အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်း ငွေ ကိုးခု၊ ကြေး သုံးခုနှင့် ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲတွင် ငွေ နှစ်ခု၊ ကြေး နှစ်ခုရရှိ

 

ရန်ကုန်    နိုဝင်ဘာ    ၂၉ 


မြန်မာလှေလှော်အားကစားအဖွဲ့သည် ထိုင်းနိုင်ငံ  ပတ္တရားမြို့၌   နိုဝင်ဘာ ၁၆ ရက်မှ  ၂၂ ရက်အထိ   ကျင်းပပြုလုပ်ခဲ့သည့်  (၁၄)  ကြိမ်မြောက်   အာရှနဂါး လှေလှော်ပြိုင်ပွဲ   (14th ASIAN Dragon Boat Cham-pionship)  ပြိုင်ပွဲတွင်   ငွေကိုးခု၊  ကြေး  သုံးခုနှင့် နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ  ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းရိုးရာလှေလှော်  (Thailand  Traditional Boat and  International  Swan  Boat  Race  2022 ) ပြိုင်ပွဲတွင်  ငွေ နှစ်ခု၊  ကြေး နှစ်ခုဖြင့်  ပွဲစဉ် ၁၇ ပွဲ တွင် ၁၆ ပွဲ အနိုင်ရရှိ၍ စုစုပေါင်း ငွေ ၁၁ ခု၊ ကြေး ငါးခုဖြင့်  နိုင်ငံအလိုက်  အဆင့်  (၄)  ရရှိခဲ့‌ကြောင်း သိရသည်။ 

 


အဆိုပါ    ပြိုင်ပွဲတွင်    အိမ်ရှင်   ထိုင်းအသင်း၊ သြစတြေးလျအသင်း၊      ကမ္ဘောဒီးယားအသင်း၊ တရုတ် (တိုင်ပေ) အသင်း၊ ဟောင်ကောင်အသင်း၊   တရုတ်အသင်း၊   အိန္ဒိယအသင်း၊  အင်ဒိုနီးရှားအသင်း၊   မလေးရှားအသင်း၊  မြန်မာအသင်း၊  နီပေါအသင်း၊  စင်ကာပူအသင်း စုစုပေါင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင် ကြပြီး  Thailand  Traditional Boat and Interna-tional  Swan Boat Race 2022  ပြိုင်ပွဲတွင် ဖိလစ်ပိုင် အသင်းနှင့် လာအိုအသင်း ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံ အလိုက်  အင်ဒိုနီးရှားအသင်းက ပထမ၊ ထိုင်းအသင်း က ဒုတိယ၊ တရုတ်အသင်းက တတိယနှင့် မြန်မာ အသင်းက စတုတ္ထ ရရှိခဲ့သည်။

 


အဆိုပါ မြန်မာအားကစားအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် ညပိုင်းက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်   ကာယပညာကော်မတီ  ဥက္ကဋ္ဌ   ဦးဌေးအောင်၊ အားကစားနှင့်   ကာယပညာဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဦး၊  ရန်ကုန်တိုင်း ဒေသကြီး   အားကစားနှင့်  ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး   ဦးအောင်မိုးနှင့်    မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ   တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။                            

အာကာစိုး