အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်

 

ရန်ကုန်   စက်တင်ဘာ   ၁


စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပ မည့် ၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် မြန်မာ    ယူ-၁၉  အသင်းသည်   အပြီးသတ် ပြင်ဆင်မှုများ    ပြုလုပ်လျက်ရှိပြီး  ပဏာမ ကစားသမား ၃၅  ဦးဖြင့်    လေ့ကျင့်လျက်ရှိ သည်။

 


မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ဧပြီလကတည်းက တောက်လျှောက်လေ့ကျင့် နေခြင်းဖြစ်ပြီး  အာဆီယံ  ယူ-၁၉   ပြိုင်ပွဲနှင့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲပြီးနောက် တတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှ ဖလား ယူ-၂၀ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ      ယှဉ်ပြိုင်ခဲ့သည့်    ဗီယက်နမ်  ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင်  ပဏာမကစား သမားများ   ထပ်မံဖြည့်တင်းကာ    စုစုပေါင်း  ၃၅ ဦးဖြင့်      လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ် သည်။ 

 


 မြန်မာအသင်းသည်   ခြေစစ်ပွဲတွင် အုပ်စု (က) ၌ ဆော်ဒီအာရေဗျ၊  ဥဇဘတ်ကစ္စတန်၊ တရုတ်၊  မော်လ်ဒိုက်အသင်းတို့နှင့် ကျရောက် နေပြီး ယင်းအုပ်စုပွဲစဉ်များကို ဆော်ဒီအာရေဗျ နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။  


ရဲရင့်လွင်