
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ဒုတိယနေ့ကို အောက်တို ဘာ ၃၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းပွဲကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။
အုပ်စု (I) ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပနေခြင်းဖြစ်ပြီး ဗီယက်နမ်၊ မြန်မာနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်နေသည်။ အောက်တိုဘာ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပထမပွဲတွင် ဗီယက် နမ်အသင်းက တရုတ်(တိုင်ပေ)အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ခဲ့သဖြင့် ယခုပွဲမှာ မြန်မာအတွက်ရော တရုတ်(တိုင်ပေ) အတွက်ပါ အရေးပါသည့် ပွဲဖြစ်နေသည်။ မြန်မာအသင်းအနေဖြင့် အဖွင့်ပွဲ တွင် ရလဒ်ကောင်းရန် လိုအပ် သလို အဖွင့်ပွဲတွင် အရေးနိမ့်ထား သည့် တရုတ်(တိုင်ပေ) အသင်း အတွက်လည်း ခြေစစ်ပွဲအောင်မြင် ရေး လက်ကျန်မျှော်လင့်ချက် အတွက် ယခုပွဲမှာ အဆုံးအဖြတ် ဖြစ်နေသည်။ မြန်မာအသင်းသည် တရုတ်(တိုင်ပေ)အသင်းကို အနိုင် ရထားမှသာ ခြေစစ်ပွဲအောင်မြင် ရန် ဆက်လက်မျှော်လင့်နိုင် မည်ဖြစ်ရာ အရေးပါလျက်ရှိပြီး အမှားအယွင်းမရှိစေရန် ကြိုးပမ်း ရမည်ဖြစ်သည်။ မြန်မာအသင်းနှင့် တရုတ်(တိုင်ပေ) အသင်းသည် ၂၀၁၆ ခြေစစ်ပွဲတွင်လည်း တွေ့ဆုံ ခဲ့ဖူးပြီး မြန်မာအသင်းက သုံးဂိုး ပြတ်အနိုင်ရထားသည်။ လက်ရှိ ကျင်းပနေသည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အသင်းပေါင်း ၃၈ သင်း ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပြီး အုပ်စု ၁၁ ခုခွဲ၍ ကျင်းပလျက် ရှိသည်။ အုပ်စုတစ်ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရ အသင်း များအနက် အကောင်းဆုံး လေး သင်း စုစုပေါင်း ၁၅ သင်း မှာ ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
မြန်မာအသင်းသည် ယခု ခြေစစ်ပွဲအတွက် စက်တင်ဘာ လဆန်းပိုင်း ကတည်းက ပြင်ဆင် ခဲ့ပြီး ခြေစစ်ပွဲအကြိုပြင်ဆင်မှု အဖြစ် အောက်တိုဘာ ၂၄ ရက်က ယူအေအီး ကလပ်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ နှစ်ဂိုးစီသရေ ကျခဲ့သည်။
ရဲရင့်လွင်