အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအသင်း လာမည့်ရက်ပိုင်းအတွင်း စတင်လေ့ကျင့်မည်

 

ရန်ကုန်   နိုဝင်ဘာ  ၄


မြန်မာ့လက်ရွေးစင်  အမျိုးသမီး ဘောလုံးအသင်းသည်  ၂၀၂၂  အာရှဖလား     အမျိုးသမီးပြိုင်ပွဲ    နောက်ဆုံးအဆင့်         အတွက် လာမည့် ရက်ပိုင်းအတွင်း စတင် လေ့ကျင့် ပြင်ဆင်မည်ဖြစ်သည်။

 


 မြန်မာအမျိုးသမီးအသင်း သည် ခြေစစ်ပွဲယှဉ်ပြိုင်ကစားခဲ့ သည့်          ကစားသမားများကို အခြေခံကာ ပဏာမကစားသမား ၂၅ ဦးဖြင့်   စတင်ပြင်ဆင်မည် ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ လုံလောက် သည့်      ပြင်ဆင်မှုများရရှိရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

 


ယင်းအသင်းကို  နည်းပြချုပ် အဖြစ်   ဦးတင်မြင့်အောင်က ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး အုပ်စုကျပ်အတွင်း ကျရောက်နေ သဖြင့်       ခြေစစ်ပွဲမတိုင်မီထက်  လုံလောက်သည့် ပြင်ဆင်မှုများ ရရှိရန် ဆောင်ရွက်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၂  အာရှ ဖလား           အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်   ပွဲစဉ်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၂၀  ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပ မည်ဖြစ်ကာ    မြန်မာအမျိုးသမီး အသင်းသည်  နောက်ဆုံးအဆင့် ပြိုင်ပွဲ အုပ်စုမဲခွဲမှုအရ အုပ်စု (C) တွင်  လက်ရှိချန်ပီယံ   ဂျပန်၊ တောင်ကိုရီးယား၊    ဗီယက်နမ် အသင်းတို့နှင့်  ကျရောက်နေပြီး ကွာတားဖိုင်နယ်တက်ရောက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

 


အခြားအုပ်စုတွင် အုပ်စု (A) ၌ အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ် (တိုင်ပေ)၊ အီရန်၊ အုပ်စု (B) ၌ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့      ပါဝင်နေသည်။

 


မြန်မာအသင်းသည် ခြေစစ်ပွဲ တွင်   လက်ဘနွန်၊   ယူအေအီး၊ ဂူအမ်အသင်းတို့နှင့်   တစ်အုပ်စု တည်းကျရောက်ခဲ့ပြီး   သုံးပွဲစလုံး အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင် ခဲ့ခြင်းဖြစ်သည်။          

ရဲရင့်လွင်