အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်

 

ရန်ကုန်   ဧပြီ   ၁၄
မြန်မာ   ယူ-၁၇   အမျိုးသမီး လက်ရွေးစင်အသင်းသည်   ဧပြီ နောက်ဆုံးပတ်တွင်    ယှဉ်ပြိုင် ရမည့် ၂၀၂၄ အာရှဖလား ယူ-၁၇ အမျိုးသမီး      ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ   ပြုလုပ် လျက်ရှိသည်။
မြန်မာ   ယူ-၁၇  အမျိုးသမီး လက်ရွေးစင်အသင်းကို နည်းပြ ချုပ်အဖြစ်         ဦးသန်းဝေက ကိုင်တွယ်လျက်ရှိပြီး     ပဏာမ ကစားသမား ၂၇ ဦးဖြင့် အပြီးသတ် ပြင်ဆင်မှုများ     ပြုလုပ်လျက် ရှိသည်။ မြန်မာ ယူ-၁၇ အမျိုး သမီးအသင်းသည်   ဖေဖော်ဝါရီ နောက်ဆုံးပတ်ကတည်းက စတင် ပြင်ဆင်ခဲ့ပြီး    နည်းပြချုပ်အဖြစ် ဦးသန်းဝေ၊ လက်ထောက်နည်းပြ အဖြစ် ဒေါ်သန်းသန်းထွေး၊ ဒေါ်မာ လာဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန် အေးတို့က   တာဝန်ယူလေ့ကျင့် လျက်ရှိသည်။      မြန်မာ ယူ-၁၇  အမျိုးသမီး လက်ရွေးစင်အသင်း ကို    ယခင်    ယူ - ၁၆ လက်ရွေးစင်   ကစားသမားများ၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်ပြိုင်ပွဲများမှ   ကစား သမားများဖြင့်     ပေါင်းစပ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။
မြန်မာအသင်းသည်   ၂၀၂၄ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် အုပ်စု(F)၌ အိန္ဒိယ၊ ကာဂျစ္စတန် အသင်းတို့နှင့်   တစ်အုပ်စုတည်း ကျရောက်နေပြီး   ယင်းအုပ်စုပွဲစဉ် များကို ဧပြီ ၂၄ ရက်မှ ၂၈ ရက် အထိ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပ မည်ဖြစ်သည်။   မြန်မာအသင်း သည် အုပ်စုပွဲများအဖြစ် ဧပြီ ၂၄ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဧပြီ ၂၈ ရက်တွင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်