အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့် တက်ရောက်ရန် မြန်မာနှင့် အိန္ဒိယ အဆုံးအဖြတ်ကစားရမည်

 

ရန်ကုန်    ဧပြီ   ၂၇


၂၀၂၄ အာရှဖလား ယူ-၁၇ အမျိုးသမီး ခြေစစ်ပွဲ အုပ်စု (F) နောက်ဆုံးနေ့အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ဧပြီ ၂၈ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


အုပ်စု (F) တွင် သုံးသင်းပါဝင်ပြီး နိုင်ပွဲကိုယ်စီရထားသည့်      မြန်မာနှင့် အိန္ဒိယပွဲမှာ    ဒုတိယအဆင့်   ခြေစစ်ပွဲ တက်ရောက်ရေး      အဆုံးအဖြတ် ပွဲကစားရမည်ဖြစ်သည်။      မြန်မာ အသင်းနှင့်          အိန္ဒိယအသင်းသည် အိမ်ရှင်ကာဂျစ္စတန်အသင်းနှင့်    ယှဉ်ပြိုင်သည့်ပွဲ တွင် တစ်ဂိုး-ဂိုးမရှိ ရလဒ်များဖြင့် အနိုင်ရထားပြီး ရမှတ်  သုံးမှတ်စီရရှိထားရာ ယခုပွဲအနိုင်ရသည့် အသင်းမှာ နောက်တစ်ဆင့် တက်ရောက်ခွင့်ရမည် ဖြစ်သည်။ ယင်းနှစ်သင်းစလုံးမှာ ကာဂျစ္စတန်ကို တစ်ဂိုး-ဂိုးမရှိ   ရလဒ်ဖြင့်သာ   အနိုင်ရထားသဖြင့် သရေကျနေပါက ပယ်နယ်တီကန်၍ အဆုံးအဖြတ် ခံယူရမည်ဖြစ်သည်။

 


ပထမအဆင့်    ခြေစစ်ပွဲကို     အုပ်စုရှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး ဧပြီ  ၂၆ ရက် ပွဲစဉ်များ  အပြီးထိ ဒုတိယအဆင့်ခြေစစ်ပွဲ    တက်ရောက်ခွင့်ရသည့် အသင်းနှစ်သင်းသာ  ထွက်ပေါ်သေးသည်။ အုပ်စု  (C) နှင့် (G) ပွဲစဉ်များ ကျင်းပပြီးစီးထားပြီး အုပ်စု  (C)   တွင်   ဗီယက်နမ်အသင်း၊  အုပ်စု  (G)  တွင် ဖိလစ်ပိုင်အသင်းတို့    အုပ်စုပထမရရှိကာ    ဒုတိယ အဆင့်ခြေစစ်ပွဲ     တက်ရောက်ထားပြီးဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲတွင်  အုပ်စု  ရှစ်ခုမှ  ပထမ နေရာရ ရှစ်သင်းမှာ ဒုတိယအဆင့် တက်ရောက် ခွင့်ရမည်ဖြစ်ပြီး    ဒုတိယအဆင့်     ခြေစစ်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။

 

ရဲရင့်လွင်