
ရန်ကုန် စက်တင်ဘာ ၂၃
မြန်မာ ယူ-၁၆ အမျိုးသားအသင်း သည် ၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်ရန် အပြီးသတ် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးသည် ခြေစစ်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ပြီး စက်တင်ဘာ နောက် ဆုံးပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရ မည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ကာလရှည် လေ့ကျင့်ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး သြဂုတ်လတွင် ၂၀၂၂ အာဆီ ယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီး နောက် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲ အဖြစ် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်း သည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲအပြီးတွင် ဆက်လက်ပြင်ဆင်ခဲ့ပြီး ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ပြိုင်ပွဲ ဖြစ်သည့် MNL-2 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၄၄ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၁၀ ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (ဃ) တွင် ဆော်ဒီအာရေဗျ၊ မော်လ် ဒိုက်၊ အိန္ဒိယ၊ ကူဝိတ်အသင်းတို့နှင့် ပါဝင် နေပြီး ယင်းအုပ်စုပွဲစဉ်များကို ဆော်ဒီ အာရေဗျနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MNL