
ရန်ကုန် ဧပြီ ၁၉
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၄ အာရှဖလား ယူ-၁၇ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဧပြီ ၁၉ ရက် ညနေပိုင်းက ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာခဲ့ သည်။
မြန်မာလက်ရွေးစင် အမျိုး သမီး ယူ-၁၇ အသင်းတွင် အုပ်ချုပ်/နည်းပြ ရှစ်ဦး၊ ကစား သမား ၂၃ ဦး စုစုပေါင်း ၃၁ ဦး လိုက်ပါသွားသည်။ ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းတွင် အုပ်ချုပ် သူ-ဒေါ်နွယ်နီဦး၊ နည်းပြချုပ် – ဦးသန်းဝေ၊ လက်ထောက်နည်းပြ များ – ဒေါ်မာလာဝင်း၊ ဒေါ်သန်း သန်းထွေး၊ ဂိုးနည်းပြ – ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား– သူဇာအောင်၊ အိတာယာ၊ ပန်းနု ဝေ၊ နောက်တန်း – ယုယုနိုင်၊ မင်းမင်းနု၊ သဲအိလှိုင်၊ ယမင်းဖြူ၊ အလယ်တန်း – ကေသွယ်ဖြိုးဦး၊ မြတ်နိုးအောင်၊ ငြိမ်းငြိမ်းဖြိုး၊ ဝင်းစန္ဒာ၊ နှင်းဝေနှင်း၊ ခင်ဖုန်း၊ ဟန်နီမိုးလွင်၊ သွန်းဝတီ၊ ရှေ့တန်း– ဇခါရိုရ်စီ၊ ယုယနိုင်၊ သင်ဇာလင်း၊ နှင်းလတ်လတ်လှိုင်၊ ပန်းအိနွယ်၊ အကူးမွန်းရမ်၊ စုစုခင်နှင့် ရွှေပုံချစ် (YREO) တို့ ပါဝင်ကြသည်။
မြန်မာ ယူ-၁၇ အမျိုးသမီး အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု(F)၌ ကျရောက်နေပြီး ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ ၌ ဧပြီ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာ အသင်းသည် အိမ်ရှင် ကာဂျစ္စတန်၊ အိန္ဒိယအသင်းတို့နှင့် ကျရောက် နေပြီး အုပ်စုပွဲများအဖြစ် ဧပြီ ၂၄ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ကာဂျစ္စတန်အသင်း၊ ဧပြီ ၂၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အိန္ဒိယအသင်း တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF