အဲဗာတန်ကို အက်စ်တွန်ဗီလာအသင်း အနိုင်ယူ မန်ယူတို့ ရက်ရှ်ဖို့ဒ်၏ သွင်းဂိုးဖြင့် ဝက်စ်ဟမ်းကို အနိုင်ရ

 

ပရီမီယာလိဂ်   ပွဲစဉ် (၂၃)မှ အစောဆုံးပွဲစဉ်အဖြစ်  အဲဗာတန်အသင်း နှင့်  အက်စ်တွန်ဗီလာအသင်းတို့ ပွဲစဉ်ကို   ဇန်နဝါရီ  ၂၂  ရက်   ညပိုင်း က   ဂွတ်ဒီဆင်ပတ်ခ်ကွင်း၌  ယှဉ်ပြိုင်ကစားခဲ့ရာ  အက်စ်တွန်ဗီလာ အသင်းက ဘွန်ဒီယာ၏   တစ်လုံးတည်းသော   သွင်းဂိုးဖြင့်   အဲဗာတန် အသင်းကို အနိုင်ရရှိခဲ့သည်။  
အက်စ်တွန်ဗီလာက အဲဗာတန်ထက် ပိုမိုကောင်းမွန်သည့် ကစား ဟန်ကို ပြသနိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန် ပြီးခါနီးတွင် ဒဂ်နီ၏ ထောင့်ကန် ဘော မှတစ်ဆင့်  ဘွန်ဒီယာက  ခေါင်းတိုက်သွင်းယူခဲ့သည်။

 


ဒုတိယပိုင်းတွင် အဲဗာတန်အသင်းကစားအား ကောင်းမွန်လာကာ အက်စ်တွန်ဗီလာအသင်းကို      ဖိအားပေး    ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်ပြုလုပ်လာနိုင်ခဲ့သည်။ သို့သော်လည်း အက်စ်တွန်ဗီလာ အသင်း  ခံစစ်နှင့် ဂိုးသမားတို့ ကာကွယ်ထားနိုင်မှုကြောင့် လိုအပ်နေ သည့်    ဂိုးများနှင့်   ဝေးကွာခဲ့ရသည်။    ထို့နောက်တွင်   နှစ်သင်းစလုံး လူစားလဲမှုပြုလုပ်လာသော်လည်း     ပွဲချိန်ပြည့်သည်အထိ   ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း    မရှိသောကြောင့်    အက်စ်တွန်ဗီလာအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 
မန်ယူနှင့် ဝက်စ်ဟမ်းတို့ပွဲကို ည ၉ နာရီခွဲတွင် ဆက်လက်ယှဉ်ပြိုင် ကစားရာ ပွဲပြီးခါနီး ရက်ရှ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူတို့ အနိုင်ရရှိခဲ့သည်။

 


ယခုပွဲတွင် နှစ်သင်းစလုံး အနိုင်ရရှိရေး အပြန်အလှန်ထိုးဖောက် ကစားခဲ့ကြပြီး ပထမပိုင်းတွင် ဂိုးမရှိသရေဖြစ်ခဲ့သည်။ ဒုတိယပိုင်းတွင် လည်း ဝက်စ်ဟမ်းအသင်း၏ ဂိုးကန်သွင်းချက်များကို မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြကာကွယ်ခဲ့သည်။ ဒုတိယပိုင်းပြီးခါနီးတွင် မန်ယူ တို့ တိုက်စစ်မြှင့်သည့်အနေဖြင့် ကာဗာနီနှင့် မာရှယ်တို့ကို လူစားသွင်း ခဲ့ပြီး  ဝက်စ်ဟမ်းကစားသမား   နောက်ပြန်ပေးမှုအမှားမှ  မန်ယူ တိုက်စစ်မှူး ကာဗာနီ ဘောလုံးပေးပို့မှုမှတစ်ဆင့် ရက်ရှ်ဖို့ဒ်က အပိုင် ပိတ်သွင်းကာ အနိုင်ဂိုးရရှိခဲ့သည်။ မန်ယူတို့  ၂၂ ပွဲကစား ၃၈ မှတ် ရရှိကာ ဝက်စ်ဟမ်းက ၂၃ ပွဲကစား ၃၇ မှတ် ရရှိထားသည်။
အခြားပွဲစဉ်တွင် လိဒ်အိမ်ကွင်း၌ နယူးကာဆယ်က တစ်ဂိုး - ဂိုးမရှိ ဖြင့် အနိုင်ရသည်။                                                            

 

အောင်ဇော်