အဲဗာတန်ကို အနိုင်ယူပြီး ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးလိဂ်နိုင်ပွဲ ရှာတွေ့ခဲ့သည့် လီဗာပူး

 

ပရီမီယာလိဂ်ပွဲစဉ်     (၂၃)    မှ   ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၂ နာရီ ခွဲက     အန်းဖီးလ် ကွင်း၌   ယှဉ်ပြိုင်ကစားခဲ့သည့်   လီဗာပူး နှင့်    အဲဗာတန်အသင်းတို့၏    မာဆေး ဆိုက်  ဒါဘီပွဲစဉ်တွင်  လီဗာပူးအသင်းက နှစ်ဂိုးပြတ်ဖြင့်   ၂၀၂၃    ခုနှစ်အတွင်း ပထမဆုံးအကြိမ်     ပရီမီယာလိဂ်နိုင်ပွဲကို ရှာတွေ့ခဲ့သည်။        ပွဲကြည့်ပရိသတ်           ငါးသောင်းသုံးထောင်ကျော်     လာရောက် ကြည့်ရှုသည့်    အဆိုပါပွဲစဉ်တွင်  လီဗာပူး အသင်းမှ   အဓိက  တိုက်စစ်ကစားသမား ဆာလာ   သွင်းဂိုးတစ်ဂိုး     ရယူနိုင် ခဲ့သည့်အတွက်    ပရီမီယာလိဂ် ၁၀၄ ပွဲတွင်  ဂိုးပါဝင်ပတ်သက်မှု အကြိမ်   ၁၀၀   (၇၁ ဂိုး သွင်း၊ ၂၉ ကြိမ်  ဂိုးဖန်တီး)    အထိ   ရှိလာပြီ    ဖြစ်သည်။   ဒိုက်ချီ၏   အဲဗာတန် အသင်းသည်   ယခင်   ပွဲစဉ်က ဦးဆောင်သူ  အာဆင်နယ်အသင်း ကို  အနိုင်ရရှိခဲ့သော ခြေစွမ်းမျိုး        ထပ်မံပြသနိုင်ခြင်းမရှိဘဲ  လီဗာပူး အသင်း၏    ဖိအားပေးကစားမှု အောက် ကစားပုံဟန်ချက် ပျက်ခဲ့ ပြီး    ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ 

 


လီဗာပူး     အသင်းအတွက် သွင်းဂိုးများကို ဆာလာနှင့် ဂတ်ပို တို့က    သွင်းယူပေးနိုင်ခဲ့သည်။ ပြိုင်ဘက်     အဲဗာတန်အသင်း သည်    လီဗာပူးအသင်းဘက်သို့   ဂိုးကန်သွင်းခွင့်  ခြောက်ကြိမ်သာ   ပြုလုပ်နိုင်ခဲ့ပြီး    ဂိုးပေါက်   တည့် မတ်မှု     တစ်ကြိမ်သာ       ရှိခဲ့သည်။       ထို့ကြောင့် အဲဗာတန်အသင်းသည် ပရီမီယာလိဂ်   ၂၂  ပွဲ   ကစားပြီး ရမှတ် ၁၈ မှတ်ဖြင့်   တန်းဆင်း ဇုန်အတွင်းရပ်တည်နေပြီး လီဗာပူး အသင်းက ၂၁ ပွဲ ကစားပြီး ရမှတ် ၃၂ မှတ်ဖြင့်    အဆင့် (၉) တွင် ရပ်တည်နိုင်ခဲ့သည်။  

အောင်ဇော်