

ရန်ကုန်    သြဂုတ်    ၁၀
အင်ဒိုနီးရှားနိုင်ငံ  ဘာတန်ကျွန်းတွင် သြဂုတ် ၆ ရက်မှ ၁၂ ရက်အထိ  (၅၆) ကြိမ် မြောက်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို သြဂုတ် ၁၀ ရက်  ကကျင်းပလျက်ရှိရာ   မြန်မာအားကစားသမားများ‌  ရွှေနှစ်ခု၊  ငွေတံဆိပ်တစ်ခု  ဆွတ်ခူးရရှိထားကြောင်း သိရသည်။          
ပြိုင်ပွဲတွင် ကာယဗလ ၇၅ ကီလိုတန်းပြိုင်ပွဲ၌  မြန်မာနိုင်ငံမှ  ရဲထွန်းနောင် က  ပထမ(ရွှေတံဆိပ်)၊  အိန္ဒိယနိုင်ငံမှ  ဒုတိယ(ငွေတံဆိပ်)၊   မလေးရှားနိုင်ငံမှတတိယ(ကြေးတံဆိပ်)ဆုကို  လည်းကောင်း၊   Women's Model Physique up to 160 cm ပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ   နီနီအောင်က ပထမ(ရွှေတံဆိပ်)၊ တရုတ်(မကာအို)နိုင်ငံက  ဒုတိယ(ငွေတံဆိပ်)နှင့် ထိုင်းနိုင်ငံက တတိယ(ကြေးတံဆိပ်)ဆုကို လည်း‌ကောင်း၊Women's  Athletic Physique up to 165 cm ပြိုင်ပွဲတွင် မသဲဝါဒုတိယ(ငွေတံဆိပ်)ဆုအသီးသီးရရှိခဲ့ကြသည်။
ထို့အပြင်   ကာယဗလ ၈၅  ကီလိုတန်းပြိုင်ပွဲတွင်   မြန်မာနိုင်ငံမှ ဟိန်းထက်ကျော်နှင့် Men's Sports Physique up to 170 cm ပြိုင်ပွဲတွင်  သန်းထိုက်ဦးတို့က ပဉ္စမရရှိခဲ့ပြီးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။                       

တင်စိုး(မြန်မာ့အလင်း)